And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God. And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.Revelation 15'1-2
Pages
▼
ဗျာဒိတ်အခန်းကြီး ၁
▼
▼
▼
Saturday, February 2, 2019
ဒုတိယမွေးဘွားခြင်း
၁။လူတို့ ၏ဇာတိပကတိအခြေအနေအဘယ်သို့ နည်း။
အဘယ်ကြောင့်နည်းဟူမူကား၊လူအပေါင်းတို့ သည်ဒုစရိုက်ကြို့ပု၍ ဘုရားသခင်ရှေ့ တော်၌ အသရေပျက်
ကြပြီ။ ရောမသြ၀ါဒစာ ၃း၂၃။
သင်တို့သည်အထက်ကလောကီတရားသို့လိုက်၍အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်းတည်း
ဟူသောငြင်းဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီ၊ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ထိုဒု
စရိုက်အပြစ်၌သေလျှက်ရှိနေသောသင်တို့ ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။ထိုငြင်းဆန်
သောသူတို့နှင့်တကွငါတို့ ရှိသမျှသည်အထက်ကကိုယ်ကာယ၏အလိုသို့၎င်း၊စိတ်၏အလိုသို့ ၎င်းလိုက်သဖြင့်
ကာမဂုဏ်တို့၌ကျင်လည်သည်ဖြစ်၍ကြွင်းသောသူတို့ ကဲ့သို့ ပင်ပကတိအတိုင်းအမျက်တော်ကိုခံရသောသူ
ဖြစ်ကြ၏။ ဧဖက်သြ၀ါဒစာ ၂း၁-၃။
၂။ဘုရားသခင်ကိုဖူးတွေ့ဖို့ အခွင့်အဘယ်သူသာရသနည်း။
စိတ်နှလုံးနှိမ့်ချသောသူတို့ သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား ထိုသူတို့ သည်ဘုရားသခင်ကိုမြင်ရကြ
လတ္တံ့ ။ရှင်မဿဲခရစ်ဝင် ၅း၈။
၃။လူ၌ရှိသောအခြေအနေကိုလူသည်ကိုယ်တိုင်ကျိုးစားခြင်းအားဖြင့်ပြောင်းလဲနိုင်သလော။
အဲသယောပိလူသည် မိမိအသရေ၏အဆင်းကို၎င်း၊ကျားသစ်သည်မိမိအကွက်ကျားတို့ ကို၎င်းပြောင်းလဲနိုင်
သလော။ပြောင်းလဲနိုင်လျှင်အပြစ်ကြို့ပုလေ့ရှိသောသူတို့ သည်အပြစ်ကိုမပြုခြင်းငှါတတ်နိုင်ကြလိမ့်မည်။
ယေရမိအနာဂတ္တိကျမ်း ၁၃း၂၃။
၎။သို့ဖြစ်လျှင်လူကိုဘုရားသခင်အထံတော်သို့ ဘယ်ကဲ့သို့ ပို့ဆောင်နိုင်သနည်း။
ငါတို့ ကိုဘုရားသခင်နိုင်ငံတော်သို့ ပို့ ဆောင်ခြင်းငှါဖြောင့်မတ်တော်မူသောသူသည်မဖြောင့်မတ်သောသူ
တို့ အတွက်အပြစ်များကြောင့်တခါခံတော်မူ၏။ ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၃း၁၈။
၅။ခရစ်တော်မစခြင်းမပါဘဲ ဘုရားသခင်ထံတော်သို့ ရောက်ရန် လူသည်ဘယ်မျှလောက်တိုးတက်နိုင်
သနည်း။
ငါသည်စပျစ်နွယ်ပင်ဖြစ်သည်။သင်တို့ သည်အခက်များဖြစ်ကြ၏အကြင်သူသည်ငါ၌တည်၍ငါသည်လည်း
သူ၌တည်၏။ထိုသူသည်များစွာသောအသီးကိုသီးတတ်၏။ငါနှင့်ကွာလျှင်သင်တို့ သည်အဘယ်အမှုကိုမျှမ
တတ်နိုင်ကြ။ရှင်ယောဟန်ခရစ်ဝင် ၁၅း၅။
၆။လူသည်ခရစ်တော်၌ရှိသောအခါ ဘာဖြစ်သနည်း။
လူမည်သည်ကားခရစ်တော်ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ဟောင်းသောအရာတို့ သည်ပြောင်းလဲ
၍ခပ်သိမ်းသောအရာတို့ သည်အသစ်ဖြစ်ကြပြီ။ ကောရိ န္တုသြ၀ါဒစာ ဒုတိယစောင် ၅း၁၇။
၇။လူသတ္တ၀ါသစ်မဖြစ်မှီ ဘာဖြစ်ရမည်နည်း။
အထက်ပညတ်တရားမရှိသဖြင့်ငါသည်အသက်ရှင်၏။ပညတ်တရား ပေါ်သောအခါအပြစ်တရားသည်ရှင်ပြန်
၏။ ငါလည်းသေ၏။ရောမသြ၀ါဒစာ ၇း၉။
၈။ပေါလုသည် ဘယ်ကမှသေသနည်း။
အပြစ်တရားမှစုတေ့သောသူတို့ သည် ထိုတရား၌အဘယ်သို့ ရှင်ရဦးမည်နည်း။ရောမသြ၀ါဒစာ ၆း၂။
၉။အပြစ်သည် ပေါလုကိုဘယ်အရာအားဖြင့်သတ်သနည်း။
အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင် ငါ့ကိုလှည့်ဖြား၍ ထိုအရာအားဖြင့် ငါ့ကိုသတ်လေ
၏။ ရောမသြ၀ါဒစာ ၇း၁၁။
၁၀။အပြစ်သည်သတ်ဖို့ ရန်တန်ခိုးကို ဘယ်ကရသနည်း။
သေမင်း၏လက်နက်ကား အပြစ်ပေတည်း။အပြစ်၏တန်ခိုးကား ပညတ်တရားပေတည်း။ ကောရိ န္တုသြ၀ါဒ
စာ ပဌမစောင် ၁၅း၅၆။
၁၁။နောင်တရခြင်းတည်းဟူသော အသစ်မွေးဖွားခြင်းအကြောင်းကို ကယ်တင်တော်မူသောအရှင်သည်
အဘယ်သို့ ကျပ်တည်းစွာ မိန့် တော်မူသနည်း။
ယေရှုက ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်
အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း၃။
၁၂။ ဒုတိယမွေးခြင်းသည် ဘယ်နည်းအားဖြင့် ဖြစ်စေသနည်း။
သင်တို့ သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်၊မဖောက်ပြန်မပျက်စီး
တတ်သောမျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ထွက်
တရားတော်အားဖြင့် ဖြစ်ဘွားသောကြောင့် ညီအကိုများကိုချစ်ယောင်မဆောင် အမှန်ချစ်ခြင်းလိုငှါ စိတ်ထဲ
မှာ သမ္မာတရားကို နားထောင်လျှက် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ စင်ကြယ်သောစိတ်
နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့ ။ ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၁း၂၂-၂၃။
၁၃။ဤကဲ့သို့ ဖြစ်ဘွားခြင်းအကြောင်းကို ကျွ န်ုပ်တို့ စုံလင်စွာ နားလည်နိုင်သလော။
လေသည်အလိုရှိတိုင်းသွားလာ၏။လေ၏အသံကိုသင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်
ဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ထိုနည်းတူ ၀ိညာဉ်တော် မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၈။
၁၄။ဝိညာဉ်တော်မွေးသောသူသည် ဇာတိပကတိ အကျင့်တို့ ကို ကျင့်လျှက်နေနိုင်သလော။
ဇာတိပကတိမွေးသောအရာသည်ဇာတိပကတိဖြစ်သည်။ဝိညာဉ်တော်မွေးသောအရာသည် ၀ိညာဉ်ဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၆။
ဇာတိပကတိ၇ှိသောသူတို့ သည် ဇာတိပကတိနှင့်စပ်ဆိုင်သော အရာတို့ ကိုစွဲလမ်းသော စိတ်သဘောရှိကြ
၏။ ရောမသြ၀ါဒစာ ၈း၅-၆။
၁၅။ဤအကြောင်းနှစ်ပါးတို့ သည် တပါးနှင့်တပါးသဘော တူညီသလော။
အကြောင်းမူကား ဇာတိပကတိနှင့် ၀ိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့်ကျင်သော အလိုရှိ၏။တပါးနှင့်
တပါးဆန့်ကျင်ဘက်ဖြစ်၍ သင်တို့ သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။ဂလာတိသြ၀ါဒစာ ၅း၁၇။
၁၆။ဇာတိပကတိ အကျင့်တို့ သည် ဘယ်အကျင့်မျိုးဖြစ်ကြသနည်း။
ဇာတိပကတိအကျင့်တို့ သည် ထင်ရှားကြ၏။ထို့ အကျင့်တို့ မူကား၊သူ့ မယားကိုပြစ်မှားခြင်း၊မတရားသော
မေထုံမှီဝဲခြင်း၊ညစ်ညူးစွာကျင့်ခြင်း၊ကိလေသာကျူးလွန်ခြင်း၊သူတပါးကိုပြုစားခြင်း၊ရန်ငြိုးဖွဲ့ ခြင်း၊ရန်တွေ့ ခြင်း၊
ဂုဏ်ပြိုင်ခြင်း၊အမျက်ထွက်ခြင်း၊ငြင်းခုံခြင်း၊အချင်းချင်းကွဲပြားခြင်း၊သင်းခွဲခြင်း၊သူ့ အကျိုးကိုငြူစူခြင်း၊လူအသက်
သတ်ခြင်း၊ယစ်မျိုးကိုသောက်ကြူးခြင်း၊ပွဲလုပ်ခြင်းမှစ၍၊ထိုသို့ သောအကျင့်ပေတည်း။ ဂလာတိသြ၀ါဒစာ
၅း၁၉-၂၁။
၁၇။ဝိညာဉ်ပကတိအကျိုးသည် ဘယ်လက္ခဏာများကိုထင်ရှားစေသနည်း။
ဝိညာဉ်ပကတိ အကျိုးမူကား၊ချစ်ခြင်း၊၀မ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်း၊ကျေးဇူးပြုခြင်း၊ကောင်း
မြတ်ခြင်း၊သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ ခြင်း၊ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ဂလာတိသြ၀ါဒစာ၅း၂၂-၂၃။
၁၈။လူသည်ဒုတိယ မွေးဖွားခြင်းကိုခံပြီးမှဘယ်ကဲ့သို့ ကျင့်မည်နည်း။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကိုသင်တို့ သိလျှင် ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူမည်
သည်ကားဘုရားသခင်ဖြစ် ဘွားမြင်စေတော်မူသောသူဖြစ်သည်ကိုသိရကြ၏။ရှင်ယောဟန်သြ၀ါဒစာ
ပဌမစာ ၂း၂၉။
၁၉။ဖြောင့်မတ်ခြင်းကိုဘယ်မှာတွေ့ ရသနည်း။
အလုံးစုံသောပညတ်တော်တို့ သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်၏ လျှာသည် ဖေါ်ပြတော်မူချက်ကို
သီချင်းဆိုရပါမည်။ ဆာလံကျမ်း ၁၁၉း၁၇၂။
၂၀။သို့ ဖြစ်လျှင် ဘုရားသခင်ဖြစ် ဘွားစေတော်မူသောသူသည် အပြစ်နှင့်အဘယ်သို့ ဆိုင်သနည်း။
ယခုသင်တို့ ရှက်ကြောက်သော ထိုအကျင့်တို့ ကိုကျင့်စဉ်အခါ အဘယ်အကျိုးကို ရကြသနည်း။ထိုသို့ 
သောအကျင့်သည် သေခြင်း၌လမ်းဆုံးသတည်း။ရောမသြ၀ါဒစာ ၆း၂၁။
ဆိုးညစ်သောအမှုကိုစက်ဆုပ်ရွံရှာကြလော့။ကောင်းမွန်သောအမှုကိုမှီဝဲ ဆည်းကပ်ကြလော့။ ရောမ
သြ၀ါဒစာ ၁၂း၉။
ထို့ ကြောင့်၊သင်တို့ သည်ဘုရားသခင်၏ကျေးဇူးတော်ကိုမြည်းစမ်းကြသည်ဖြစ်၍၊အမျိုးမျိုးသော မနာလို
ခြင်း၊လှည့်ဖြားခြင်း၊လျို့ဝှက်ခြင်း၊ငြူစူခြင်း၊ကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား၍၊ကယ်တင်ခြင်းအလိုငှါ၊နှုတ်ထွက်တ
ရားတော်၏နီု့ စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊ဘွားစသောသူငယ်ကဲ့ သို့ ထိုတရားနို့ ကိုအလွန်လိုချင်
သောစိတ်ရှိကြလော့။ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၂း၁-၃။
၂၁။ပေါလုသည် ပြောင်းလဲသောအခါ အပြစ်တရားလက်မှ ဘယ်ကဲ့သို့ ကယ်တင်ခြင်းရသနည်း။
ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ၀ိညာဉ်တော်၏တရားသည် အပြစ်တရား၏လမ်းမှလည်းကောင်း၊
သေခြင်းတရား၏လက်မှလည်းကောင်း ငါ့ကိုကယ်လွှတ်ပြီ။ ရောမသြ၀ါဒစာ ၈း၂။
မှတ်ချက်။ ။(၁) အပြစ်တရားနှင့် သေခြင်းတရားသည် လူ၏မပြောင်းလဲနိုင်သော အဖြစ်သနစ်ဖြစ်သည်။
ထိုအဖြစ်သနစ်သည်လူအားဆက်ကာ ဆက်ကာ တရားတော်ကို လွန်ကြူးဖို့ ရန်တိုက်တွန်းသည်။
(၂ ) ကျွန်ုပ်တို့ ကိုအပြစ်တရားမှ ကယ်လွှတ်သော ယေရှုခရစ်၌တည်၍ အသက်ရှင်စေသောဝိညာဉ်တော်
၏တရား သည်ခရစ်တော်ပေးသောစိတ်သဘောသစ်ဖြစ်သည်။ထိုစိတ်သဘောအားဖြင့် ကျွန်ုပ်တို့ သည်
အပြစ်မှလှည့်၍ ၎င်းးအပြစ်ကိုအောင်မြင်စေသည်။ဤ(၁) နှင့် ( ၂ ) အကြောင်း၂ပါးတို့ ၌ ဘုရားသခင်၏ပညတ်တော်ကြီးသည်စံဖြစ်၏။ပညတ်သည်လူကို(၁) အကြောင်း၌အပြစ်အလျှောက်စီရင်
သည်။(၂)အကြောင်း၌လူအား ဘုရားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းတရားကိုသက်သေခံသည်။
ယခုမူကား ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့ သည်သက်သေခံသည်နှင့်အညီ၊ပညတ်တရားနှင့်မစပ်ဆိုင်
သောဘုရားသခင်၏ဖြောင့်တ်ခြင်းတရားတည်းဟူသော၊ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်၊ယုံကြည်
သောသူအပေါင်းတို့ အဘို့ ဖြစ်၍၊ထိုသူအပေါင်းတို့ အပေါ်သို့ ရောက်သောဘုရားသခင်၏ဖြောင့်မတ်
ခြင်းတရားသည်ထင်ရှားခဲ့ ပြီ။ ရောမသြ၀ါဒစာ ၃း၂၁-၂၂။
၂၂။အပြစ်တရားနှင့်သေခြင်းတရားလက်မှလွှတ်သောအခါလူသည်ဘယ်အခြေသို့ ရောက်သနည်း။
ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိအတိုင်းကိုမကျင့် ၊၀ိညာဉ်
ပကတိအတိုင်းကျင့်သောသူတို့ သည်အပြစ်စီရင်ခြင်းနှင့်လွှတ်ကြ၏။ ရောမသြ၀ါဒစာ ၈း၁။
၂၃။အသစ်မွေးဘွားခြင်းသည် ကျွန်ုပ်တို့ အား၊ဘယ်အသက်မျိုးနှင့် ရှင်စေသနည်း။
ထိုနည်းတူသင်တို့ သည်အပြစ်တရားနှင့်ဆိုင်သောအရာ၌ကားအသေဖြစ်သည်ဟူ၍၎င်း၊ဘုရားသခင်နှင့်ဆိုင်
သောအရာ၌ကားငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍ လည်းကောင်း၊ကိုယ့်ကိုကိုယ်ထင်
မှတ်ကြလော့ ။ရောမသြ၀ါဒစာ၆း၁၁။
၂၄။ဘုရားသခင်အမှန်ဖြစ် ဘွားစေသောသူသည် ဘာလုပ်တတ်သနည်း။
ချစ်သူတို့ ၊ငါတို့ သည်အချင်းချင်းချစ်ကြကုန်အံ့။အကြောင်းမူကားချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်
ဆိုင်၏။ချစ်တတ်သောသူမည်သည်ကား ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူဖြစ်၏။ ရှင်ယောဟန်
သြ၀ါဒစာ ပဌမစောင် ၄း၇။
၂၅။ဒုတိယမွေးခြင်းကိုခံသောသူသည်ဘာကိုအောင်မြင်သနည်း။
ဘုရားသခင်၏သားဖြစ်သောသူမည်သည်ကား လောကကိုအောင်တတ်၏။လောကကိုအောင်ခြင်းအကြောင်း
မူကား ငါတို့ ၏ယုံကြည်ခြင်းပေတည်း။ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၅း၎။
