And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God. And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.Revelation 15'1-2
Saturday, February 2, 2019
သန့် ရှင်းသောဝိညာဉ်တော်
၁။ခရစ်တော်သည်ကောင်းကင်ဘုံသို့ တက်ကြွတော်မမူမှီ အသင်းတော်အားအဘယ်သို့ ကတိထားတော်မူ
သနည်း။
ငါအမှန်အကန်ဆိုသည်ကား ငါသွားလျှင်သင်တို့ ကျိုးရှိလိမ့်မည်။အကြောင်းမူကား ငါမသွားလျှင် သန့်ရှင်း
သောဝိညာဉ်တော်ဆရာသည် သင်တို့ ဆီသို့ မလာ။ငါသွားလျှင် ထိုသူကိုသင်တို့ ဆီသို့ ငါစေလွှတ်မည်။
ရှင်ယောဟန်ခရစ်ဝင် ၁၆း၇။
၂။၎င်းသန့်ရှင်းသောဝိညာဉ်တော်ဆရာသည် အဘယ်သူနည်း။
ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသောခမည်းတော်ထံမှသင်
တို့ ဆီသို့ ငါစေလွှတ်လတ္တံ့ သောအားပေးနှစ်သိမ့်ဆရာသည်ရောက်လာသောအခါ ငါ၏အကြောင်းကိုသက်
သေခံလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅း၂၆။
သမ္မာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါသမ္မာတရားကိုသင်တို့ အားအကြွင်း
မဲ့သွန်သင်ပြသလိမ့်မည်။ထိုဝိညာဉ်တေိာသည်ကိုယ်အလိုအလျှောက်ဟောပြောမည်မဟုတ်။ကြားသမျှတို့
ကိုဟောပြောလိမ့်မည်။နောင်လာလတံ့သောအရာတို့ ကိုလည်းသင်တို့အားဖော်ပြလိမ့်မည်။ရှင်ယောဟန်
ခရစ်ဝင် ၁၆း၁၃။
ဂတိတော်အချက်ဟူမူကားယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။သင်တို့သည်မကြာမြင့်မှီသန့်ရှင်းသောဝိ
ညာဉ်တော်၌ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။ တမန်တော်ဝတ္တု ၁း၅။
၃။ဝိညာဉ်တော်သည်ဘာအမှုဆောင်ရွက်သနည်း။
ခမည်းတော်သည်ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောအားပေးနှစ်သိမ့်ဆရာတည်းဟူသော သန့်ရှင်း
သော ၀ိညာဉ်တော်သည်သင်တို့ အားခပ်သိမ်းသောအရာတို့ ကိုပြသသွန်သင်တော်မူ၍ငါပြောခဲ့သမျှသော
စကားတို့ ကိုမှတိမိသောညာဉ်ကိုသင်တို့အားပေးတော်မူမည်။ရှင်ယောဟန်ခရစ်ဝင် ၁၄း၂၆။
ဥပဇ္ဈာယ် ဆရာသည်ရောက်လာလျှင်၊ဒုစရိုက်အပြစ်ကို၎င်း၊အပြစ်ကင်းခြင်းကို၎င်း၊အပြစ်စီရင်ခြင်းကို၎င်း၊
လောကီသားတို့အားထင်ရှားစွာဖော်ပြမည်။ငါ့ကိုမယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကိုဖော်ပြမည်။
ငါသည်ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊သင်တို့ သည်နောက်တဖန်ငါ့ကိုမတွေ့ မမြင်ရသောကြောင့် အ
ပြစ်ကင်းခြင်းကိုဖော်ပြမည်။ဤလောကိုအစိုးရသောမင်းသည်အပြစ်စီရင်ခြင်းကိုခ့ရသောကြောင့်အပြစ်စီ
ရင်ခြင်းကိုဖော်ပြမည်။သင်တို့အားငါပြောစရာစကားအများရှိသော်လည်း၊သင်တို့သည်မခံနိုင်ကြ။သမ္မာတရား
နှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါ ၊သမ္မာတရားကိုသင်တို့ အားအကြွင်းမဲ့သွန်သင်
ပြသလိမ့်မည်။ထိုဝိညာဉ်တော်သည်ကိုယ်အလိုအလျှောက်ဟောပြောမည်မဟုတ်။ကြားသမျှတို့ ကိုဟော
ပြောလိမ့်မည်။နောင်လာလတံ့သောအရာတို့ ကိုလည်းသင်တို့ အား၊ဘော်ပြလိမ့်မည်။ထိုသူတို့သည်ငါ့ဘုန်း
ကိုထင်ရှားစေလိမ့်မည်အကြောင်းမူကား ၊ငါနှင့်စပ်ဆိုင်သော အရာကိုယူ၍သင်တို့ အားဖော်ပြလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် ၁၆း၈-၁၄။
၎။ဝိညာဉ်တော်၌ ဘာအလုပ်ရှိသေးသနည်း။
ငါတို့ကိုကယ်တင်တော်မူသသော အရှင်ဘုရားသခင်၏စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသောမေတ္တာ
တော်သည်ပေါ်ထွန်းသောအခါငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲမိမိသနားခြင်းဂရု
ဏာတော်နှင့်အညီဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့်၎င်း၊သန့်ရှင်းသောဝိညာဉ်တော်
၏အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ငါတို့ကိုကယ်တင်တော်မူ၏။ငါတို့ ကိုကယ်တင်သောအရှင်ယေရှုခရစ်အား
ဖြင့်ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကိုကြွယ်ဝစွာသွန်းလောင်းတော်မူ၏။အကြောင်းမူကား၊ငါတို့သည်ဘုရား
သခင်၏ကျေးဇူးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်၍ထာဝရအသက်ကိုမြော်လင့်သည်နှင့်အညီအမွေခံ
ဖြစ်ကြမည်အကြောင်းတည်း။တိတုသြ၀ါဒစာ ၃း၎-၇။
သန့်ရှင်းသောဝိညာဉ်တော်သည်သန့်ရှင်းစေတော်မူသောနှစ်သက်ဘွယ်ရာပူဇော်သက္ကာတည်းဟူသော
တပါးအမျိုးသားတို့ ကိုပူဇော်ခြင်းငှါငါသည်ဘုရားသခင်၏ဧ၀ံဂေလိတရားကိုဟောပြောသောအမှုကိုဆောင်
ရွက်၍တပါးအမျိုးသားတို့တွင်ယေရှုခရစ်၏အမှုဆောင်ဖြစ်မည်အကြောင်းဘုရားသခင်သည်၌အပ်ပေး
တော်မူသောကျေးဇူးတော်ကိုငါအမှီပြု၍၊ညီအကိုတို့ ၊သင်တို့ ကိုသတိပေးလျှက်ရဲ့ရင့်စွာရေးလိုက်ပါ၏။
ရောမသြ၀ါဒစာ ၁၅း၁၆။
၅။သန့်ရှင်းသောဝိညာဉ်တော်သည်နှုတ်ထွက်တရားတော်နှင့်အဘယ်သို့တော်စပ်သနည်း။
ကယ်တင်ခြင်းတည်းဟူသောသံခမောက်လုံးကိုလည်းကောင်း၊ဘုရားသခင်၏နှုတ်ကပါဌ်တည်းဟူသော
ဝိညာဉ်တော်၏ဓါးကိုလည်းကောင်းယူကြလော့။ဧဖက်သြ၀ါဒစာ ၆း၁၇။
၆။တပည့်တော်တို့အား ထားသောကတိတော်သည်ဘယ်သောအခါပြည့်စုံသနည်း။
ငါ့ခမည်းတော်၏ကတိရှိသည်အတိုင်း သင်တို့၌ငါပြုဦးမည်။သို့ဖြစ်၍သင်တို့သည်ကောင်းကင်ကတန်ခိုးကို
မခံမီတိုင်အောင်ယေရုရှလင်မြို့၌နေကြဦးလော့ဟု မိန့်တော်မူ၏။ရှင်လုကာခရစ်ဝင် ၂၄း၄၉။
ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့ သောအသံသည်တခဏခြင်းတွင်ကောင်းကင်မှလာ၍ထိုသူတို့ နေထိုင်သော
အိမ်ကိုဖြည့်လေ၏။ထိုခနခြင်းပင်ကွဲပြားသောလျှာတို့ သည်မီးလျှာကဲ့သို့ ထင်၇ှား၍ ထိုသူအသီးသီးတို့ အ
ပေါ်၌တည်နေကြ၏။ထိုသူအပေါင်းတို့ သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံ၍၀ိညာဉ်တော်
သည်ဟောပြောခြင်းအခွင့်ကိုပေးတော်မူသည့်အတိုင်းအမျိုးမျိုးသော ဘာသာစကားအားဖြင့်ဟောပြော
ကြ၏။ တမန်တော်ဝတ္ထု ၂း၂-၄။
၇။သန့်ရှင်းသောဝိညာဉ်တော်ကိုဘယ်သောအခါ တစ်ဖန်အထူးသဖြင့် သွန်းလောင်းတော်မူမည်နည်း။
နောင်ကာလ၌လူမျိုးတကာတို့ အပေါ်သို့ ငါဒ၀ိညာဉ်တော်ကိုငါသွန်းလောင်းမည်။တမန်တော်ဝတ္ထု၂း၁၇။
ပညာကိုလည်းရကြလိမ့်မည်။ထာဝရဘုရားကိုသိခြင်းငှါလိုက်ရှာကြလိမ့်မည်။ထွက်တော်မူချိန်သည်
နံနက်ကဲ့သို့ဖြစ်လိမ့်မည်။ရွာသောမိုးနှင့်၊မြေပေါ်သို့ ရွာသောနောက်မိုဃ်းကဲ့ သို့ သက်ရောက်တော်မူလိမ့်
မည်။ဟောရှည်အနာဂတ္တိကျမ်း ၆း၃။
၈။သန့်ရှင်းသော ၀ိညာဉ်တော်သည် အသင်းတော်၌ရှိကြောင်း ဘယ်အရာများအားဖြင့်သိနိုင်သနည်း။
ဆုကျေးဇူးတော်အထူးထူးအထွေထွေရှိငြားသော်လည်း ၀ိညာဉ်တော်တစ်ပါးတည်းရှိသည်။ကောရိ န္တု
သြ၀ါဒစာပဌမစောင် ၁၂း၎။
၉။ကျွန်ုပ်တို့ သည် ဘာအကြောင်းသိအပ်သနည်း။
ညီအကိုတို့ သင်တို့ သည်ဝိညာဉ်ဆုကျေးဇူးများအကြောင်းကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
ကောရိ န္တုသြ၀ါဒစာ ပဌမစောင် ၁၂း၁။
၁၀။ဆုကျေးဇူးတို့ သည်အဘယ်အရာများဖြစ်သနည်း။
အဘယ်သို့ နည်းဟူမူကား၊၀ိညာဉ်တော်အားဖြင့်တစ်ယောက်သောသူအား ပညာတရားကိုပေးတော်မူ၏
ထိုဝိညာဉ်အားဖြင့်တစ်ယောက်သောသူအားထိုးထွင်းခြင်းတရားကိုပေးတော်မူ၏။ထိုဝိညာဉ်တော်အားဖြင့်
တစ်ယောက်သောသူအား ယုံကြည်ခြင်းကိုပေးတော်မူ၏။ထိုဝိညာဉ်တော်အားဖြင့်တစ်ယောက်သောသူ
အား အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏။တစ်ယောက်သောသူအားတန်ခိုးကိုပြနိုင်
သောအခွင့်ကိုလည်းကောင်း၊တစ်ယောက်သောသူအားပရောဖက်ပြုနိုင်သောအခွင့်ကိုလည်းကောင်း၊တစ်
ယောက်သောသူအားစိတ်ဝိညာဉ်တို့ ကိုပိုင်းခြား၍သိနိုင်သောအခွင့်တို့ ကိုလည်းကောင်း၊တစ်ယောက်
သောသူအားအမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်ကိုလည်းကောင်း၊တစယောက်သောသူ
အားထိုဘာသာစကား၏အနက်ကို ဖေါ်ပြနိုင်သောအခွင့်ကိုပေးတော်မူ။ ကောရိ န္တုသြ၀ါဒစာ ပဌမစောင်
၁၂း၈-၁၀။
၁၁။အသင်းတော်၌ ၎င်းဆုကျေးဇူးတို့ အလုပ်သည်ဘယ်အရာနှင့် ပုံခိုင်းသနည်း။
ဥပမာကား ကိုယ်တခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတခုတည်းသောကိုယ်အင်္ဂါအပေါင်းတို့ သည်များ
လျှက်နှင့်ကိုယ်တခုတည်းဖြစ်သကဲ့သို့ ထိုနည်းတူခ၇စ်တော်ဖြစ်၏။ကကြောင်းမူကား ယုဒလူဖြစ်စေ၊ဟေ
သလလူဖြစ်စေ။ကျွန်ဖြစ်စေ၊လူလွှတ်ဖြစ်စေ။ငါတို့ ရှိသမျှသည်ဝိညာဉ်တော်တပါးတည်းသောအားဖြင့်၊
တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ငါတို့ ရှိသမျှသည်တစိတ်တ၀ိညာဉ်တည်းထဲသို့လည်း သေက်ကြ
၏။ကိုယ်သည်အင်္ဂါတခုတည်းရှိသည်မဟုတ်၊အများရှိသည်ဖြစ်၍ ခြေကငါသည်လက်မဟုတ်သောကြောင့်
ကိုယ်နှင့်မစပ်ဆိုင်ဟုဆိုလျှင် ၊ထိုသို့ ဆိုသောကြောင့်မစပ်ဆိုင်သည်မှန်သလော။ နားကလည်း၊ငါသည်
မျက်စိမဟုတ်သောကြောင့်ကိုယ်နှင့်မစပ်ဆိုင်ဟုဆှိုလျှင် ၊ထိုသို့ဆိုသောကြောင့်မစပ်ဆိုင်သည်မှန်သလော။
တကိုယ်လုံးသည်မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။တကိုယ်လုံးသည်နားဖြစ်လျှင် အဘယ်သို့ 
နမ်းနိုင်မည်နည်း။ယခုမူကား၊ဘုရားသခင်သည်အလိုတော်၇ှိသည်အတိုင်း၊အင်္ဂါများအသီးသီးတို့ ကိုကိုယ်
၌စီရင်ခန့်ထားတော်မူ၏။ထိုမှတပါးအင်္ဂါအပေါင်းတို့ သည်အင်္ဂါတခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ
ရှိလိမ့်မည်နည်း။ယခုတွင်အင်္ဂါအျားရှိလျှက်နှင့်ကိုယ်တခုတည်းရှိ၏။မျက်စိကသင့်ကိုအလိုမရှိဟု လက်ကို
မဆိုရ။ထိုနည်းတူဦးခေါင်းကသင့်ကိုငါအလိုမရှိဟု၊ခြေတို့ ကိုမဆိုရ။ထိုမျှမက အားနဲဟန်ရှိသောအင်္ဂါတို့ 
သည်သာ၍ကြီးသောအသရေကိုပေးတတ်၏။တင့်တယ်ခြင်းမရှိသောအင်္ဂါတို့ သည်သာ၍ကြီးသောတင့်
တယ်ခြင်းကိုခံရကြ၏။တင့်တယ်လျှက်ရှိသောအဂါတို့ သည်အခြားသောတင့်တယ်ခြင်းကိုမလိုကြ။ကိုယ်
ခန္ဒာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ။အင်္ဂါများတို့ သည်အချင်းချင်း၊သူကိုကိုယ်နှင့်အမျှသတိပြုစေခြင်းငှါ
ဘုရားသခင်သည်ကိုယ်ခန္ဒာကိုမျှစေ၍၊ယုတ်သောအင်္ဂါအား၊သာ၍များသောအသရေကိုပေးတော်မူ၏။
သို့ ဖြစ်၍အင်္ဂါတခုတည်းဆင်းရဲခြင်းကိုခံရလျှင် အင်္ဂအပေါင်းတို့ သည် ဆင်းရဲခြင်းကိုအတူခံရကြ၏။အင်္ဂါ
တခုသည်ချီးမြောက်ခြင်းကိုခံရလျှင် အင်္ဂါအပေါင်းတို့ သည်အတူဝမ်းမြောက်ကြရ၏။သင်တို့ သည်ခရစ်
တော်၏ကိုယ်ဖြစ်ကြ၏။ ကောရိ န္တုသြ၀ါဒစာ ပဌမစောင် ၁၂း၁၂-၂၇။
၁၂။၎င်းဆုကျေးဇူးတို့ ကိုအသင်းတော်တွင် ဘယ်သူပေးထားသနည်း။ဘယ်ကဲ့သို့ စီစဉ်ထားသနည်း။
ဘုရားသခင်သည် ပထမအရာ၌တမန်တော်တို့ ကိုလည်းကောင်း၊ဒုတိယအရာ၌ ပရောဖက်တို့ ကိုလည်း
ကောင်း၊တတိယအရာ၌ ဆရာတို့ ကိုလည်းကောင်း၊ထို့ နောက်တန်ခိုးပြသောသူတို့ ကိုလည်းကောင်း၊
ထို့ နောက်အနာရောဂါကိုငြိမ်းစေသောအခွင့်ရှိသူကိုလည်းကောင်း၊သင်းထောက်တို့ ကိုလည်းကောင်း၊
စီရင်အုပ်စိုးသောသူတို့ ကိုလည်းကောင်း၊အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောသူတို့ ကိုလည်း
ကောင်း။အသင်းတော်တို့ ကိုလည်းကောင်း၊အသင်းတော်၌ ခန့်ထားတော်မူ၏။ ကောရိ န္တုသြ၀ါဒစာ
ပဌမစောင် ၁၂း၂၈။
၁၃။အသင်းတော်တို့ သည်ဤဆုကျေးဇူးတို့ တွင် ဘယ်ဆုကျေးဇူးကို အထူးရှာရမည်နည်း။
ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ကြလော့။ဝိညာဉ်ဆုကျေးဇူးတို့ကိုအလွန် အလိုရှိသည်တွင် ပရောဖက်
ပြုရသောအခွင့်ကိုသာ၍လိုချင်သောစိတ်ရှိကြလော့။ ကောရိ န္တုသြ၀ါဒစာ ပဌမစောင် ၁၄း၁။
သို့သော်လည်းအသင်းတော်၌အခြားသောဘာသာစကားဖြင့် စကားတသောင်းကိုပြောနိုင်သည်ထက်
သူတပါးတို့ ကိုသွန်သင်ခြင်းငှါ စကားငါးခွန်းကိုဥာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကိုသာ၍ အလိုရှိ၏။
ကောရိ န္တုသြ၀ါဒစာ ပဌမစောင် ၁၄း၁၉။
၁၄။ခရစ်တော်သည် ယုံကြည်သောသူတို့ ၌ ဘယ်နိမိတ်လက္ခဏာ ရှိသည်နည်း။
ယုံကြည်သောသူတို့ ၌ဖြစ်အံ့သောနိမိတ်လက္ခဏာ ဟူမူကား ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ ကိုနှင်ထုတ်
လတ္တံ့။ထူးခြားသောဘာသာစကားမျိုးတို့ ကိုပြောကြလတ္တံ့ ။မြွေတို့ ကိုဖမ်းကိုင်ကြလတ္တ့ံ။သေစေတတ်
သောအဆိပ်အတောက်ကိုသောက်စားလျှင် ဘေးဥပါဒ်နှင့်ကင်းလွှတ်ကြလတ္တံ့ ။မကျမ်းမမာသောသူတို့ 
အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့ ၊ဟုမိန့်တော်မူ၏။ရှင်မာကုခရစ်ဝင် ၁၆း၁၇-၁၈။
၁၅။ ယုံကြည်ခြင်း၏ဆုကျေးဇူးသည်ဘာအကျိုးကိုခံရမည်နည်း။
နာသောသူရှိလျှင် သင်းအုပ်တို့ ကိုခေါ်၍သူတို့ သည်ဘုရားသခင်၏နာမတော်ကိုအမှီပြုလျှက် လူနာကိုဆီ
နျင့်လူး၍သူ့အပေါ်မှာ ဆုတောင်းကြစေ။ထိုသို့ ပြုလျှင် ယုံကြည်ခြင်း၏ဆုကျေးဇူးသည် လူနာကိုကယ်
ဆယ်၍ သခင်ဘုရားသည်သူ့ကိုထမြောက်စေတော်မူမည်။သူသည်အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို
လွှတ်တော်မူမည်။ ရှင်ယာကုတ်သြ၀ါဒစာ ၅း၁၄-၁၆။
၁၆။၎င်းဆုကျေးဇူးတို့ သည်အစဉ်အမြဲထင်ရှားမည်လော။
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွှတ်၏။ပရောဖက်ဥာဏ်သော်လည်းကောင်း၊
အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်ကိုသော်လည်းကောင်း၊သိပ္ပံအတတ်ကိုသော်
လည်းကောင်း၊ကွယ်ပျောက်လိမ့်မည်။ ကောရိ န္တုသြ၀ါဒစာပဌမစောင် ၁၃း၈။
၁၇။ဆုကျေးဇူးတို့ သည်ဘယ်သောအခါ၌ ကွယ်ပျောက်မည်နည်း။
ယခုမူကား ငါတို့သည်မစုံမလင်သိတတ်ကြ၏။ပရောဖက်ဥာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။စုံလင်ခြင်း
သို့ရောက်သောအခါမူကား မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။ ကောရိ န္တုသြ၀ါဒစာ
ပဌမစောင် ၁၃း၉-၁၀။
၁၈။ဆုကျေးဇူးတို့ ကို ဘယ်အတွက်ကြောင့် ထားတော်မူသနည်း။
ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း သန့်၇ှင်းသူတို့ ကို
ပြင်ဆင်ခြင်းအလိုငှါ ထိုသခင်သည်လူအချို့ တို့ ကိုတမန်တော်အရာ၌ လည်းကောင်း။အချို့ တို့ ကိုပရော
ဖက်အရာ၌လည်းကောင်း။အချို့ ကိုသာသနာပြုရာ၌လည်းကောင်း၊အချို့ ကိုသင်းအုပ်အရာ၊ဆရာအရာ၌
လည်းကောင်း၊ခန်ု့ထားတော်မူ၏။ငါတို့ ၇ှိသမျှတို့ သည်ယုံကြည်ခြင်းသို့ လည်းကောင်း၊။ဘုရားသခင်၏
သားတော်ကိုသိကျွမ်းခြင်းသို့ လည်းကောင်း၊တညီတညွှတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်း၊ပမာ
ဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ၊ရောက်ကြသည့်တိုင်အောင် ဖြစ်သတည်း။
ဧဖက်သြ၀ါဒစာ ၄း၁၁-၁၃။
၁၉။အသင်းတော်မှာ ဆုကျေးဇူးရှိသောကြောင့် ဘာအကျိုးရသနည်း။
ငါတို့ သည်နောက်တဖန်ခပ်သိမ်းသောသြါဒလေတိုက်၍ဖရိုဖရဲလွှင့်သွားသောသူငယ်မဖြစ်ဘဲလျှက်
မေတ္တာစိတ်နှင်သမ္မာတရားကို ဟောပြောသဖြင့်ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့ ၌
ကြီးပွါးကြမည်အကြောင်းတည်း။ ဧဖက်သြ၀ါဒစာ ၄း၁၄-၁၆။
၂၀။အသင်းတော်၌ ဆုကျေးဇူးအပေါင်းထင်ရှားမည်လော။
ထို့ ကြောင့်သင်တို့ သည်ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကိုမြော်လင့်၍နေစဉ် ဆုတော်
တစုံတခုမျှမလျှော့ ဘဲ စုံလင်လျှက်ရှိကြ၏။ကောရိ န္တုသြ၀ါဒစာ ပဌမစောင် ၁း၇။
၂၁။ကြွင်းကျန်သောအသင်းတော်ကိုဘာအထူးလက္ခဏာ အားဖြင့်သိနိုင်သနည်း။
နဂါးသည် မိန်းမကိုအငြိုးထား၏။ဘုရားသခင်၏ပညတ်တော်တို့ ကိုကျင့်၍ ယေရှု၏သက်သေခံေံတ်ာမူချက့် 
ကိုစွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၏ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။
ဗျာဒိတ်ကျမ်း ၁၂း၁၇။
၂၂။ယေရှု၏သက်သေခံတော်မူချက်သည် ဘယ်အရာဖြစ်သနည်း။
ငါသည်ထိုသူကိုကိုးကွယ်ခြင်းငှါခြေရင်း၌ပျပ်ဝပ်၏။သူကလဲမပြုပါနှင့်။ငါကားသင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏
။ယေရှု၏သက်သေခံတော်မူချက်ကိုဆောင်သောသင်၏ညီအကိုတို့ ၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ဘုရား
သခင်ကိုကိုးကွယ်လော့။အကြောင်းမူကားပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏သက်သေ
ဖြစ်သတည်း။ ဗျာဒိတ်ကျမ်း ၁၉း၁၀။
၂၃။ထို့ကြောင့်နောက်ဆုံးသောကာလ၌ ဘုရားသခင်၏အသင်းတော်မှာ ဘယ်လက္ခဏာ နှစ်ပါးထင်ရှား
သနည်း။
အဖြေ။ ။ပရောဖက်ဟောသောစကားချက်သဘောနှင့် ဘုရားသခင်၏ပညတ်တို့ ကိုစောင့်ခြင်း။
၂၄။နောက်ဆုံးသောကာလ၌မည်သည့်အခြားသောတန်ခိုးတို့ ထင်ရှားမည်နည်း။
နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏၀ိညာဉ်ဖြစ်သတည်း။ထိုဝိညာဉ်တို့သည်လောကီတနိုင်ငံလုံးတွင်
ရှိသော ရှင်ဘုရင်တို့ ထံသို့ ထွက်သွား၍ ။အနန္ဒ တန်ခိုးနှင်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ ကြီး၌
စစ်တိုက်ခြင်းအလို့ ငှါ စုဝေးစေကြ၏။ ဗျာဒိတ်ကျမ်း ၁၆း၁၄။
ထိုအဓမ္မ လူ၏လာခြင်းအကြောင်းဟူမူကား။စာတန်ပြုပြင်သောအားဖြင့်မုသာနှင့်စပ်ဆိုင်သော၊ထူးဆန်း
သောတန်ခိုး၊နိမိတ်လက္ခဏာ ၊အံ့ဖွယ်သော အမှုအမျိုးပျိုးနှင့်၎င်း၊ပျက်စီးခြင်းနှင့်ရောက်သောသူတို့ တွင်
မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့် ၎င်းလာလိမ့်မည်။ အကြောင်းမူကား၊ထိုသူတို့ သည်ကယ်တင်ခြင်း
သို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့ လျှော်သောစိတ်ကို မခံမယူကြ။ သက်သာလောနိတ် သြ၀ါဒစာ
၂း၉-၁၀။
အကြောင်းမူကား ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိ စ္ဆာပရောဖက်တို့သည်ရွေးချယ်သောသူ
တို့ ကိုပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊အံ့ဖွယ်သောအမှုတို့ ကို
ပြုကြလိမ့်မည်။ ရှင်မဿဲခရစ်ဝင် ၂၄း၂၄။
၂၅။နောက်ဆုံးသောကာလ၌ သမ္မာဝိညာဉ်၏ထင်ရှားခြင်းသာမဟုတ်ဘဲမိ စ္ဆာဝိညာဉ်၏ထင်၇ှားခြင်းလည်း
ရှိမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည်ဘယ်ကဲ့သ်ု ပြုရမည်နည်း။
ပရောဖက်ပြုခြင်းကိုမထီမဲ့မြင်မမှတ်ကြနှင့်။ခပ်သိမ်းသောအရာတို့ ကိုစုံစမ်း၍ ကောင်းသောအရာကိုအမြဲ
ကိုင်စွဲကြလော့။ သက်သာလောနိတ် သြ၀ါဒစာ ၅း၂၀-၂၁။
ချစ်သူတို့ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ ကိုမယုံကြနှင့်။စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်
မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။အကြောင်းမူကား၊မိစ္ဆာ ပရောဖက်အများတို့သည်ဤလောသို့သွားကြပြီ။
ဘုရားသခင်၏၀ိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊လူ့ဇာတိအားဖြင့်ကြွလာတော်မူသော
ယေရှုခရစ်ကိုဝန်ခံသော ၀ိညာဉ်မည်သည်ကား ဘုရားသခင်နှင့်စပ်ဆိုင်၏။လူဇာတိအားဖြင့်ကြွလာတော်
မူသော ယေရှုခရစ်ကိုဝန်မခံသော ၀ိညာဉ်မည်သည်ကား။ဘုရားသခင်နှင့်မစပ်ဆိုင် ။ထိုသို့သောဝိညာဉ်
ကားသင်တို့သည်ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍ ယခုပင်လာလျှက်ရှိသော အန္တိ
ခရစ်၏၀ိညာဉ်ဖြစ်၏။ ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၄း၁-၃။
တရားတော်ကို၎င်း၊သက်သေခံတော်မူချက်ကို၎င်း၊နားထောင်ကြကုန်။သူတို့ ပြောသောစကားသည် နှုတ်
ကပါတ်တော်နှင့်မညီလျှင်သူတို့ ၌ အာရုံမတက်သေး။ဟေရှာယအနာဂတ္တိကျမ်း ၈း၂၀။
