And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God. And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.Revelation 15'1-2
Pages
▼
ဗျာဒိတ်အခန်းကြီး ၁
▼
▼
▼
Friday, February 1, 2019
၁။ဘုရားသခင်၏မူလနဂို အဘယ်သို့နည်း။
၁။ဘုရားသခင်၏မူလနဂို အဘယ်သို့နည်း။
ဘုရားသခင်သည်ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့သည်သိ၍ယုံကြည်ကြ၏။ဘုရားသခင်သည်
ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ချစ်ခြင်းမေတ္တာ၌ တည်သောသူသည်ဘုရားသခင်၌တည်၏။ဘုရားသခင်
သည်လည်းထိုသူ၌တည်တော်မူ၏။ ရှင်ယောဟန်သြ၀ါဒစာပဌမစောင်၎း၁၆။
၂။ကျွန်ုပ်တို့ကိုချစ်တော်မူသလော။
ထာဝရဘုရားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကား၊အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏
ထို့ကြောင့်ဂရုဏာကျေးဇူးကိုသင်၌ကြာမြင့်စွာပြ၏။ယေရမိအနာဂတ္တိကျမ်း၃၁း၃။
၃။ချစ်ခြင်းမေတ္တာတော်သည် ဘယ်မျှလောက်အားကြီးသနည်း။
မိန်းမသည်မိမိဘွားသောသားကိုမသနားသည့် တိုင်အောင်၊မိမိနို့ စို့ သူငယ်ကိုမေ့လျှော့နိုင်သလော။အကယ်
၍မေ့လျှော့သော်လည်း၊သင်တို့ ကိုငါမမေ့လျှော့။ငါသည်ကိုယ်လက်ဝါး၌သင့်ကိုစာထိုးပြီ။သင်၏မြို့ရိုသည်ငါ့
ရှေ့မှာအစဉ်ရှိ၏။ ဟေရှာယအနာဂတ္တိကျမ်း ၄၉း၁၅-၁၆။
၎။ဖြောင့်မတ်သောသူကိုသာချစ်တော်မူသလော။
ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ဘုရားသခင်
သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏ ။ရောမသြ၀ါဒ
စာစောင် ၅း၈။
သို့သော်လည်းကရုဏာတော်နှင့်ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသောမဟာ
မေတ္တာတော်အားဖြင့်၊ဒုစရိုက်အပြစ်၌သေလျှက်ရှိသောငါတို့ကိုခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။
ဧဖက်သြ၀ါဒစာ ၂း၎-၅။
ထာဝရဘုရားမိန့်တော်မူသည်ကား၊လာကြတရားစီရင်ကြကုန်အံ့။သင်တ်ု့အပြစ်သည်နီသောအဆင်းရှိသော်
လည်း၊မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ကတ္တီပါနီနှင့်အမျှ နီသော်လည်းသိုးမွှေးကဲ့သို့ဖြစ်လိမ့်မည် ။ဟေရှာယ
အနာဂတ္တိကျမ်း ၁း၁၈။
၅။ဘုရားသခင်၏မေတ္တာတော်သည် လူ၏စိတ်နှလုံးကိုအဘယ်ကဲ့သို့ပြောင်းလဲစေနိုင်သနည်း။
ဘုရားသခင်သည်ငါတို့ကိုရှေးဦးစွာချစ်တော်မူသောကြောင့်ငါတို့သည်ဘုရားသခင်ကိုချစ်ကြ၏။ ရှင်ယော
ဟန်သြ၀ါဒစာပထမစောင် ၄း၁၉။
၆။လူသည်ဘုရားသခင်ကိုအမှန်ချစ်လျှင် သူတပါးကိုမုန်းနိုင်သလော။
တစုံတယောက်သောသူက၊ငါသည်ဘုရားသခင်ကိုချစ်၏ဟုဆိုလျှက်ပင်မိမိညီအကိုကိုမုန်းလျှင်၊ထိုသူသည်
မုသာကိုသုံးသောသူဖြစ်၏။မိမိမြင်ရသောမိမိညီအကိုကို မချစ်လျှင်၊မမြင်သေးသောဘုရားသခင်ကိုအဘယ်
သို့ချစ်နိုင်မည်နည်း။ ရှင်ယောဟန်သြ၀ါဒစာပထမစောင် ၄း၂၀။
၇။မေတ္တာတော်သည် စိတ်နှလုံးထဲ၌ရှိလျှင်ညီအကိုတို့ ကိုဘယ်မျှလောက်ချစ်ကြမည်နည်း။
ငါ့ပညတ်ဟူမူကား၊ငါသည်သင်တို့ကိုချစ်သည့်နည်းတူ၊သင်တို့သည်အချင်းချင်းချစ်ကြလော့။ ရှင်ယောဟန်
ခရစ်ဝင် ၁၅း၁၂။
၈။ကျွန်ုပ်တို့ကိုချစ်သောသူသာ ချစ်အပ်ကြသလော။
ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့။ရန်သူကိုမုန်းလော့ဟူသော ပညတ်စကားကိုသင်တို့ကြားရပြီ။ငါ
ပညတ်သည်ကား၊သင်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှါ ၊သင်
တို့၏ရန်သူကိုချစ်ကြလော့။သင်တို့ ကိုကျိန်ဆဲသောသူတို့အားမေတ္တာကိုပို့ကြလော့။သင်တို့ကိုမုန်းသောသူ
တို့အား ကျေးဇူးပြုကြလော့။သင်တို့ကိုနှောက်ယှက်ညဉ်းဆဲသောသူတို့ အဘို့ဘုရားသခင်ကိုဆုတောင်းကြ
လော့။အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်ကောင်းသောသူ၊မကောင်း
သောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ဖြောင့်မတ်သောသူ၊မဖြောင့်မတ်သောသူတို့
အပေါ်၌ မိုဃ်းကိုရွာစေတော်မူ၏။သင်တို့ကိုချစ်သောသူတို့ အားသာ ချစ်တုံ့ပြန်လျှင်အဘယ်ကျေးဇူးတင်သ
နည်း။အခွန်ခံသူတို့ပင် ဤမျှလောက်ပြုကြသည်မဟုတ်လော။ ရှင်မဿဲခရစ်ဝင် ၅း ၄၃-၄၆။
၉။ ကျွန်ုပ်တို့အားချစ်တော်မူကြောင်းကို အဘယ်သို့သိရသနည်း။
ခရစ်တော်သည် ငါတို့အဘို့အလို့ငှါ အသက်တော်ကိုစွန့်တော်မူသည့်အရာကို ငါတို့သည်ထောက်၍၊မေတ္တာ
တော်ကိုသိရကြပြီ။ငါတို့သည်လည်း ညီအကိုချင်းတို့အဘို့အလို့ငှါ အသက်ကိုစွန့်ကြရ၏။ ရှင်ယောဟန်
သြ၀ါဒစာ ၃း၁၆။
၁၀။ဘုရားသခင်သည်သားတော်ကိုအဘယ်ေ့ကြာင့်စွန်တော့်မူသနည်း။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ထာဝရအသက်
ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်လော
ကသားတို့ကိုချစ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၁၆။
၁၁။ခရစ်တော်ကိုစွန့်တော်မူသောကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့အားဘယ်မျှလောက်ပေးတော်မူသနည်း။
မိမိသားတော်အရင်းကိုမနှမြောဘဲ ၊ငါတို့ရှိသမျှအဖို့ အလိုငှါစွန်တော့်မူသောသူသည်သားတော်နှင့်တကွခပ်
သိမ်းသောအရာတို့ကိုငါတို့အားမပေးဘဲအဘယ်သို့နေတော်မူမည်နည်း ။ရောသြ၀ါဒစာ ၈း၃၂။
၁၂။ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့ကိုအဘယ်ကဲ့သို့ သန့်ရှင်းသောဆွေတော်မျိုးတော်ထဲသို့ 
သွင်းစေတော်မူသနည်း။
ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကို
အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်လော.။ ရှင်ယောဟန်သြ၀ါဒစာပဌမစောင် ၃း၁။
၁၃။ဘုရားသခင်သည်မိမိလူမျိုးတော်ကို အဘယ်မျှလောက်ယုယတော်မူသနည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊သင်တို့ကိုဖျက်ဆီးသောလူမျိုးရှိရာသို့ ဘုန်း
ထင်ရှားပြီးမှ ငါ့ကိုစေလွှတ်တော်မူ၏။သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏။
ဇာခရိအနာဂတ္တိကျမ်း ၂း၈။
လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ဘုရားသခင်သည်သစ္စာနှင့်ပြည့်စုံ
တော်မူသည်ဖြစ်၍၊သင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှါ အခွင့်ပေး
တော်မမူ။သင်တို့သည်ခံနိုင်မည်အကြောင်း စုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်ရာလမ်းကို
လည်းစီရင်ပြုပြင်တော်မူလိမ့်မည်။ ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၀း၁၃။
သင်တို့ဆံပင်သည်လည်းအကုန်စင်ရေတွက်လျှက်ရှိ၏။ ရှင်မဿဲခရစ်ဝင် ၁၀း၃၀။
၁၄။ကိုယ်တော်၌မှီခိုသောသူနှင့် ချစ်ခြင်းမေတ္တာတော်ကို ဘယ်အရာခွဲခွါနိုင်သနည်း။
အကြောင်းမူကား သေခြင်းဖြစ်စေ၊အသက်ရှင်ခြင်းဖြစ်စေ၊ကောင်းကင်တမန်ဖြစ်စေ၊အထွဋ်အမြတ်ဖြစ်စေ၊
အာဏာတန်ခိုးဖြစ်စေ၊မျက်မှောက်အရာဖြစ်စေ၊နောင်လာလတ္တံ့သောအရာဖြစ်စေ၊အမြင့်ဖြစ်စေ၊အနိမ့်ဖြစ်စေ
ဤအရာမှစ၍ အဘယ် နိမ္မိတ အရာမျှသည်၊ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏မေတ္တာ
တော်နှင့် ငါတို့ကိုမကွာစေနိုင်ဟုငါသည်သဘောကျလျှက်ရှိ၏။ရောမသြ၀ါဒစာ ၈း၃၈-၃၉။
မှတ်ချက်။ ။ကျွန်ုပ်တို့သည်သဘောအတိုင်းနေဖို့ရန်ဖန်ဆင်းထားတော်မူသည်။ကျွန်ုပ်တို့အားကြီး
မြတ်သောချစ်ခြင်းမေတ္တာတော်ကို ပြတော်မူ၍ ကိုယ်တော်ကို ကျွန်ုပ် တို့ကပြန်၍ချစ်ဖို့ရန်တောင်းတော်မူ
သည်။အပြစ်နှင့်ပြည့်စုံသော မိမိတို့ကိုယ်တိုင်မှတပါး ချစ်ခြင်းမေတ္တာတော်နှင့် ကျွန်ုပ်တို့ကို ခွဲခွါနိုင်သော
အရာသည်စကြ၀ဠာတွင် တစုံတခုမျှမရှိ။
