And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God. And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.Revelation 15'1-2
Friday, February 1, 2019
ခရစ်တော်၏ ဘုရားဇာတိတော်
၁။ခရစ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သမ္မာကျမ်းစာက အဘယ်သို့ သင်ကြားသနည်း။
(က) ခမည်းတော်ဘုရားသက်သေခံတော်မူချက်။ ဤသူကား ငါချစ်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။
ရှင်မဿဲခရစ်ဝင် ၃း၁၇။
ထိုသို့ လျှောက်စဉ်တွင် ၊ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ ကိုလွှမ်းမိုး၍ ၊ဤသူသည် ငါနှစ်သက်မြတ်နိုး
ရာ ၊ငါ၏ချစ်သားပေတည်း။သူ၏စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ၏။
ရှင်မဿဲခရစ်ဝင် ၁၇း၅။
အဘယ်သို့ နည်းဟူမူကား၊ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ငါ၏ချစ်သားပေတည်းပေတည်းဟူသောအသံ
တော်သည် ထူးမြတ်သောအရောင်အ၀ါတော်ထဲက၊ထိုသခင်သို့ ရောက်သောအခါခမည်းတော်ဘုရားသခင့်
အထံတော်ထံမှ ဂုဏ်အသရေ ၊ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ရှင်ပေတရုသြ၀ါဒစာ ဒုတိယစောင်၁း၁၇။
(ခ) မွေးဖွားတော်မူခြင်းအကြောင်း ပြောသောကောင်းကင်တမန် သက်သေခံချက်။
ကောင်းကင်တမန်ကလည်း၊သန့် ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍ ၊အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် ၊သင့်ကိုလွှမ်းမိုးလိမ့်မည်။ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည် လည်း၊ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
ရှင်လုကာခရစ်ဝင် ၁း၃၅။
ထိုသားသည်ကားကြီးမြတ်သောသူဖြစ်လိမ့်မည်။အမြင့်ဆုံးသောဘုရား၏သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကို
ခံရလိမ့်မည်။သူ့ အဘဒါဝိဒ်၏ ရာဇပုလ္လင်ကို ထာဝရအရှင် ဘုရားသခင်သည် သူ့ အားပေးတော်မူမည်။
ရှင်လုကာ ခရစ်ဝင် ၁း ၃၂။
(ဂ) နှစ်ချင်းဆရာယောဟန် သက်သေခံချက်။
ငါသည်မြင်၍ ၊ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုသက်သေခံသည်ဟု ယောဟန်ဆို၏။ရှင်ယောဟန်ခရစ်ဝင် ၁း၃၄။
ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူးသော်လည်း၊ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသော
သားတော်သည် ဘုရားသခင်ကို ထင်၇ျားစေတော်မူပြီ။ ရှင်ယောဟန်ခရစ်ဝင် ၁း၁၈။
(ဃ) ခရစ်တော်သက်သေခံချက်။ထိုသို့ မိန့် တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့် မျှော်၍ ၊အို အဖ ကျွန်ုပ်အချိန်ရောက်ပါပြီ။ကိုယ်တော်သည်သားတော်လက်သို့ အပ်ပေးတော်မူသမျှသော သူတို့ အား ထာဝရအသက်ကိုပေးစေခြင်းငှါ လူမျိုးအပေါင်းတို့ ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အားပေးတော်
မူသည်နှင့် အညီ၊သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည့်အကြောင်း သားတော်၏ဘုန်း
ကိုထင်ရှားစေတော်မူပါ။ရှင်ယောဟန်ခရစ်ဝင် ၁၇း ၁-၂ ။
ယေရှုကလည်း ဘုရားသခင်သည် သင်တို အဘမှန်လျှင်၊ သင်တို့ သည်ငါ့ကိုချစ်ကြလိမ့် မည်။အကြောင်းမူ
ကား၊ငါသည်ဘုရားသခင်အထံတော်မှ၊ထွက်ကြွရောက်လာ၏။ကိုယ်အလိုအလျှောက်လာသည်မဟုတ်။
ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ၏။အဘယ့်ကြောင့်ငါ့စကားကိုနားမလည်ကြသနည်း။ငါ၏ဒေသနာကို
နားမခံမယူနိုင်သောကြောင့်သာသင်တို့ သည်ငါ့စကားကိုနားမလည်ကြ။သင်တို့ သည်သင်တို့ ၏အဘတည်း
ဟူသောမာရ်နတ်မှဆင်းသက်ကြ၏။သင်တို့ အဘ၏အလိုသို့ လည်းလိုက်တတ်ကြ၏။မာရ်နတ်သည်ရှေးဦး
စွာမှစ၍ လူ့ အသက်ကိုသတ်သောသူဖြစ်၏။သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။
သူသည်မုသာစကားကိုပြောသောအခါ၊မိမိပကတိအတိုင်း၊ပြော၏။မုသာစကား၌ကျင်လည်သောသူဖြစ်၏။
မုသာ၏အဘလည်းဖြစ်၏။ငါသည်သစ္စာစကားကိုပြောသောကြောင့် သင်တို့ မယုံကြ။ငါ၌ အပြစ်ရှိကြာင်း
ကို သင်တို့ တွင် အဘယ်သူဖော်ပြသနည်း။သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ့်ကြောင့်သင်တို့ 
သည် မယုံကြသနည်း။ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည်ဘုရားသခင်၏စကားတော်ကိုနားထောင်တတ်
၏။သင်တို့ သည်ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့်နားမထောင်ကြဟုမိန့်တော်မူ၏။ယုဒလူတို့ ကလည်း၊
သင်သည်ရှမာရိလူဖြစ်၏။နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟုငါတို့ ပြောသောစကားသည် လျောက်ပါတ်သည်
မဟုတ်လောဟု ဆိုကြ၏။ယေရှုကလဲငါသည်နတ်ဆိုးစွဲသောသူမဟုတ်၊ငါ့ခညမးတော်ကိုချီးမြောက်၏။သင်
တို့ သည်ငါ့ကိုရှုတ်ချကြ၏။ငါသည်ကိုယ်ဘုန်းအသရေကိုမရှာ။ငါ၏ဘုန်းအသရေကိုရှာ၍စီရင်တော်မူသောသူရှိ
သေး၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၄၂-၅၀။
(င) ခရစ်တော်၏တပည့်တော်များသက်သေခံချက်။ ပေတရုက ကိုယ်တ်ာသည် ခရစ်တော်တည်းဟူသော
အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟုလျှောက်လေ၏။ရှင်မဿဲခရစ်ဝင် ၁၆း၁၆။
(စ)ယေရှုခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့ သည် ယုံကြည်မည်အကြောင်း၊ထိုသို့ ယုံ၍နာမတော်အားဖြင့်အသက်ကိုရမည်အကြောင်းဤမျှလောက်ရေးသား
လျှက်ရှိသတည်း။
ရှင်ယောဟန်ခရစ်ဝင် ၂၀း၃၁။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့ သည် ပျက်စီးခြင်းသို့ မရောက် ၊ထာဝရအသက်ရစေခြင်ငှါ ၊ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်
ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ ကိုချစ်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၁၆။
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ၀န်ခံသောသူမည်သည်ကား၊ဘုရားသခင်၌
တည်၏။ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။ ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၄း၁၅။
(ဆ) အချိန်ကာစေ့သောအခါ ၊ငါတို့ သည်သား၏အခွင့်အရာကိုခံရကြမည်အကြောင်း၊ပညတ်တရားလက်၌ရှိသောငါတို့ ကို ရွေးနှုတ်စေခြင်း
ငှါ၊မိန်းမ၀မ်း၌ပဋိသန္ဒေယူ၍ပညတ်တရားအောက်၌ဘွားမြင်ရသောသားတော်ကိုဘုရားသခင်သည် စေလွှတ်
တ်ာမူ၏။ဂလာတိသြ၀ါဒစာ ၄း၎-၅။
ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့ အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်
ပေးတော်မူသော ဘုရားသခင်သည်၊ဤနောက်ဆုံးအခါ မိမိသားတော်အားဖြင့် ငါတို့ အားဗျာဒိတ်ပေးတော်
မူပြီ။ထိုသားတော်ကိုအလုံးစုံတို့ ၏ အမွေခံ သခင်အရာ၌ ခန့်ထားတော်မူ၏။သားတော်အားဖြင့် လည်း
လောကဓါတ်တို့ ကို တည်တော်မူ၏။
ဟေဗြဲသြ၀ါဒစာ ၁း၁-၂။
ယခုမူကား၊ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပရောဟိတ်မင်း အကြီးတည်းဟူသော ဘုရားသခင်၏သားတော် ယေရှုသည်ငါတို့၌ယဇ်ပရောဟိတ်ဖြစ်တော်မူသောကြောင့်၊ငါတို့ သည်ဝန်ခံခဲ့ ပြီး
သာ အရာ၌တည်ကြည်ကြကုန်အံ့။ဟေဗြဲသြ၀ါစာ ၄း၁၄။
တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်းဟူသော မိမိသားတော်ကိုအကြောင်းပြု၍ ဘုရားသခင်သည် ရှေးကမိမိရောဖက်များအားဖြင့်၊သန့်ရှင်းသောကျမ်းစာ၌ ဂတိထားတော်မူသော
ဧ၀ံဂေလိတရားကို ဟောစေခြင်းငှါ၊ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ခန့်ထားတော်မူသော ယေရှုခရစ်။
ရောမသြ၀ါဒစာ ၁း၎။
မှောင်မိုက်တန်ခိုးမှလည်းငါတို့ ကိုနှုတ်၍ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏၏
ကောလောသဲသြ၀ါဒစာ ၁း၁၃။
၂။လူ.ဇာတိကိုယူဆောင်တော်မမူမီ ခရစ်တော်သည် တည်ရှိတော်မူသလော။
အို အဘ၊ဤကမ္ဘာမတည်မရှိမှီ အထံတော်၌အကျွန်ုပ်ခံစားသောဘုန်းအသရေ နှင့်ယခုတွင်လည်းအကျွန်ုပ်
ကို အထံတော်၌ ချီးမြောက်တော်မူပါ။ ရှင်ယောဟန်ခရစ်ဝင် ၁၇း၅။
သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်ငှါ အလွန်အလိုရှိ၏။မြင်ရသောအခါ ၀မ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။ယုဒ လူတို့ ကလည်းသင်၏အသက်သည် အနှစ်ငါးဆယ်
မျှမရှိပဲလျှက်သင်သည်အာဗြဟံကို မြင်လေပြီတကားဟုဆိုကြ၏။ယေရှုကလဲငါအမှန်ကန်ဆိုသည်ကား၊အာ
ဗြဟံမဖြစ်မှီငါဖြစ်၏ ဟုမိန့် တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၅၆-၅၈။
အစဦး၌ နှုတ်ကပါတ်ေတာ်ရှိ၏။နှုတ်ကပါတ်တော်သည်ဘုရားသခင်နှင့် အတူရှိ၏။နှုတ်ကပါတ်တော်သည်လည်း
ဘုရာသခင်ဖြစ်တော်မူ၏။ထိုနှုတ်ကပါတ်တော်သည်ခပ်သိမ်းသောအရာတို့ ကိုဖန်ဆင်းတော်မူ၏။ဖန်ဆင်းတော်မူခြင်းနှင့်
ကင်းလွှတ်လျှက်ဖြစ်သော အရာတစုံတခုမျှမရှိ။ ရှင်ယောဟန်ခရစ်ဝင် ၁း၁-၃။
နှုတ်ကပါတ်တော်သည်လူ့ဇာတိအဖြစ်ကိုခံကိုယူ၍၊ကျေးဇူးတော်နှင့်၎င်း၊သစ္စာတော်နှင့်၎င်း၊ပြည့်စုံလျှက်ငါတို့ 
တွင်တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တပါးတည်းသောသားတော်၏ဘုန်းကဲ့ သို့ သူ၏ဘုန်းတော်
ကို ငါတို့ သည်မြင်ရကြပြီ။ ရှင်ယောဟန်ခရစ်ဝင် ၁း၁၄။
စစ်၍မကုန်နိုင်သော ခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း၏ ဧ၀ံဂေလိတရားကိုတပါးအမျိုးသားတို့  အား၊ဟော
ပြောခြင်းငှါ၎င်း၊အလုံးစုံတို့ ကို ယေရှုခရစ်အားဖြင့်ဖန်ဆင်းတော်မူသောဘုရားသခင်၌၊ရှေးကပ်ကာလပါတ်လုံး၊
ဝှက်ထားလျှက်ရှိသော ထိုနက်နဲသောအရာနှင့်စပ်ဆိုင်သောသာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအ
ပေါင်းတို့ အားထင်ရှားစေခြင်းငှါ၎င်း၊သန့် ရှင်းသောသူအပေါင်းတို့ တွင် အငယ်ဆုံးသောသူထက်သာ၍ငယ်
သော ငါအား ထိုကျေးဇူးကိုပေးတော်မူပြီ။ ဧဖက်သြ၀ါဒစာ ၃း၉။
မှောင်မိုက်တန်ခိုးမှလဲငါတို့ ကိုနှုတ်၍၊ချစ်တော်မူသောသားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။ထိုသားတော်
၏အသွေးအား ဖြင့်အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့ သည်ခံရကြသည်။
ကောလောသဲသြ၀ါဒစာ ၁း၁၃-၁၅။
တဖန်ဘုရားသခင်က၊ငါတို့ ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်းလူကိုဖန်ဆင်းကြစို့ ။သူသည်ပင်လယ်ငါးတို့ 
ကို၎င်း၊မိုဃ်းကောင်းကင်ငှက်၎င်း၊သားယဉ်တို့ကို၎င်း၊မြေတပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိ
ရ စ္ဆန်အပေါင်းတို့ ကို ၎င်း၊အုပ်စိုးစေဟု အမိန့် တော်ရှိ၏။ က မ္ဘာဦးကျမ်း ၁း၂၆။
အိုဗက်လင်ဧဖရက်မြို့ ၊အစိုးရသောယုဒမြို့ တို့ တွင်သင်သည်မြို့ ငယ် မြို့ ယုတ် ဖြစ်သော်လည်းဣသရေလ
အမျိုးကို အုပ်စိုးသောသခင်သည်ငါ့ အဖို့ သင်၏အထဲမှာပေါ်ထွန်းလတံ့။ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍
ပေါ်ထွန်းသောသခင်ဖြစ်၏။မိက္ခာအနာဂတ္တိကျမ်း ၅း၂။
၃။လူဇာတိကိုခံယူခြင်းအားဖြင့် ခရစ်တော်သည် အဘယ်သူ၏ သားဖြစ်သနည်း။
လူဇာတိအားဖြင့်ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊သေခြင်းမှထမြောက်တော်မူ၍၊သန့် ရှင်းသောဝိညာဉ်တော်
အားဖြင့်၊တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့ သခင်ယေရှုခရစ်တည်း
ဟူသောမိမိသားတော်ကိုအကြောင်းပြု၍ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့် ၊သန့် ရှင်းသော
ကျမ်းစာ၌ ဂတိထားတော်မူသော ဧ၀ံဂေလိတရားကို ဟောစေခြင်းငှါ၊ရွေးချယ်ခွဲထား၍တမန်တော်အရာ၌
ခန့် ထားသောယေရှုခရစ်။ရောမသြ၀ါဒစာ ၁း၁-၄။
ထိုသားသည်ကားကြီးမြတ်သောသူဖြစ်လိမ့်မည်။အမြင့်ဆုံးသောဘုရား၏သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကို
ခံရလိမ့်မယ်။သူအဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့ အားပေးတော်မူမည်။
ရှင်လုကာခရစ်ဝင် ၁း၃၂။
လူအစုအဝေးအပေါင်းတို့ သည်မိန်းမောတွေဝေ၍ဤသူသည်ဒါဝိဒ်၏သားတော်ဖြစ်လိမ့်မည်လောဟုပြောဆို
ကြ၏။ ရှင်မဿဲခရစ်ဝင် ၁၂း၂၃
ရှေ့ နောက်လိုက်သွားသောအခြံအရံများတို့ က၊ဒါဝိဒ်၏သားတော်အား ဟောရှဏ္စ္စ္စ္စ္စ္စ္စ္စ္စ္စ ဖြစ်စေသတည်း။ထာဝရ
ဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ကောင်းကင်ဘ၀ဂ်ဝယ် ဟောရှဏ
ဖြစ်စေသတည်းဟုကြွေးကြော်ကြ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၁း၉။
၎။ဘယ်တန်ခိုးအားဖြင့် ခရစ်တော်သည် လူဇာတိကိုခံယူသနည်း။
ကောင်းကင်တမန်ကလည်း၊သန့်ရှင်းသောဝိညာဉ်တော်သည်သင်၏အပေါ်မှာသက်ရောက်တော်မူ၍အမြင့်
ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည်သင့်ကိုလွှမ်းမိုးလိမ့်မည်။ထိုအကြောင်းကြောင့်ထိုသန့်ရှင်းသော
သားသည် လည်းဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ ရှင်လုကာခရစ်ဝင်၁း၃၅။
၅။ခမည်းတော်နှင့်သားတော်သည် အဘယ်သို့ စပ်ဆိုင်သနည်း။
ငါသည်ခမည်းတော်နှင့် တလုံးတ၀တည်း ဖြစ်သည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၁၀း၃၀။
ငါတို့ သည်တလုံးတ၀တည်း ဖြစ်သကဲ့ သို့ ။
ရှင်ယောဟန်ခရစ်ဝင် ၁၇း၂၂။
သင်တို့ သည်ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုမသိဘဲမနေရကြ။ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ဟု
မိန့်တော်မူ၏။ဖိလိပ္ပု ကလည်း သခင် ခမည်းတော်ကို အကျွန်ုပ် တို့ အား ပြတော်မူပါ။ထိုသို့ ပြတော်မူလျှင်
အကျွန်ုပ် တို့ အလို ပြည့်စုံပါမည်ဟုလျှောက်လျှင် - ယေရှုက၊ဖိလိပ္ပု ၊ဤမျှကာလပါတ်လုံး ငါသည်သင်တို
့နှင့်အတူရျိပြီးမှသင်သည်ငါ့ကိုမသိသေးသလော။ငါ့ကိုမြင်သောသူသည်ခမည်းတော်ကိုမြင်၏။သို့ဖြစ်လျှင်
ခမည်းတော်ကို အကျွန်ုပ်တို့ အား ပြတော်မူပါဟု သင်သည် အဘယ်သို့ ဆိုရသနည်း။
ရှင်ယောဟန်ခရစ်ဝင် ၁၄း၇-၉။
၆။ခမည်းတော်နှင့်ပေါင်းဖက်တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းခမည်းတော်သည်အဘယ်သက်သေကိုပြသနည်း။
ငါသည်ငါ့ခမည်းတော်၏ အမှုတို့ ကိုမပြုလျှင် ငါ့ကိုမယုံကြည်ကြနှင့် ။ပြုလျှင် ငါ့ကိုမယုံသော်လည်း
ထိုအမှုတို့ ကိုယုံကြလော့။ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ယုံ၍သိမှတ်ကြလိမ့်
ဟုမိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၀း၃၇-၃၈။
၇။ဘုရားစစ်စစ် ဖြစ်တော်မူကြောင်း အဘယ်လက္ခဏာ အားဖြင့် သိရသနည်း။
မိုဃ်းကောင်းကင်ကိုဖန်ဆင်း၍ကြက်တော်မူထသောခင်းကျင်းတော်၊မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို
မူထသော၊မြေကြီးပေါ်မှာရှိသမျှသော သူတို့ အား၊အသက်ကို၎င်း၊မြေကြီးကို ကျော်နင်းသောသူတို့ အား ၀ါညာဉ်ကို၎င်း ပေးတော်မူသော ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊-ငါထာဝရဘုရားသည် သင့်ကိုတရားသဖြင့်ခေါ်ထားသည်ဖြစ်၍ ၊လက်ဆွဲ လျှက်ထောက်မမည်။ သင်သည်ကန်းသောမျက်စိကို ဖွင့်စိမ့်သောငှါ၎င်း၊ချုပ်ထားသောသူတို့ ကိုလွှတ်စိမ့်သောငှါ၎င်း၊မှောင်မိုက်၌ နေသောသူတို့ ကိုအမိုက်ထောင်
ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊သင့်ကိုလူများနှင့်ပဋိညာဉ်ဖွဲစရာအဖို၊လူအမျိုးမျိုးလင်းစရာအဖို့ ခန့်ထားမည်။
ငါသည်ထာဝရဘုရားဖြစ်၏။ထိုနာမသည် ငါ့နာမဖြစ်၏။ငါ့ဘုန်းကို အခြားသောသူအး၎င်း၊ငါ့အသရေကို ရုပ်တု ဆင်းတုတို့ အား ၎င်း ငါမပေး။ ဟေရှာယအနာဂတ္တိကျမ်း ၄၂း ၅-၈။
လောကဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသောအရာတို့ ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်
ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍လူတို့လက်ဖြင့်လုပ်သောဗိမာန်၌ကျိန်းဝပ်တော်
မူသည်မဟုတ်၊ဘုရားသခင်သည်ခပ်သိမ်းသောသူတို့ အား ဇိဝအသက်နှင့်တကွထွက်သက်ဝင်သက်မှစ၍
ခပ်သိမ်းသောအရာတို့ ကို ပေးတော်မူသောအရှင်ဖြစ်၍ တစုံတခုကိုအလိုတော်ရှိသကဲ့သို့ လူတို့ လက်ဖြင့်
ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။ တမန်တော်ဝတ္ထု ၁၇း၂၄-၂၅။
ထာဝရဘုရားမူကား မှန်သောဘုရား ၊အသက်ရှင်သောဘုရား၊နိစ္စထာဝရ ဘုရင်ဖြစ်တော်မူ၏။
အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။လူအမျိုးမျိုးတို့ သည်အမျက်တော်ကိုမခံနိုင်ကြ။သာသနာပလူ
တို့ အား ပြောရသောစကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကိုမဖန်ဆင်းသောဘုရားတို့ သည်ဤကောင်း
ကင်အောက်၊ဤမြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။ ယေရမိအနာဂတ္တိကျမ်း ၁၀း ၁၀-၁၂။
၈။ခရစ်တော်သည် ဘုရားဇာတိတော်ဖြစ်ကြောင်း အဘယ်အမှုအရာကိုပြသနည်း။
(က) စစ်၍မကုန်နိုင်ေသာ ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဓ၀ံဂေလိတရားကို တပါးအမျိုးသားတို့ အား
ဟောပြောခြင်းငှါ ၊အလုံးစုံတို့ ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ်ကာလ
ပါတ်လုံး ၀ှက်ထားလျှက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သောသာသနာသည်အဘယ်သို့ဖြစ်သည်
ကိုလူအပေါင်းတို့ အားထင်ရှားစေခြင်းငှါ၎င်း၊သန့်၇ှင်းသောသူအပေါင်းတို့ တွင်အငယ်ဆုံးသောသူထက်သာ၍
ငယ်သောငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။ ဧဖက်သြ၀ါဒစာ ၃း၉။
မှောင်မိုက်တန်ခိုးမှလဲ ငါတို့ ကိုနှုတ်၍ ၊ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။
ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို
ငါတို့ သည်ခံကြရ၏။ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။
ဝေနေယျ သတ္တ၀ါ အပေါင်းတို့ တွင်လည်း သားဦးဖြစ်တော်မူ၏။အကြောင်းမူကား၊ထိုသားတော်သည်
ကောင်းကင်ပေါ်၊မြေကြီးပေါ်မှာရှိသမျှသောရူပအရာ၊အရူပအရာ၊ရာဇပလ္လင်ဖြစ်စေ။အစိုးရခြင်းတန်ခိုးဖြစ်စေ၊
အထွဋ်အမြတ်ဖြစ်စေ။အာဏာစက်ဖြစ်စေ၊ခပ်သိမ်းသောအရာတို့ ကို ဖန်ဆင်းတော်မူ၏။
ထိုသခင်အားဖြင့်၎င်း၊ထိုသခင်ဘို့ အလို့ငှာ၎င်း၊ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျှက်ဖြစ်ကြ၏။
ကောလောသဲသြ၀ါဒစာ ၁း၁၃-၁၆။
အစအဦး၌ နှုတ်ကပါတ်တော်ရှိ၏။ နှုတ်ကပါတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏။နှုတ်ကပါတ်တော်သည်
လည်း၊ဘုရားသခင်ဖြစ်တော်မူ၏။ထိုနှုတ်ကပါတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
ထိုနှုတ်ကပါတ်တ်ာသည် ခပ်သိမ်းသော အရာတို့ ကို ဖန်ဆင်းတော်မူ၏။ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွှတ်လျှက်ဖြစ်သော အရာတစုံတခုမျှမရှိ။ရှင်ယောဟန်ခရစ်ဝင် ၁း၁-၃။
ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ၊ဘိုးဘေးတို့ အား၊အထပ်ထပ် အနည်းနည်း၊ဗျာဒိတ်
ပေးတော်မူသော ဘုရားသခင်သည် ၊ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့ အားဗျာဒိတ်
ပေးတော်မူပြီ။ ဟေဗြဲသြ၀ါဒစာ ၁း၁-၂။
မိုးချုပ်သောအခါတကျိတ်နှစ်ပါးသောသူတို့ သည်ချဉ်းကပ်လျှက်၊လူများတို့ သည်ပါတ်ဝန်းကျင်ရွာဇနပုတ်သို့ 
သွား၍၊အိပ်ရာ၊စားစရာကိုရှာစေခြင်းငှါအခွင့်ပေးတော်မူပါ။ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ဟုလျှောက်ကြ
လျှင် ၊ကိုယ်တော်က သူတို့ စားစရာအဘို့ သင်တို့ ပေးကြလော့ဟုမိန့်တော်မူ၏။တပည့်တော်တို့ ကလည်း။
အကျွနု်ပ်တို့ သည် သွား၍ လူအပေါင်းတို့အဘို့ စားစရာဘို့ မ၀ယ်လျှင် ၊မုန်ငါးလုံးနှင့်ငါး နှစ်ကောင်မှတပါး
အဘယ်စားစရာမျှကျွန်ုပ်တို့ ၌မရှိပါဟုလျှောက်ကြ၏။ထိုသို့လျှောက်သည့်အကြောင်းကားလူငါးထောင်ခန့်မျှ
ရှိသတည်း။ ထိုအခါလူအများတို့ ကိုတစုလျှင် ငါးဆယ်စီ အစုစု လျှောင်းကြစေဟု အမိန့်တော်၇ှိ၏။တပည့်
တော်တို့ သည် အမိန်ုတော်အတိုင်းပြု၍လူအပေါင်းတို့ ကိုလျှောင်းစေပြီးလျှင်၊ယေရှုသည်မုန့်ငါးလုံးနှင့်ငါးနှစ်
ကာင်ကိုယူ၍ ။ကောင်းကင်သို့ ကြည့်မျှော်လျှက် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူများရှေ့ ၌ထည့်
စေခြင်းငှါတပည့်တော်တို့ အား။ပေးတော်မူ၏။လူအပေါင်းတို့ သည်စား၍၀ကြပြီးမှကြွင်းရစ်သောအကျိုးအပဲ့ 
ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။ ရှင်လုကာခရစ်ဝင် ၉း၁၂-၁၇။
(ခ) လာဇရု ထွက်၍ လာလောဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါသေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပါတ်လျှက်၊မျက်နှာကိုလည်းပုဝါနှင့်စည်းလျှက်ထွက်လာ၏။ယေရှုကလည်း
သူ့ကိုဖြည်၍ လွှတ်ကြလောဟု မိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင် ၁၁း၄၃-၄၄။
(ဂ)ကိုယ်တော်ကယုံကြည်ခြင်းအားနဲသောသူတို့ ၊အဘယ့်ကြောင့်ကြောက်တတ်သနည်းဟု မေးတော်မူပြီးလျှင်။
ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။ ရှင်မဿဲခရစ်ဝင် ၈း၂၆။
လေမသင့်သောကြောင့်၊တပည့်တော်တို့ သည်တက်ခတ်၍ပင်ပန်းကြသည်ကိုမြင်တော်မူ၏။ညသုံးချက်တီး
ကျော်အချိန်၌ အိုင်ပေါ်မှစက်တောဖြန့်လျှက်၊သူတို့ ရှိရာသို့ ကြွ၍ အနားမှာလျှောက်သွားမည် ပြုတော်မူ၏။
ရှင်မာကုခရစ်ဝင် ၆း၄၈။
(ဃ)ငါသည်ကိုယ်အသက်ကိုစွန့်၍ နောက်တဖန်ယူဦးမည်ဖြစ်သောကြောင့်၊ငါ့ခမည်းတော်သည်ငါ့ကိုချစ်
တော်မူ၏။ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ကိုယ်အလိုအလျှောက်ငါစွန့်၏။ကိုယ်အသက်ကိုစွန့်ရသော
အခွင့်နှင့် နောက်တဖန်ကိုအသက်ကို ယူပြန်ရသောအခွင့်သည်ငါ၌ရှိ၏။ထိုအခွင့်ကိုခမည်းတော်သည် ပေး
တ်ာမူပြီဟု မိန့်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင် ၁၀း၁၇-၁၈။
အဘိတ်နေ့ လွန်၍ နက်ဖန်နေ့ရောက်လျှင်၊ယဇ်ပရောဟိတ်အကြီးနှင့်ဖာရိရှဲတို့ သည်ပိလတ်မင်းထံစုဝေး၍၊
ထိုလှည့်ဖြားသောသူက၊ငါသည်သုံးရက်မြောက်သောနေ့ ၌ထမြောက်မည်ဟုမသေမှီပြောသည်ကိုအကျွန်ပ်
တို့ မှတ်မိပါပြီ။ထို့ကြောင့်သူ၏တပည့်တို့ သည်ညအခါလာ၍အလောင်းကိုခိုးယူပြီးလျှင်၊သူသည်သေခြင်းမှ
ထမြောက်တော်မူပြီဟုလူအပေါင်းတို့ အား ပြောဆိုကြသော်၊ရှေ့ အမှားကနောက်အမှားထက်သာ၍ကြီးမည်
ဟု စိုးရိမ်စရာအကြောင်းရှိသည်ဖြစ်၍ သချိုင်းတွင်းကို သုံးရက်မြောက်အောင်လုံခြုံစွာ စောင့်စိမ့်သောငှါ
အမိန့်တော်ရှိတော်မူပါဟု လျှောက်ကြလျှင်၊ပိလတ်မင်းကသင်တို့ ၌လူစောင့်တတပ်ရှိ၏။သွားကြတတ်နိုင်သမျှ
အတိုင်းလုံခြုံစွာစောင့်ကြစေဟုဆိုလေ၏။ထိုသူတို့ သည်သွား၍ ကျောက်ကိုတံဆိပ်ခတ်ပြီးလျှင်အစောင့်ထားလျှက်
သချိုင်းတွင်းတော်ကို လုံခြုံစွာပြု ကြ၏။ရှင်မဿဲခရစ်ဝင် ၂၇း၆၂-၆၆။
ဥပုသ်နေ့လွန်၍ ခုနှစ်ရက်တွင် ပဌမနေ့ ရက် မိုဃ်းလင်းအံ့ဆဲဆဲ အချိန်၌ ၊ မာဂဒလမာရိနှင့်အခြားသောမာ
ရိသည်သချိုင်းတော်ကိုအကြည့်အရှုသွားကြ၏။ထိုအခါမြေကြီးသည် ပြင်းစွာလှုပ်လေ၏။အကြောင်းမူကား၊
ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှဆင်းလာ၍ ၊တွင်းဝ၌ ပိတ်သောကျောက်ကို လှိမ့် လှန်ပြီးလျှင် ထိုကျောာက်ပေါ်မှထိုင်နေ၏။သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ ထင်၏။အ၀တ်သည်လည်း မိုး
ပွင့်ကဲ့ သို ဖြူ၏။ လူစောင့်တို့ သည်ကောင်းကင်တမန်ကို ကြောက်ရွံ့ သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ
ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ ခြင်းမရှိကြနှင့် ။လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို
့ရှာနေကြသည်ကိုငါသိ၏ဤအရပ်၌မရှိ။မိန့်တော်မူသည်အတိုင်းထမြောက်တော်မူပြီ။လာကြသခင် လျှောင်း
တ်ာမူရာအရပ်ကိုကြည့် ကြလော့ ။ရှင်မဿဲခရစ်ဝင် ၂၈း၁-၆။
၉ ။ ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံသောသူတို့ အပေါ်၌ အဘယ်ကျေးဇူးသက်ရောက်မည်နည်း။ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကိုဝန်ခံသော
သူမည်သည်ကား၊ဘုရားသင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်၏။
ရှင်ယောဟန်သြ၀ါဒပထမစောင် ၄း၁၅။
ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည်၊မိမိအထဲ၌ထိုသက်သေကိုရ၏။ဘုရားသခင်ကိုမယုံကြည်
သောသူမူကား၊ဘုရားသခင်ကိုမုသာအပြစ်တင်၏။အဘယ်သို့ နည်းဟူမူကားဘုရားသခင်သည်မိမိသားတော်
၏ အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကိုထိုသူသည်မယုံဘဲနေ၏။သက်သေခံတော်မူချက်
ဟူမူကား၊ဘုရားသခင်သည်ငါတို့ အားထာဝရအသက်ကိုပေးတော်မူ၍၊ထိုအသက်သည်လည်းသားတော်၌ပါ၏။
သားတော်ကိုရသောသူသည်အသက်ကိုရ၏။ဘုရားသခင်၏သားတော်ကိုမရသောသူမူကားအသက်ကိုမရ။
ဘုရားသခင်၏သားတော်ကိုယုံကြည်သောသင်တို့ သည်ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ
ဤအရာများကို သင်တို့ အားငါရေး၍ပေးလိုက်သည်။ရှင်ယောဟန်သြ၀ါစာ ပဌမစောင် ၅း၁၀-၁၃။
အဘယ်သို့ နည်းဟူမူကား ၊သင်သည်သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ဘုရားသခင်သည် သူ့ ကိုသေခြင်းမှ
ထမြောက် စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
ရောမသြ၀ါဒစာ ၁၀း၉။
၁၀။အဘယ်သူအားဖြင့် ဤကဲ့ သို့ ဝန်ခံနိုင်သနည်း။
ထို့ ကြောင့် ဘုရားသခင်၏၀ိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်
ကို၎င်း၊ ယေရှုသည်သခင်ဘုရားဖြစ်တော်မူသည်ဟုသန့်ရှင်းသောဝိညာဉ်တော်ကိုအမီမပြုလျှင်၊အဘယ်သူ
မျှ မပြောနိုင်သည်ကို၎င်း၊သင်တို့ သည်သိနားလည်နိုင်စေခြင်းငှါ ငါသတိပေး၏။
ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၂း၃။
ယေရှုကလည်း ရှိမုန်ဗာယောန၊သင်သည်မင်္ဂလာရှိ၏။အကြောင်းမူကား၊အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ြ့ပသည်မဟုတ်၊ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည်ဘော်ပြ့တော်မူသတည်း။ရှင်မဿဲခရစ်ဝင် ၁၆း၁၇။
ခမည်းတော်ထံမှလာထွက်လာ၍ သမ္မာတရားနှင်ပြည့်စုံသော ၀ါညာဉ်တော်တည်းဟူသော
ခမည်းတော်ထံမှ သင့်ဆီသို့ ငါလွှတ်လတံ့သော ဥပဇ္ဈာယ် ဆရာသည် ရောက်လာသောအခါ ငါ၏အကြောင်းကိုသက်သေခံလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် ၁၅း၂၆။
အဘယ်သို့ နည်းဟူမူကား သင်တို့ သည်မှင်နှင့်ရေးထားသောစာမဟုတ်၊အသက်ရှင်တော်မူသော
အသက်ရှင်တော်မူသော ဘုရားသခင်၏၀ိညာဉ်တော်နှင့် ရေး၍၊ကျောက်ပျားပေါ်၌မရေးပဲ၊
အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်ရေး၍၎င်း၊ငါတို့ ပြုစုသော ခရစ်တော်၏စာထင်ရှားစွာဖြစ်ကြ၏။
ငါတို့ သည်ခရစ်တော်အားဖြင့်ဘုရားသခင်ရှေ့တော်၌ ထိုသို့ ယုံမှားစွဲလမ်းခြင်းရှိ၏။သို့ ရာတွင် ငါတို့ သည်
ကိုယ်တန်ခိုးကိုအမှီပြု၍ကိုယ်အလိုအလျှောက်တစုံတခုကိုကြံစည်ခြင်းငှါတတ်နိုင်သည်မဟုတ်။ဘုရားသခင်
ကိုအမှီပြု၍ သာတတ်နိုင်သည်။ ကောရိ န္တုသြ၀ါဒစာ ဒုတိယစောင် ၃း၃-၅။
၁၁။ဘုရားသခင်၏သားတော်ကိုငြင်းပယ်သောသူသည် အဘယ်အပြစ်ကိုပြုလုပ်သနည်း။
ထိုမျှမက ၊ဘုရားသခင်၏သားတော်ကိုခြေဖြင့်ကျော်နင်းလျှက် ၊မိမိကိုစင်ကြယ်စေသော ပဋိညာဉ်
တရား၏အသွေးကို အပြစ်တင်လျှက် ဆုကေျးဇူးကိုပေးသောဝိညာဉ်တော်ကို မထီမဲ့ မြင် ပြုလျှက်ရှိသော
သူသည် အဘယ်မျှလောက် ကြီးစွာသောဒဏ်ဖြင့်ခံထိုက်သည်ကိုသင်တို့ထင်ကြသနည်း။
ဟေဗြဲသြ၀ါဒစာ ၁၀း၂၉။
သန့်ရှင်းသော ၀ိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွှတ်စေခြင်းအခွင့်ကို အဘယ်ကာလမျှ
မရနိုင်ကြ။ထာဝရအပြစ်ဒဏ်ကိုခံရသောသူဖြစ်ပေ၏ဟုမိန့်တော်မူ၏။အဘယ့်ကြောင့်ဤသို့ မိန့်တော်မူ
သနည်းဟူမူကားကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူဖြစ်သည်ဟု ဆိုကြသတည်း။
ရှင်မာကု ခရစ်ဝင် ၃း၂၉-၃၀။
၁၂။ခရစ်တော်ကိုမယုံကြည်သောသူတို့ သည်အဘယ်အပြစ်ကိုခံရမည်နည်း။
သင်တို့ သည်လောကီသားဖြစ်ကြ၏။ငါမူကားလောကီသားမဟုတ် ။ထို့ ကြောင့်သင်တို့ သည် ကိုယ်အပြစ်
၌သေကြလိမ့်မည်ဟု ငါဆို၏။ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့ သည်မယုံလျှင်ကိုယ်အပြစ်၌
သေကြလိမ့်မည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၈း၂၄။
ထိုသခင်၏နာမတော်မှတပါးငါတို့ ကိုကယ်တင်နိုင်သောနာမတစုံတခုမျှ ကောင်းကင်အောက်လူတို့တွင်
မပေါ်မရှိဟု ပေတရုသည်ထိုသူတို့ ကိုမြွက်ဆိုသည်။ တမန်တော်ဝတ္ထု ၄း၁၂။
အကြောင်းမူကားယေရှုခရစ်တည်းဟူသော ချလျှက်ရှိသောတိုက်မြစ်မှတပါး အခြားသောတိုက်မြစ်ကို
အဘယ်သူမျှမချနိုင်။ ကောရိ န္တုသြ၀ါဒစာ ပဌမစောင် ၃း၁၁။
၁၃။အ န္တိခရစ်သည် အဘယ်သူနည်း။
မုသာကိုသုံးသောသူကားအဘယ်သူနည်း။ယေရှုခရစ်သည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူဖြစ်သတည်း။
ခမည်းတော်နှင့်သားတေိာကိုငြင်းပယ်သောသူသည်အန္တိခရစ်ဖြစ်၏။သားတော်ကိုငြင်းပယ်သောသူမည်သည်
ကား ခမည်းတော်ကိုမသိ။သားတော်ကိုဝန်ခံသောသူမည်သည်ကား ခမည်းတော်ကိုသိ၏။
ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၂း၂၂-၂၃။
