And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God. And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.Revelation 15'1-2
Pages
▼
ဗျာဒိတ်အခန်းကြီး ၁
▼
▼
▼
Saturday, February 2, 2019
နှစ်ခြင်းမင်္ဂလာခံယူခြင်းအကြောင်း
၁။ခရစ်တော်သည်အသင်းတော်အား ဘယ်ကဲ့သို့ သောအမိန့် ကြီးကိုပေးအပ်တော်မူသနည်း။
သင်တို့ သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေလျှက်၊ခမည်းတော်၊သားတော်၊သန့် ရှင်းသောဝိညာဉ်တော်
၏နာမ၌ဗတ္တိဇံကိုပေးကြလော့။ငါသည်သင်တို့အားပေးသမျှသော ပညတ်တော်တို့ ကိုစောင့်ေ၇ှာက်စေခြင်း
ငှါဆုံးမသြ၀ါဒပေးကြလော့။ငါသည်လည်းကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိ
သည်ဟုတပည့်တော်တို့အားမိန့် တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၂၈း၁၉-၂၀။
သင်တို့သည်လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့ သွား၍ ဝေနေယျသတ္တ၀ါအပေါင်းတို့အား ဧ၀ံဂေလိတရားကို
ဟောကြလော့။ ရှင်မာကုခရစ်ဝင် ၁၆း၁၅။
၂။ယုံကြည်သောသူအပေါင်းတို့ အား အဘယ်သို့ သောမင်္ဂလာကို ပေးရမည်နည်းဟူ၍ မိန့် မှာတော်မူ
သနည်း။
သင်တို့ သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေလျှက်၊ခမည်းတော်၊သားတော်၊သန့် ရှင်းသောဝိညာဉ်တော်
၏နာမ၌ဗတ္တိဇံကိုပေးကြလော့။ ရှင်မဿဲခရစ်ဝင် ၂၈း၁၉။
ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည်ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့ ။ရှင်မာကုခရစ်ဝင် ၁၆း၁၆။
၃။မိမိအသင်းတော်နှင့်အတူ မည်မျှကာလပါတ်လုံးရှိသည်ဟူ၍ မိန့် ဆိုတော်မူသနည်း။
ငါသည်လည်းကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အား
မိန့် တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၂၈း၂၀။
၎။နှစ်ခြင်းမခံမှီ အဘယ်သို့ သောစိတ်နှလုံးရှိရမည်နည်း။
ပေတရုကလည်း၊သင်တို့ အပြစ်ကိုလွှတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း ယေရှုခရစ်၏ နာမ၌
နှစ်ခြင်းကိုခံကြလော။ တမန်တော် ၀တ္ထု ၂း၃၈။
၅။ယုံကြည်ခြင်းကိုအဘယ်သို့ ရသနည်း။
ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏စကားတော်အား
ဖြင့် ဖြစ်၏။ရောမသြ၀ါဒစာ ၁၀း၁၇။
၆။နို့ စို့ သူငယ်များတို့ သည် နှုတ်ထွက်တရား တော်ကိုကြား၍ သိနားလည်သဖြင့် ယုံကြည်နိုင်ကြသလော။
ထိုအခါကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့ သည် ထိုပြည်ကိုဝင်စား၍ ငါပေး
သည့်အတိုင်း သိမ်းယူကြလိမ့်မည်။ တရားဟောရာကျမ်း ၁း၃၉။
မှတ်ချက်။ နှစ်ခြင်းမင်္ဂလာသည် ကလေးသူငယ်တို့ အဖို့ မဟုတ်ကြောင်းကျမ်းစာ၌အထင်အရှားပြထား
သည်။၎င်းတို့ ကိုနှစ်ခြင်းပေးသည်ဟူ၍ အချက်တချက်မျှ မပါမရှိ။ တရားဝင်သောအရွယ်ရောက်မှသာလျှင်
ဤသို့ သောမင်္ဂလာမျိုးနှင့် စပ်ဆိုင်ပေ၏။မိမိကိုယ်တိုင်ယေရှုကို ကယ်တင်တော်မူသော အရှင်ဟူ၍ ရွေးယူ
ပြီးလျှင် ဒုတိယမွေးခြင်းကိုခံမှသာ နှစ်ခြင်းမင်္ဂလာခံခြင်း ရည်စူးရင်း အဓိပ္ပါယ်ရောက်သည်။
၇။ နောင်တရသောအပြစ်သားကို အဘယ်အကြောင်းကြောင့် နှစ်ခြင်းမင်္ဂလာခံစေရသနည်း။
ယခုလည်းသင်သည် အဘယ့်ကြောင့် ဆိုင်းလင့်၍နေသနည်း ။ထလော့ သခင်ဘုရားကို ပဌနာပြုလျှက်
ဗတ္တိဇံ ကိုခံ၍ ၊သင်၏အပြစ်များကို ဆေးကြောလော့ဟုဆိုပါ၏။ တမန်တော်ဝတ္ထု ၂၂း၁၆။
ပေတရုကလည်း သင်တို့ ၏အပြစ်ကိုလွှတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှ မကြွင်း ၊ယေရှုခရစ်၏
နာမ၌ ဗတ္တိဇံ ကိုခံကြလော့။သို့ ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော ဆုကျေးဇူးတော်ကို
ခံရကြလိမ့်မည်။ တမန်တော်ဝတ္ထု ၂း၃၈။
၈။နှစ်ခြင်းကိုအဘယ်ပုံသဏ္ဍာန် ဆောင်လို၍အဘယ်အကြောင်းကိုသိမှတ်စေရန် စီမံထားတော်မူသနည်း။
ယေရှုခရစ်၌ နှစ်ခြင်းကိုခံသောသူရှိသမျှတို့ သည်အသေခံတော်မူခြင်း၌နှစ်ခြင်းကိုခံကြသည်ကို သင်တို့ မ
သိသလော။ထို့ကြောင့်အသေခံတော်မူခြင်း၌နှစ်ခြင်းကိုခံသောအားဖြင့်ထိုသခင်နှင့်အတူသင်္ဂြုဟ်ခြင်းကိုခံ
ကြ၏။အကြောင်းမူကားခရစ်တော်သည်ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့်သေခြင်းမှ ထမြောက်တော်မူ
သည်နည်းတူ ငါတို့ သည်လည်းအသစ်သောအသက်၌့ကျင်လည်ကြရသတည်း။ရောမသြ၀ါဒစာ ၆း၃-၅။
ဗတ္တိဇံအားဖြင့်ထိုသခင်နှင့်အတူသင်္ဂြုဟ်ခြင်းကိုခံကြ၏။ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသော
ဘုရားသခင်၏ပြုပြင်အားထုတ်တော်မူခြင်းကိုယုံကြည်သောအားဖြင့်ဗတ္တိဇံကိုခံ၍ထိုသခင်နှင့်အတူထ
မြောက်ခြင်းသို့ရောက်ကြ၏။ ကောလောသဲ သြ၀ါဒစာ၂း၁၂။
၉။ဗတ္တိဇံ ဟူသောစကားအဓိပ္ပါယ် အဘယ်သို့နည်း။
လူကိုယ်ကိုဖြစ်စေ၊အ၀တ်အထည်ကိုဖြစ်စေ၊အရည်တမျိုးမျိုးတွင် နှစ်မြုပ်ခြင်းကိုဆိုသည်။ ဆေးဆိုးသမား
တို့ သည်ဆေးရည်တွင်အထည်အ၀တ်နှစ်၍ဆိုးရာ၌၎င်း၊ပန်းပဲသမားတို့ သည်ပူရဲသောသံ စသည်သတ္ထုတို့ 
ကိုရေတွင်ထည့်၍ ဆေးရာ၌လည်းကောင်း၊ထိုဗတ္တိဇံ ဟူသောစကားကို ရှေးကာလ ဟေသလ လူတို့ သုံး
တတ်သောမူလစကားရင်းဖြစ်၏။ဖျန်းသည်၊လောင်းသည်ဟူသော၊အဓိပ္ပါယ်မျိုးမရ။ ထို့ ကြောင့်ရေ၌ နှစ်မြုပ်
အောင်တစ်ကြိမ်တစ်ခါနှစ်သော နည်းအားဖြင့်သာ ခရစ်တော်ကိုသင်္ဂြုဟ်ခြင်း၊ခရစ်တော်၏ ထမြောက်ခြင်း
တို့ ကိုလုံလောက်စွာပြသသော၊နည်းပင်ဖြစ်၏။အသက်မရှုပဲခဏအောင့်၍၊မျက်စိမှိတ်ပြီးလျှင် လောကကို
မျက်မှောက်ပြုခြင်းမှ ကွယ်ပျောက်အံ့သောငှါ ရေတွင်နှစ်မြှုပ်စေခြင်းကား သင်္ဂြုဟ်ခြင်းပုံသဏ္ဍာန်ကိုလုံးလုံး
ဆောင်ရာရောက်သည်။ရေထဲမှပေါ်ထစဉ်တွင်မျက်စိကိုဖွင့်၊အသက်သစ်ကိုရှု၊မိတ်ဆွေတို့ နှင့်စကားပြော
၍အသက်ရှင်ရခြင်းသည်ကားထမြောက်ခြင်းပုံသဏ္ဍာန်ကိုလုံးလုံးဆောင်ရာရောက်၏။
၁၀။နှစ်ခြင်းဆရာ ယောဟန်သည် အဘယ်အရာ၌နှစ်ခြင်းကိုပေးသနည်း။
ယောဟန်ကလည်း ငါသည်ေ၇၌ နှစ်ခြင်းကိုပေး၏။ ရှင်ယောဟန်ခရစ်ဝင် ၁း၂၆။
၁၁။၎င်းနှစ်ခြင်းဆရာယောဟန်သည် အဘယ်အရပ် နှစ်ခြင်းပေးလေ့ရှိသနည်း။
ပရောဖက်ဟေရှာယဟောဘူးသည်ကား၊တော၌ဟစ်ကျော်သောသူ၏အသံမှာ ထာဝရဘုရားကြွတော်မူရာ
လမ်းကိုပြင်ကြလော့။လမ်းခရီးတော်ကိုဖြောင့်စေကြလော့ ဟူသောအချက်၌ထိုယောဟန်ကိုဆိုလိုသတည်း။
ယောဟန်သည်ကုလားအုတ်အမွှေးနှင့်ယက်သော အ၀တ်ကိုဝတ်လျှက် ၊ခါး၌သရေခါးပန်းကိုစည်းလျှက်
၊ကျိုင်းကောင်နှင့်တောမှဖြစ်သောပျားရည်ကိုစားလျှက်နေ၏။ထိုအခါယေရုရှလင်မြို့ှစ၍ယုဒပြည်သူပြည်သား၊
ယော်ဒန်မြစ်အနားမှာနေသောသူအပေါင်းတို့ သည်ယောဟန်ထံသို့ ထွက်သွား၍၊မိမိတို့ အပြစ်များကိုဖော်ပြ
လျှက်ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံကြ၏။ ရှင်မဿဲခရစ်ဝင် ၃း၃-၆။
၁၂။အဲနုန်အရပ်၌ အဘယ့်ကြောင့် သူသည်နှစ်ခြင်းပေးသနည်း။
ယောဟန်သည်လည်းရှာလိမ်မြို့ နှင့်အနီးအဲနုန်အရပ်၌ ရေများသောကြောင့် ဗတ္တိဇံကိုပေး၍နေသဖြင့် လူ
များတို့ သည်လာ၍ဗတ္တိဇံကိုခံကြ၏။ ၇ှင်ယောဟန်ခရစ်ဝင် ၃း၂၃။
မှတ်ချက် ။ ဤစကားကိုထောက်၍ကျမ်းစာကအယူရှိသော ဗတ္တိဇံကို ပြုလုပ်သောအခါ ရေအများကို
အလိုရှိကြောင်းထင်ရှားသည်။
၁၃။ကျွန်ုပ်တို့ ၏ ပုံပမာဖြစ်သော ယေရှုသည်နှစ်ခြင်းခံသောအခရေထဲသို့ ဆင်းတော်မူသလော။
ထိုအခါယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲ ပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။
ယောဟန်ကလည်း ကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကို ခံရမည်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်
သည်အကျွန်ုပ် ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ယေရှုကလည်းအလုံးစုံသော
တရားတို့ ကိုအကုန်အစင်ကျင့်သည်ဖြစ်၍၊ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ထိုအခါ ယောဟန်သည်
ဝန်ခံလေ၏။ယေရှုသည်ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေပေါ်မှထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့်၊ဘုရား
သခင်၏၀ိညာဉ်တော်သည် ချိုးငှက်ကဲ့ သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌နားတော်မူသည်ကိုမြင်ရ၍၊
ဤသူကားငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း ဟုကောင်းကင်ကအသံတော်ဖြစ်လေ၏။
ရှင်မဿဲခရစ်ဝင် ၃း၁၃-၁၇။
၁၄။အသင်းတော်တည်ထောင်အံ့သောငှါ ၀ိညာဉ်တော်နှင့်ပြည့်သော တပည့်တော်တို့ သည် လှည့်လည်
၍ဟောပြောကြသည့်အခါ နှစ်ခြင်းပေးသောသူနှင့် ခံသောသူနှစ်ဦးတို့ သည်ရေထဲသို့ ဆင်းကြသလော။
ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ ဖိလိပ္ပုသည်ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍နှစ်ခြင်းကိုပေး၏။ရေထဲ
ကတက်ကြလျှင်ထာဝရဘုရား၏၀ိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍အမတ်သည်ဖိလိပ္ပုကို
နောက်တဖန်မတွေ့မမြင်ရ။ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရမည့်လမ်းကိုသွားလေ၏။
တမန်တော်ဝတ္ထု ၈း၃၈-၃၉။
၁၅။ နှစ်ခြင်းခံသောသူတို့ အဖို့ အဘယ်ဆုကျေးဇူးကြီးကို ပေးသနားတော်မူမည်ဟူ၍ ကတိတော်၇ှိသနည်း။
သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခ့ရကြလိမ့်မည်။တမန်တော်ဝတ္ထု ၂း၃၈။
၁၆။ နှစ်ခြင်းခံပြီးလျှင်ပြီးခြင်း သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်တော်မူသလော။
ရှမာရိမြို့ သားတို့ သည်ဘုရားသခင်၏ နှုတ်ထွက်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့  ၌ရှိသော
တမန်တော်တို့ သည် သတင်းကြားလျှင် ပေတရု နှင့်ယောဟန်ကိုစေလွှတ်ကြ၏။ (ထိုမြို့ သူ မြို့ သားတို့ 
သည်သခင်ယေရှု ၏နာမ၌ နှစ်ခြင်းကိုခံယုံမျှသာရှိသဖြင့် တစုံတယောက်သောသူအပေါ်၌ သန့်ရှင်သော
ဝိညာဉ်တော်သည်သက်ရောက်တော်မမူသေးသည်ဖြစ်၍) တမန်တော်တို့ သည်ရောက်ကြလျှင် ၀ိညာဉ်
တော်ကိုခံရမည်အကြောင်း ထိုမြို့ သူမြို့ သားတို့ အဖို့ ဆုတောင်း၍ ထိုသူတို့ အပေါ်၌ လက်ကိုတင်သော
အားဖြင့်သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။ တမန်တော်ဝတ္ထု ၈း၁၄-၁၇။
၁၇။ သန့်ရှင်းသောဝိညာဉ် သက်ရောက်ယုံမျှနှင့် နှစ်ခြင်းမခံဘဲနေသော် ပြီးမည်လော။
ထိုစကားကို(ပေတရု) မြွက်ဆိုစဉ် နှုတ်ကပါဌ်တရားတော်ကိုကြားနာရသောသူအပေါင်းတို့ အပေါ်သို့ သန့်
ရှင်းသောဝိညာဉ်တော်သည်သက်ရောက်တော်မူ၏။ထိုအခါ ပေတရုက ငါကဲ့ သို့ သန့်ရှင်းသောဝိညာဉ်
တော်ကိုခံရသော ဤသူတို့ ကိုနှစ်ခြင်းမပေးစေခြင်းငှါ အဘယ်သူသည်ရေကို မြစ်တားနိုင်သနည်းဟု
ဆိုလျှက် သခင်ဘုရား၏နာမ၌နှစ်ခြင်းကိုခံစေမည်အကြောင်းစီရင်လေ၏။ တမန်တော်ဝတ္ထု ၁၀း၄၄-၄၈။
၁၈။ယောဟန်၏နှစ်ခြင်းကိုမခံသောသူတို့ သည်အဘယ်အရာကိုပါယ်ကြသနည်း။
ဖါရိရှဲ နှင့် ကျမ်းတတ်တို့ ကား၊သူတို့ အကျိုးအလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးးတော်ကို
ပါယ်၍ယောဟန်၏နှစ်ခြင်းကိုမခံဘဲနေကြ၏။ ရှင်လုကာခရစ်ဝင် ၇း၂၉-၃၀။
၁၉။နှစ်ခြင်းခံသောသူတို့ သည် အဘယ်သူကိုယူတင်ဝတ်ဆောင်ကြသနည်း။
ခရစ်တော်၌နှစ်ခြင်းကို ခံသောသူရှိသမျှတို့ သည် ခရစ်တော်ကိုယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။
ဂလာတိသြ၀ါဒစာ ၃း၂၇။
၂၀။ဤသို့နှစ်ခြင်းခံသောအားဖြင့် ခရစ်တော်ကိုယူတင်ဝတ်ဆောင်သောသူတို့ သည်အဘယ်သို့ ကျင့်ကြ
ရမည်နည်း။
ငါတို့ သည်လည်းအသစ်သောအသက်၌ ကျင်လည်ရကြသတည်း။ရောမသြ၀ါဒစာ ၆း၎။
ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ထိုသခင်ကျင့်တော်မူသည့်နည်းတူ ကျင့်ရမည်။ရှင်ယောဟန်သြ၀ါ
ဒစာ ပဌမစောင် ၂း၆။
၂၁။အဘယ်သို့ သောအခြေခံ၌ ရှိနေသည်အတွက် နှစ်ခြင်းကိုတဖန်ထပ်၍ခံရသနည်း။
အာပေါလုသည်ကောရိ န္တု မြို့ ၌ နေစဉ် အထက်အရပ်များကိုလျှောက်သွားပြီးမှ ဧဖက်မြို့ သို ရောက်၍ တပည့်တော်အချို့ တို့ကိုတွေ့ ရလျှင်၊သင်တို့ သည်ယုံကြည်သည့်နောက် သန့်ရှင်းသောဝိညာဉ်တော်ကို
ခံကြပြိလောဟုမေးသည်ရှိသော် ၊သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်သည်ကိုအကျွန်ုပ်တို့ မသိပါ
ဟုပြောဆိုကြ၏။ ပေါလုကလည်းသို့ ဖြစ်လျှင် သင်တို့ သည်အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု
မေးလျှင်ယောဟန်၏ ဗတ္တိဇံကိုခံပါသည်ဟုပြောဆိုကြ၏။ပေါလုကလည်း ယောဟန်က ငါ့နောက် ကြွလာ
သောသူကိုယုံကြည်ရမည်ဟု လူများတို့ အားပြောဆိုလျှက် ၊နောင်တ နှင့်စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။
ထိုသို့ ဆိုရာ၌ယေရှုခရစ်ကိုဆိုလိုသည်၊ဟူသောစကားကိုကြားလျှင် ထိုသူတို့ သည်သခင်ယေရှု၏နာမ၌
ဗတ္တ်ဇံကို ခံကြ၏။ တမန်တော်ဝတ္ထု ၁၉း၁-၅။
ထို့ ကြောင့် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို နောင်တရခြင်း၊ဘုရားသခင်ကိုယုံကြည်ခြင်း၊ဗတ္တိဇံတရားကို
သွန်သင်ခြင်း၊လက်ကိုတင်ခြင်း၊သေလွန်သောသူတို့ ၏ထမြောက်ခြင်း၊ထာဝရစီရင်ဆုံးဖြတ်ခြင်းတည်းဟူ
သောမူလအမြစ်ကိုငါတို့ သည်ပြန်၍မတည်ဘဲ ၊ခရစ်တော်၏ဘာသာ၍ အစအဦးဖြစ်သော အကြောင်း
အရာတို့ ကိုထား၍ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့ ။ဟေဗြဲ သြ၀ါဒစာ ၆း၁-၂။