And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God. And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.Revelation 15'1-2
Pages
▼
ဗျာဒိတ်အခန်းကြီး ၁
▼
▼
▼
Friday, February 1, 2019
ခရစ်တော်၏ အထိမ်းအမှတ်များ
၁။(ဘုရင်တို့ ၏ဘုရင်) ၏အချို့ သောအခြေအနေတို့ သည် အဘယ်သို့ နည်း။
ငါသည်နူးညံ့ သိမ်မွေ့  နှိမ့် ချသော စိတ်သဘောရှိ၏။ ရှင်မဿဲခရစ်ဝင် ၁၁း၂၉။
သင်တို့ ၏မျက်မှောက်၌ နှိမ့် ချခြင်း ၊မျက်ကွယ်၌ သင်တို့ အမှုကို ကိုစီရင်၍ ရဲရင့် ခြင်းရှိသောငါ ပေါလု သည်၊ခရစ်တော်၏ နူးညံ့ သိမ်မွေ့ ဖြည်းညင်းတော်မူခြင်းကိုအကြောင်းပြု၍ သင်တို့ကိုတောင်းပန်ပါ၏။
ကောရိ န္တု သြ၀ါဒစာ ဒုတိယစောင် ၁၀း၁။
၂။ကိုယ်တော်သည် အဘယ်မျှလောက် နှိမ့် ချတော်မူသနည်း။
ထိုသို့ လူ၏ဂုဏ်အဂါင်္င်္ လက္ခဏာ နှင့်ပြည့်စုံလျှက်၊အသေခံခြင်းသာမဟုတ်၊လက်ဝါးကပ်တိုင်မှာအသေခံခြင်း
တိုင်အောင် အစေကျွန်ခံ ၍ ၊ကိုယ်ကိုနှိမ့် ချတော်မူ၏။ ဖိလိပ္ပိသြ၀ါဒစာ ၂း၈။
၃ ။မြေကြီးပေါ်မှာ မှီနေစဉ်ခါ ကိုယ်တော်သည် မိမိအလုပ်၌ စိတ်နှိမ့် ချခြင်းကို ဘယ်ကဲ့ သို့ ပြသနည်း။
အဘယ်သူသည်သာ၍ ကြီးမြတ်သနည်း။စားပွဲ ၌ လျောင်းသောသူသည်ကြီးမြတ်သလော။လုပ်ကျွေး
သောသူသည်ကြီးမြတ်သလော။စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လော။သို့သော်လည်း
ငါသည်သင်တို့ တွင် လုပ်ကျွေးသောသူကဲ့ သို့ ဖြစ်၏။ ရှင်လုကာခရစ်ဝင် ၂၂း၂၇။
၎။ကိုယ်တော်သည်ဤ ကမ္ဘာ ပေါ်သို့ အဘယ့်ကြောင့်ဆင်းသက်တော်မူသနည်း။
သူတပါးအစေကိုခံခြင်းငှါ၎င်း ၊မိမိအသက်ကိုစွန့်၍ လူများကိုရွေးစေခြင်းငှါ၎င်း၊ကြွလာသည်ဖြစ်၍ ထို
နည်းတူသင်တို့ တွင် အကဲအမှူးပြုလိုသော သူကို သင်တို့ အစေခံဖြစ်စေ။သင်တို့ တွင်အထွဋ် အမြတ်လုပ်
ချင်သောသူကိုလည်း၊သင်တို့ ကျွန်ဖြစ်စေဟု မိန့် တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၂၀း၂၈။
နှိမ့်ချခြင်းမင်္ဂလာ
၅။ဘုရင်တို့ ၏ဘုရင်သည် မိမိအစေခံတို့အား အဘယ်နှိမ့်ချခြင်းအလုပ်ကို လုပ်ခဲ့ တော်မူသနည်း။စားပွဲမှ
ထ၍ ၀တ်ရုံတော်ကိုချွတ်ပြီးလျှင် ပုဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ထို့ နောက်မှရေကိုအင်တုံ၌လောင်း၍ တပည့် တော်တို့ ၏ခြေကိုဆေးပြီးမှ ခါးစည်းသောပုဝါနှင့် သုတ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၃း၎-၅။
၆။ကိုယ်တော်နှင့်ဆက်ဆံခြင်းငှါ ကိုယ်စိတ်ကိုနှိမ့်ချရမည်အကြောင်း ပေတရုအား ဘယ်ကဲ့သို့ ဆုံးမသွန်
သင်သနည်း။
ပေတရုကလည်းကိုယ်တော်သည်အကျွန်ုပ်ခြေကိုအလျှင်းဆေးတော်မမူရဟုလျှောက်၏။ယေရှုကလည်း
သင့်ကိုငါမဆေးရလျှင်သင်သည်ငါနှင့်မဆက်ဆံရဟုမိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင် ၁၃း၈။
၇။ဤနှိမ့်ချခြင်းဥပမာကိုကျွန်ုပ်တို့သည်ယုံကြည်ဖို့ သာမဟုတ်ပြုလုပ်ဖို့ လဲဖြစ်သလော။
ငါသည်သခင်ဖြစ်လျှက်၊အရှင်ဘုရားလည်းဖြစ်လျှက်နှင့်သင်တို့၏ခြေကိုဆေးလျှင်သင်တို့သည်အချင်းချင်းတို့၏
ခြေကိုဆေးကြရမည်။ ရှင်ယောဟန်ခရစ်ဝင် ၁၃း၁၄။
၈။ကျွန်ုပ်တို့ပြုလုပ်ဖို့ရန်၊ဤနှိမ့်ချခြင်းဖြင့် ခရစ်တော်သည်ပုံသက်သေပေးသလော။
ငါသည်သင်တို့၌ပြုသကဲ့သို့သင်တို့သည်ပြုစေခြင်းငှါပုံသက်သေကိုပြခဲ့ပြီ။ရှင်ယောဟန်ခရစ်ဝင် ၁၃း၁၅။
၉။ဤမျှလောက်နှိမ့်ချခြင်းသည် ကိုယ်တော်၏ ကျွန်တော်များနှင့်တော်သင့်သလော။
ငါအမှန်ကန်ဆိုသည်ကား၊ကျွန်သည်သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်၊တမန်သည်လည်းစေလွှတ်သော
သူထက်သာ၍ကြီးမြတ်သည်မဟုတ်။ ရှင်ယောဟန်ခရစ်ဝင် ၁၃း၁၆။
၁၀။ဤကဲ့သိုပြုကြလျှင် ၀မ်းနဲခြင်းဖြစ်မည်လော။
ဤအရာများကိုသင်တို့ သိ၍သိသည့်အတိုင်းကျင့်လျှင်မင်္ဂလာရှိကြ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၃း၁၇။
ပွဲတော်မင်္ဂလာ
၁၁။အပ်နှံခြင်းခံမည့်ညတွင် ကိုယ်တော်သည်မည်ကဲ့သို့စီရင်ထုံးဖွဲသောမင်္ဂလာများထားခဲ့သနည်း။
အကြောင်းမူကားသင်တို့၌ငါအပ်ပေးသောအရာကိုသခင်ဘုရားထံ၌ငါခံရပြီ။ခံရသောအရာဟူမူကား၊သခင်
ယေရှုသည်ရန်သူလက်သို့အပ်နှံခြင်းကိုခံရသောနေ့ ညမှာမုန့် ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမု့်ကိုဖဲ့၍၊
ဤမုန့်ကားသင်တို့အဖို့အလို့ငှါချိုးဖဲ့သောငါ၏ကိုယ်ဖြစ်၏။ယူ၍စားကြလော့။ငါ့ကိုအောက်မေ့ဖို့ရာ၊ဤသို့ပြု
ကြလော့ဟုမိန့်တော်မူ၏။ထိုနည်းတူညစာစားပြီးမှခွက်ကိုယူ၍၊ဤခွက်ကားငါ၏အသွေး၌တည်သောပဋိညာဉ်
တရားသစ်ဖြစ်၏။ဤခွက်ကိုသောက်သောအခါခါ၊ငါ့ကိုအောက်မေ့ဖို့ရာသောက်ကြလော့ဟုမိန့်တော်မူ၏။
ကောရိ န္တုသြ၀ါဒစာပဌမစောင်၁၁း၂၃-၂၅။
၁၂။မုန့်နှင့်စပျစ်ရည်တို့သည်အထိမ်းအမှတ်များကဲ့သို့ ခံယူအပ်ကြသလော။
ငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလော။ ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၁း၂၄။
ငါ့ကိုအောက်မေ့ဖို့ရာသောက်ကြလော့။-ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၁း၂၅။
၁၃။မုန့်နှင့်စပျစ်ရည်တို့သည် အဘယ်အရာကိုအထိမ်းအမှတ်ဖြစ်စေခဲ့သနည်း။
အကြောင်းမူကား၊သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ကိုသောက်သောအခါခါ၊သခင်ဘုရားအသေခံတော်မူ
ခြင်းကိုကြွလာတော်မမူမှီတိုင်အောင်ပြုကြ၏။ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၁း၂၆။
၁၄။ဤပွဲတော်မင်္ဂလာသည်အဘယ်ကာလတိုင်အောင်ပြုရမည်နည်း။
သခင်ဘုရားအသေခံတော်မူခြင်းကိုကြွလာတော်မမူမှီတိုင်အောင်ပြုကြ၏။
ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၁း၂၆။
၁၅။မထိုက်မတန်စားသောက်သောသူသည်ဘယ်အရာကိုပြစ်မှားရာရောက်သနည်း။
ထို့ကြောင့်သခင်ဘုရား၏မုန့်နှင်ခွက်ကိုမထိုက်မတန်ဘဲစားသောက်သောသူမည်သည်ကား၊ဘုရားသခင်၏
ကိုယ်တော်နှင့်အသွေးတော်ကိုပြစ်မှားရာရောက်၏။ ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၁း၂၇။
၁၆။အဘယ်သို့မထိုက်မတန်ပြုသနည်း။
အကြောင်းမူကား၊မထိုက်မတ်ဘဲစားသောက်သောသူသည်သခင်ဘုရား၏ကိုယ်တော်ကိုပိုင်းခြး၍မသိသော
ကြောင့်၊မိမိအပေါ်သို့အပြစ်ရောက်စေခြင်းငှါစားသောက်သောသူဖြစ်သည်။ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၁း၂၉။
၁၇။အပြစ်မရောက်စေခြင်းငှါ လူသည်အဘယ်သူကိုစစ်ကြောရမည်နည်း။
သို့ဖြစ်၍လူတိုင်းကိုယ်ကိုစစ်ကြောပြီးမှမုန့် ကိုစားစေ။ထိုနည်းတူခွက်ကိုလဲသောက်စေ။
ကောရိ န္တုသြ၀ါဒပဌမစောင် ၁၁း၂၈။
စစ်ကြောစီရင်တော်မူခြင်းကိုခံကြရသောအခါ၊လောကီသားတို့နှင်အတူ အပြစ်စ်ီရင်ခြင်းနှင့်ကင်းလွှတ်မည်
အကြောင်းဆုံးမတော်မူခြင်းကိုခံရကြ၏။ ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၁း၃၂။
