Showing posts with label သမ္မာကျမ်စာလေ့လာရန်. Show all posts
Showing posts with label သမ္မာကျမ်စာလေ့လာရန်. Show all posts

Thursday, February 7, 2019

နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။



တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၃;၁း၇
 နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊
လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကိုရှုတ်ချသောသူ၊မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊
ပကတိကြင် နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣနြေ္ဒကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊
သစ္စာကိုဖျက်တတ်သောသူ၊ သတိ ပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း ကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊
မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။
ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူး အပြားပြားသော လောဘကိလေသာသွေး ဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သောမိန်းမမိုက် တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။
ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကို ဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင် ဆောင်သောသူဖြစ်ကြ၏။
ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄း၇-၁၅
လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။
ထိုကာလ၌ လူအများတို့သည် သင်တို့ကိုညှင်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြ လိမ့်မည်။
ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကို တယောက် အပ်ကြလိမ့်မည်။
အချင်းချင်းမုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။
မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။
အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။
ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည် ပါစေ။
ရှင်မဿဲခရစ်ဝင်ကျမ်း ၄း၁-၁၁
ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊ ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။
ထိုအခါမာရ်နတ်သည် ယေရှုကိုသန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋိ၌ တင်ထား ပြီးလျှင်၊
ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည် ဟု လာ၏။ ထိုကြောင့်ဘုရားသခင် ၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။
ယေရှုကလည်း သင်၏ဘုရား သခင်ထာဝရဘုရားကို သင်သည်အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။
၈တဖန် မာရ်နတ်သည်ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ဘုန်းစည်းစိမ်ကို၎င်း ပြညွန်၍၊
ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကိုငါပေးမည်ဟုဆိုလေ၏။
ယေရှုကလည်း အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကို သာဝတ်ပြုရမည် ကျမ်းစာလာသည် ဟု မိန့်တော် မူ၏။
ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည်ချဉ်းကပ်လျက် လုပ်ကျွေးကြ၏။

ပညတ်တရားနှစ်မျိုး အကြောင်း


၁။နောက်ဆုံး၌ တရားစီရင်ခြင်း အယောက်ဆီတိုင်တို့ရှိသနည်း
လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့။ ရှင်ယာကုပ်သြဝါဒစာ၂း၁၂အချုပ်အခြာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍၊ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ဤရွေ့ကား၊လူနှင့်ဆိုင်သောအမှုဟူကားအလုံးစုံတို့ကိုချုပ်ခြာသတည်း။အကြောင်းမူကား၊ဘုရားသခင်သည်ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍၊တရားသဖြင့်စီရင်တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။ဒေသနာကျမ်း၁၂း ၁၃-၁၄
၂။ပညတ်တရားအဘယ်သို့ပညတ်တရားအားဖြင့်ဘူရားသခင်၏လူမျိုးတို့ကိုတရားစီရင်ခြင်းရှိမည်သနည်း။ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအဖွဲ့ နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။အထွဋ်အမြတ်၊အာဏာစက်များကိုလုယူလျှင်၊ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ထိုကြောင့်စားသောက်ခြင်းအမှု၊ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကားခရစ်တော်၏ကိုယ်ဖြစ်၏။ကောလောသဲသြဝါဒစာ ၂း ၁၄း၁၇
၃။ပညတ်တရား နှစ်မျိုးတို့၌ အဘယ်သို့ခေါ်ဆိုသနည်းမောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊စပါးနင်းနယ်သော နွား၏နှုတ်ကိုမချုပ်တည်းရဟုလာ၏။ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူသလော။ ကောရိ န္တု သြဝါဒစာပဌမစောင်း၉း၉
၎။ဒုစရိတ်ကိုလွန်ကျူးသော သူမည်သည်ကား အဘယ်သို့ရှိသနည်းဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန် ကျူးခြင်းဖြစ်သတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎
၅။ထာဝရဘုရားသခင်အားဗြဟံသည် အဘယ်သို့ရှိသည်ဟူ၍မိန့်တော်မူသနည်းအကြောင်းမူ ကား၊ အာဗြဟံသည်ငါ့စကားကိုနားထောင်၍၊ငါစီရင်မှာထားသောပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက် သတည်း ဟုမိန့်တော်မူ၏။ကမ္ဘာဦးကျမ်း ၂၆း ၅
၆။ပညတ်ဝပ်နည်းနှင့်ဆိုင်သော ပညတ်တရား အဘယ်အတွက်ကြောင့်ဖြစ်ပေါ်လာသနည်းအချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံပူဇော်သက္ကာဘို့၊ မြေအသီးကိုဆောင်ခဲ့၏။အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဘွား သောသားအချို့နှင့်၊သိုးဆီဥကိုဆောင်ခဲ့၏။ထာဝရဘုရားသည်အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။ကမ္ဘာဦးကျမ်း၎း၃-၄အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကိုရလေ၏။အဘယ်သို့နည်းဟူမူကား၊ သူလှူသော အလှူကိုဘုရားသခင်သည်လက်ခံတော်မူ၏။သို့ဖြစ်၍၊အာဗေလသည် သေလွန်သော်လည်း ယခုပင် တရား ဟောသေး၏။ ဟေဗြဲသြဝါဒစာ ၁၁း၎
၇။ထာဝရ ဘုရားသခင်သည် မောရှေအား အဘယ်ကဲ့သို့မိန့်တော်မူသနည်းထာဝရဘုရားသည် လည်း၊မီးထဲကသင်တို့အားမိန့်မြွက်တော်မူ၏။သင်တို့သည်သဏ္ဌာန်တော်ကိုမမြင်ရဘဲ၊စကားတော်အသံကို သာကြား ရကြ၏။သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်း ဟူသောပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြား နှစ်ပြားပေါ်၌ ရေးထားတော်မူ၏။တို့သည်သွား၍ဝင်စားသောပြည်၌ ကျင့်စရာဘို့ သင့်တို့အား ငါသွန်သင် ရသောစီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ထိုအခါထာဝရဘုရားသည် ငါ့အားမှာထား တော်မူ၏။တရားဟောရာကျမ်း ၄း ၁၂-၁၃
၈။မောရှေသည်ပညတ်တရားစကားတော်အလုံးစုံးတိုကိုအကုန်အစင် ရေးထားပြီးမှာအဘယ်သို့ထားသနည်းမောရှေသည် ဤပညတ်တရားစကားတော်အလုံးစုံ တို့ကိုအကုန်အစင် ရေးထားပြီးမှ၊ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားကိုခေါ်၍၊ဤပညတ္တိကျမ်းစာသည်သင်တို့အမျိုးတဘက်၌သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။ တရားဟောရာကျမ်း ၃၁း၂၄-၂၆
၉။ဘုရားသခင် ပေးသာနားတော်မူသော ပညတ်တော်ဘယ်နပါးရှိသနည်းထိုစကားတော်ကို ထာဝရဘုရားသည်တောင်ပေါ်မှမီး၊မိုဃ်းတိမ်၊ထူထပ်သော မှောင်မိုက်ထဲကကြီးစွာသောအသံနှင့် သင်တို့စည်းဝေးရာ ပရိသတ်အပေါင်းတို့အားမိန့်မြွက်တော်မူ၏။ထပ်၍မိန့်မြွက်တော်မမှု။ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တ်ာမူ၏။ တရားဟောရာကျမ်း၅း၂၂
၁၀။ဝပ်နည်းနှင့်ပညတ်တရား အဘယ်သို့ရှိကြသနည်းအဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည်ငါတို့၏ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကိုကိုယ်ခန္ဓွာတော်တွင်ပယ်ရှင်းတော်မူသဖြင့်၊ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကိုဖြိုဖျက်၍လူမျိုးနှစ်စုတို့ကိုတစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊ ဧဖက်သြဝါဒစာ ၂း၁၅
၁၁။ထာဝရဘုရားသခင်၏ပညတ်တရားနှင့်ထာဝရဘုရားသခင်၏ပညတ်တရားတော်တို့အဘယ်သို့ရှိသနည်းထာဝရဘုရား၏တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ထာဝရဘုရား၏သက်သေခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်၏။ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ပညတ်တော်သည်စင်ကြယ်သည်ဖြစ်၍မျက်စိကိုရှင်းလင်းစေတတ်၏၊၊ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်သန့်ရှင်းသည်ဖြစ်၍ကာလအစဉ်အမြဲတည်၏။ထာဝရဘုရား၏စီရင်တော်မူချက်တို့သည်သစ္စာတရားနှင့်ညီ၍တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏။ ဆာလံကျမ်း၁၉း၇-၉
၁၂။ထာဝရ ဘုရားသခင်သည် အဘယ်သို့နှစ်သက်တော်မုသနည်းထာဝရဘုရားသည်မိမိဖြောင့်မတ်ခြင်းကြောင့်အားရနှစ်သက်သဖြင့်၊တရားတော်ကိုမြှောက်၍ဂုဏ်သရေနှင့်ပြည့်စုံတော်မူစေသည်။ ဟေရှာယအနာဂတ္တိကျမ်း ၄၂း ၂၁
၁၃။ယေရှုခရစ်တော် အဘယ်သို့ပြည့်စုံခြင်းငှါလာသနည်းပညတ္တိကျမ်း၊အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှါငါလာသည်ဟုမထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါငါလာသည်တည်း။ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ ရှင်မဿဲခရစ်ဝင်၅း၁၇-၁၈ ငါသည်ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ခမည်းတော်၏ မေတ္တာ၌တည်နေသကဲ့သို့သင်တို့သည်ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅း၁၀ပြစ်မှားခြင်းကိုမပြု။သူ၏နှုတ်၌မုသားမရှိသော်လည်း၊လူဆိုးတို့နှင့်အတူ မြေမြုပ်နံခြင်းငှါစီရင်ကြ၏၊၊သို့ရာတွင်သေပြီးမှသူဌေး၌ရှိ၏။ ဟေရှာယအနာဂတ္တိကျမ်း ၅၃း၉ထိုသခင်သည် ဒုစရိုက်ကိုမပြူ။နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။ရှင်ပေတရုသြဝါဒစာပဌမစောင်၂း၂၂ထိုသခင်ယေရှု သည် ငါတို့အပြစ်ကြောင့်အပ်နှံခြင်း ကိုခံတော်မူ၏။ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။ရောမသြဝါဒစာ ၄း၂၅
၁၄။ယေရှုခရစ်တော် လက်ဝါးကပ်တိုင်အပေါ်၌ အသံခံခြင်းပညတ်ဝပ်နည်းနှင့်ဆိုင်သောပညတ်အဘယ်သို့ပညတ် အဘယ်သို့စောပညတ်ဖြစ်သနည်း။ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအဖွဲ့ နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊လက်ဝါးကပ်တိုင်မှာရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။ ကောလောသဲသြဝါဒစာ ၂း၁၄အဘယ်သို့နည်းဟူမူကား၊ထိုသခင်သည်ငါတို့၏ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကိုကိုယ်ခန္ဓွာတော်တွင်ပယ်ရှင်းတော်မူသဖြင့်၊ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တန်တိုင်းနံရံကိုဖြိုဖျက်၍လူမျိုးနှစ်စုတို့ကိုတစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်။ ဧဖက်သြဝါဒစာ ၂း၁၅
၁၅။ပညတ်တရား ဝပ်နည်းထုံအဖွဲနှင့်ဆိုင်သော ပညတ်မည်သည့်ပညတ်ဖြစ်သနည်းယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ကိုသိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။ ဟေဗြဲသြဝါဒစာ ၁၀း၁
၁၆။တမန်တော်ရှင်ပေါလု၏ ထုံဆံတို့သည် (ဘုရားသခင်၏)ပညတ်တော်တို့အဘယ်သို့ရှိသနည်းထိုကြောင့်၊တရားတော်သည်သန့်ရှင်းခြင်းရှိ၏။ပညတ်တရားလည်းသန့်ရှင်းခြင်း၊ဖြောင့်မတ်ခြင်း၊ကောင်းမြတ်ခြင်းရှိ၏။သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည်ငါ၌သေခြင်းအကြောင်း ဖြစ်သလော။မဖြစ်နိုင်ရာ။အပြစ်တရားသည်မိမိသဘောကိုထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့်ငါ၌ သေခြင်းကိုပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့်အပြစ်တရား သည်ပညတ်တော်အားဖြင့်အလွန်အပြစ်နှင့်ပြည့်စုံခြင်းရှိသတည်း။ထိုမှတပါး၊ ပညတ်တရားသည်ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သည်ကိုငါတို့သိကြ၏။ ငါမူကားဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ ရာမသြဝါဒစာ ၇း၁၂-၁၄
၁၇။ယုံကြည်ခြင်းတရား၌ ခရစ်တော်၌ ရှိလျှင် အဘယ်သို့ရှိသနည်း။ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။ရောမသြဝါဒစာ ၃း၃၁
၁၈။တမန်တော်ရှင်ပေါလုသည်ဝပ်နည်းထုံးအဖွဲ့နှင့်ဆိုင်သောပညတ်တို့ခရစ်တော်၌အဘယ်သို့ရှိသနည်း။ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ခရစ်တော်အားဖြင့်အဘယ်အကျိုးကိုမျှ မရနိုင်ကြ။ ဂလာတိသြဝါဒစာ ၅း၂
၁၉။ခရစ်တော်သည် ပညတ်တရားများတို့သည်အဘယ်မျှလောက် တည်ရှိမည်ဟူ၍ မိန့်တော်မူသနည်းငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံးဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။ရှင်မဿဲခရစ်ဝင် ၅း၁၈
၂၀။ပညတ်တရား ဥပုသ်နေ့ ဆိုင်သော ပညတ်တရားများအဘယိသု့ရှိသနည်း။သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။အကြောင်းမူကား၊ဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ကမ္ဘာဦးကျမ်း ၂း၂-၃

ကျွန်ပ်တို့ကာလ၌ ပရောဖက်ပြုချက်


ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊
ဧဖက်သြဝါဒစား၎-၁၁
မှတ်ချက်။တမန်တော် အချို့တို့သည် ဧဝံဂေလိတရားကိုဟောပြောကြသည် အချို့သော ဆရာသမားတို့
ဧဝံဂေလိ တရားကို သွန်သင်သောဆရာများဖြစ်ကြသည်
၂။ဘုရားသခင်သည်နောင်ကာလ၌ ယုံကြည်သူတို့ သည် ဘုရားသခင်သိကျွမ်းခြင်းအရာ၌မည်သို့
သနာတော်မူသနည်း
ငါတို့ ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။ ဧဖက်သြဝါဒစား၎း၁၃
မှတ်ချက်။ဘုရားသခင်၏သာတော်ကိုသိကျွမ်းခြင်းသိုရောက်သောအခါတညီတညွတ်ရောခရစ်တော်၏ပြည့်
စုံခြင်း တလုံးတဝတ်ာရှိကြသည်
၃။နောင်ကာလ၌ အယ်သို့ပရောဖက်ပြုကြမည်သနည်း
ထိုနောက်မှ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်အကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသော သူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကိုလည်း မြင်ရကြလိမ့်မည်။
ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့သို့ ငါ၏ဝိညာဉ်တော်အပေါ်ကို ငါသွန်းလောင်၍၊ သူတို့သည်ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
မိုဃ်းကောင်ကင်၌င်း၊ မြေကြီးပေါ်၌င်း၊ အံ့ဘွယ် သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကိုငါပြမည်။
ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
ထိုအခါ ထာဝရဘုရား ကိုပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ အကြောင်းမူကား၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရားခေါ်တော်မူသော အကျန်အကြွင်းတို့အဘို့ ကယ်တင်ခြင်း အခွင့်ရှိရလတံ့။ ယောလအနာဂတ္တိကျမ်း ၂း ၂၈-၃၂
က။သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
ခ။ အသက်ကြီးသော သူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်
ဂ။ ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့သို့ ငါ၏ဝိညာဉ်တော်အပေါ်ကို ငါသွန်းလောင်၍၊
ဃ။သူတို့သည်ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
င။ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။လသည်
လည်း သွေးဖြစ်လိမ့်မည်
၎။နောက်ဆုံးသောကာလ၌အံ့သြဘွယ်သော မည်သည့်အရာများဖြစ်လိမ့်မည်သနည်း
ထိုအခါ ထာဝရဘုရား ကိုပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ အကြောင်းမူကား၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရားခေါ်တော်မူသော အကျန်အကြွင်းတို့အဘို့ ကယ်တင်ခြင်း အခွင့်ရှိရလတံ့။
ယောလအနာဂတ္တိကျမ်း ၂း ၃၂
က။အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို အမှီပြုလျက်၊ ရွှင်လန်းကြလော့
ခ။အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့် နောက်မိုဃ်းကို သင်တို့အပေါ်မှာ ရွာစေတော်မူမည်။
မှတ်ချက်။ မိုဆိုသောအကြောင်းအရာများ ဝိညာဉ်တော်မိုဃ်းကိုဆိုလိုခြင်းဖြစ်ကျန်သည်

၁။တမန်တော် ရှင်ပေါလုသည် အဘယ်သို့သောစကားကိုပြောသနည်း
၅။ကျန်ကြွင်းသော အသင်းတော်၌ အဘယ်သို့ သောအချက်နှစ်ပါရှိသနည်း
နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း ၁၂း ၁၇
က။နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊
ခ။ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို
ဂ။ နဂါးသည် မိန်းမကိုအငြိုး ထား၏။အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။
၆။သက်ချက်ယေရှုအဘယ်သို့ရှိသနည်း
၁၀ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင်း၌ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အား ပြောဆို၏။
ဗျာဒိတ်ကျမ်း ၁၉း ၁၀
က။ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင်း၌ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်
ခ။ငါကား သင်၏လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏
မှတ်ချက်။ယောဟန်သည်။ကောင်းကင်တမန်နှင့်တွေ့သောအခါတွင် ကောင်းကင်တမန်၏ရှေ့၌ ပြပ်ဝပ်
ဝပ်၏။ ကောင်းကင်တမန်သည် အဘယ်သို့ ဆိုသည်မှာငါကား သင်၏လုပ်ဘော်ဆောင်ဘက် ဖြစ်၏။
ဘာဖြစ်သေလဲ။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏
၇။ပရောဖက်ပြုခြင်းအရာ၌ အဘယ်သို့ရှိသနည်း
သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ဗျာဒိတ်ကျမ်း ၂၂း ၉
ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည်မင်္ဂလာရှိ၏
ဟုပြောဆို၏။ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော
ကောင်းကင်တမန်၏ ခြေရင်း၌ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။သူကလည်း၊မပြုပါနှင့်။ငါကား၊သင်၏လုပ်ဘော်
ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။
၈။သူမသည်လူအများပြောဆိုကြသောသူ သက်ချက်များ၌ သူမသည်ပရောဖက်မဖြစ်ယနေ့ကာလ
ကျန်ကြွင်းသော အသင်းတော်၌တွင် သူမသည် ပရောဖက်မဖြစ်သည်
မှတ်ချက်။ဒီဇင်ဘာလ ၁၈၄၄ နှစ် တွင် သူမသည် မဲသ်ဒစ် အသင်းတော် အမျိုးသမီးငယ်တဦးဖြစ်သည်
ဆုတောင်းတာဖောသလ်မြို့ (Portland) Maine) အခါ၌ သူအထဲတယောက် Ellen G White သူမသည်
ရူပါရုံ အကြားအမြင်အသီးဆုံး အကြိမ်းဖြစ်သည် သူ့မသည် အသက် ၁၇ နှစ်သာသမီးအရွယ်သူမသည်ကျန်
မာရေးသိပ်မကောင်းဘူး အိပ်မက်အားရူပါရုံ ၆၉ နှစ်တိုင်အောင်သူမသေကွယ်လွန်သောအခါ ၁၉၁၅နှစ်
ဖြစ်သည်
၉။Ellen G White သူမ၏ အိပ်မက်ရူပါရုံအဘယ်မျှလောက်သေခြားမှုရှိလဲ
ဗျာဒိတ်ကျမ်း၏အနက်အဓိပ္ပါယ်
သခင်ခန်းစာ (၁၇)ကိုပြန်ဖတ်ပါ
မှတ်ချက်။သမ္မာကျမ်းစာ၌ပရောဖက်များတို့သည် ရူပါရုံးကိုမြင်သော အဘယ်သို့ အံ့သြေစရာထူခြားမှုရှိ
သည်မှာ ဘုရားသခင်၏ ပရောဖက်တို့သည် ရူပါရုံ ကြားမြင်သောအခါ၌ ထူခြားမှုရှိသည်မှာ အသက်ရှင်
လျက်နှင့်အသက်မရှုမရှိုက်ဘူးတာကိုတွေ့မြင်ရသည်ပရောဖက်ကြီးဒံယေလသည်ဗျာဒိတ်ရူပါရုံကိုငါအံ့သြ
သော်လည်း၊ ထိုအမှုကို အဘယ်သူမျှမရိပ်မိကြ။ရူပါရုံကိုမြင်ရလျှင်၊ခွန်အားလျော့၍မျက်နှာပျက်လျက်၊
ကိုယ်၌အစွမ်းသတ္တိအလျှင်းမရှိဖြစ်လေ၏သို့ရာတွင်၊ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ၊
မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ကျွန်ပ်တို့ဘုရားသခင်၏ ပရောဖက်များတို့သည် ရူ
ပါရုံကိုကြားမြင်းသောအခါ လူ၏ကိုယ်ခန္ဒာသည် ခွန်အားချဆင်းသွားသည်ကိုသိရှိသည် Ellen G White ရူပါရုံ ကိုကြားမြင်သော သမ္မာကျမ်းအုပ် အိမ်မှာ ထားရှိသော ကျမ်းစာအုပ် အလေးချိန် ပေါင်း၉၅
(95 Pound) ရှိသမ္မာကျမ်းအုပ် လက်တဖက်နှင့် မြောက်ထားခြင်းသည် ထူခြားချက်များစွာရှိသည် အဘယ်
သို့ဖော်ခြင်းရှိသည်မှာ အနာဂတ္တိ အရာများဖော်ပြလျက်ရှိသည် ထိုအမှုအရာတို့သည် လူအားဖြင့်မဖြစ်နိုင်
ဘုရားသခင်ထံမှာ လာသောရူပါရုံ။ဖြစ်၏။ ထိုသို့ စာတန်မာရ်နတ်သည်သမ္မာကျမ်း၌ သက်ဆိုင်သောအရာ
များ ကျွန်ပ်တို့ ဟုတ်မှန်ကြောင်း အဘယ်သို့ဆန်းစစ်ကြည့်နိုင်မည်သနည်း။သမ္မာကျမ်းစာဓမ္မဟောင်ကျမ်း
ဓမ္မသစ်ကျမ်း စာရှိသမျှတို့အတိုင် ပညတ်တရားများနှင့်အညီ ကျင့်ကြံသောသူမှ သာလျှင် ပရောက်ဖက်စစ်
မှဟုတ်ကြောင်းသိနိုင်သည်..သမ္မာကျမ်းစာများမညီပါက ထိုသူသည် စာတန်၏လူဖြစ်သည်
၁၀။ဘုရားသခင်၏ ထံမှလာ ပရောက်ဖက်နှင့်စာတန်ဆထံမှလာသောပရောက်ဖက်ဆန်စစ်ကြည့်
မည်သနည်း
တရားတော်ကို၎င်း၊သက်သေခံတော်မူချက်ကိုင်း၎င်းနားထောင်ကြကုန်၊၊သူတို့ပြော သောစကားသည် နှုတ်က
ပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊ဟေရှာယအနာဂတ္တိကျမ်း ၈း၂၀
မှတ်ချက်။သူတို့ ဟောပြောသောသက်သေခံချက်ကိုဩ ဟောပြောသောတရားတော်ကို၎င်းသမ္မာတရားနှင့်
မညီလျှင်။ထိုသူတို့အလင်းတရားမရှိသော သူများဖြစ်ကြောင်းသိရှိနိုင်သည်
၁၁။ပရောဖက်စစ်မစစ်အဘယ်သို့သိနိုင်မည်သနည်း

 ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ။
ဘုရားသခင်၏ ဝိညာဉ်တော်ကိုအဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအား ဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း၊ ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။
 ချစ်သားတို့၊ သင်တို့သည်ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်းအောင်ကြပြီ။ အကြောင်မူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသော သူထက် သာ၍ကြီးတော်မူ၏။
ထိုသူတို့သည်လောကနှင့် စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်း အရာကိုပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကိုနားထောင်တတ်ကြ၏။
ငါတို့မူကား၊ ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရား သခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့ စကားကိုနားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်း သိရကြ၏။
ရှင်ယောဟန်သြဝါဒစာပဌမစောင် ၄း၁း၆

Tuesday, February 5, 2019

The 2300 Day prophecy Bible Study Daniel:8:14

The 2300 Day Prophecy Bible Study (Daniel 8:14)
Posted on November 11, 2010 at 2:58 PM 
The 2300 Day Prophecy Bible Study (Daniel 8:14) 

Introduction:
The truth of the 2300 Day Prophecy is amongst the many different sublime truths of the gospel. It is one of the pillars of our faith and the sole topic which was used to form our church today as it is amongst the 28 Fundamental Beliefs. 

Daniel 8:14
“And he said unto me, Unto two thousand and three hundred days; then shall the sanctuary be cleansed.” 

How long is a day in Bible prophecy?
“And when thou hast accomplished them, lie again on thy right side, and thou shalt bear the iniquity of the house of Judah forty days: I have appointed thee each day for a year.” Ezekiel 4:6

“After the number of the days in which ye searched the land, [even] forty days, each day for a year, shall ye bear your iniquities, [even] forty years, and ye shall know my breach of promise.” Numbers 14:34

When did the 2300 days begin?
“Seventy weeks are determined upon thy people and upon thy holy city, to finish the transgression, and to make an end of sins, and to make reconciliation for iniquity, and to bring in everlasting righteousness, and to seal up the vision and prophecy, and to anoint the most Holy.

Know therefore and understand, [that] from the going forth of the commandment to restore and to build Jerusalem unto the Messiah the Prince [shall be] seven weeks, and threescore and two weeks: the street shall be built again, and the wall, even in troublous times.” Daniel 9:24, 25

“That which led to this movement was the discovery that the decree of Artaxerxes for the restoration of Jerusalem, which formed the starting-point for the period of the 2300 days, went into effect in the autumn of the year B. C. 457, and not at the beginning of the year, as had been formerly believed. Reckoning from the autumn of 457, the 2300 years terminate in the autumn of 1844.” {GC88 398.3}
“In the seventh chapter of Ezra the decree is found. [Ezra 7:12-26.] In its completest form it was issued by Artaxerxes, king of Persia, B. C. 457. But in Ezra 6:14 the house of the Lord at Jerusalem is said to have been built “according to the commandment [margin, decree] of Cyrus, and Darius, and Artaxerxes king of Persia.” These three kings, in originating, re-affirming, and completing the decree, brought it to the perfection required by the prophecy to mark the beginning of the 2300 years. Taking B. C. 457, the time when the decree was completed, as the date of the commandment, every specification of the prophecy concerning the seventy weeks was seen to have been fulfilled.” {GC88 326.2}

An understanding
According to our prior understanding, the 2300 Day Prophecy started in 457BC. The next thing that we must know is what the next time period allocated was and when it came to its end.

What was the next time period and what event fulfilled it?
The 62 weeks and 7 weeks.
The baptism of Jesus.

“Know therefore and understand, [that] from the going forth of the commandment to restore and to build Jerusalem unto the Messiah the Prince [shall be] seven weeks, and threescore and two weeks: the street shall be built again, and the wall, even in troublous times.” Daniel 9:25

The calculation
The 62 weeks and 7 weeks.
The 7 weeks are a continuation of the 62.
Therefore, we need to add the 7 weeks to the 62 weeks which will give us 69 weeks.
62 weeks + 7 weeks = 69 weeks
According to the day-year rule, 1 day is equal to 1 year.
Therefore, we need to multiply 69 weeks by 7 because there are 7 days within a week.
69 x 7 = 483 years.

What took place 483 years later after 457BC?
“A starting point for this period is given: "Know therefore and understand, that from the going forth of the commandment to restore and to build Jerusalem unto the Messiah the Prince shall be seven weeks, and threescore and two weeks," sixty-nine weeks, or four hundred and eighty-three years. Daniel 9:25. The commandment to restore and build Jerusalem, as completed by the decree of Artaxerxes Longimanus (see Ezra 6:14; 7:1, 9, margin), went into effect in the autumn of B. C. 457. From this time four hundred and eighty-three years extend to the autumn of A. D. 27. According to the prophecy, this period was to reach to the Messiah, the Anointed One. In A. D. 27, Jesus at His baptism received the anointing of the Holy Spirit, and soon afterward began His ministry.” {DA 233.1}

Did anything take place after the 483 years were done?
“Seventy weeks are determined upon thy people and upon thy holy city, to finish the transgression, and to make an end of sins, and to make reconciliation for iniquity, and to bring in everlasting righteousness, and to seal up the vision and prophecy, and to anoint the most Holy.” Daniel 9:24
Another calculation
According to the text that was just mentioned, 70 weeks were given to the Jews to make an end of sins.
If there are 7 days within a week then we must multiply 7 days by 70 weeks to give us 490 years.
7 days x 70 weeks = 490 years

What happened between the baptism of Jesus and the end of the 490 years?
“And he shall confirm the covenant with many for one week: and in the midst of the week he shall cause the sacrifice and the oblation to cease, and for the overspreading of abominations he shall make [it] desolate, even until the consummation, and that determined shall be poured upon the desolate.” Daniel 9:27

Then, said the angel, "He shall confirm the covenant with many for one week [seven years]." For seven years after the Saviour entered on His ministry, the gospel was to be preached especially to the Jews; for three and a half years by Christ Himself; and afterward by the apostles. "In the midst of the week He shall cause the sacrifice and the oblation to cease." Daniel 9:27. In the spring of A. D. 31, Christ the true sacrifice was offered on Calvary. Then the veil of the temple was rent in twain, showing that the sacredness and significance of the sacrificial service had departed. The time had come for the earthly sacrifice and oblation to cease. {DA 233.2}
What event marked the fulfillment of the 490 years?
“The one week--seven years--ended in A. D. 34. Then by the stoning of Stephen the Jews finally sealed their rejection of the gospel; the disciples who were scattered abroad by persecution "went everywhere preaching the word" (Acts 8:4); and shortly after, Saul the persecutor was converted, and became Paul, the apostle to the Gentiles.” {DA 233.3}

What happened in 538AD?
“But the court which is without the temple leave out, and measure it not; for it is given unto the Gentiles: and the holy city shall they tread under foot forty [and] two months. And I will give [power] unto my two witnesses, and they shall prophesy a thousand two hundred [and] threescore days, clothed in sackcloth.” Revelation 11:2-3

“And the woman fled into the wilderness, where she hath a place prepared of God, that they should feed her there a thousand two hundred [and] threescore days.” Revelation 12:6
“And to the woman were given two wings of a great eagle, that she might fly into the wilderness, into her place, where she is nourished for a time, and times, and half a time, from the face of the serpent.” Revelation 12:14

“And there was given unto him a mouth speaking great things and blasphemies; and power was given unto him to continue forty [and] two months.” Revelation 13:5

“And he shall speak [great] words against the most High, and shall wear out the saints of the most High, and think to change times and laws: and they shall be given into his hand until a time and times and the dividing of time.” Daniel 7:25
“And I heard the man clothed in linen, which [was] upon the waters of the river, when he held up his right hand and his left hand unto heaven, and sware by him that liveth for ever that [it shall be] for a time, times, and an half; and when he shall have accomplished to scatter the power of the holy people, all these [things] shall be finished.” Daniel 12:7
“The periods here mentioned--"forty and two months," and "a thousand two hundred and threescore days"--are the same, alike representing the time in which the church of Christ was to suffer oppression from Rome. The 1260 years of papal supremacy began in A.D. 538, and would therefore terminate in 1798.” {GC 266.3}

“Power was given unto him to continue forty and two months.” And, says the prophet, “I saw one of his heads as it were wounded to death.” And again, “He that leadeth into captivity shall go into captivity; he that killeth with the sword must be killed with the sword.” The forty and two months are the same as the “time and times and the dividing of time,” three years and a half, or 1260 days, of Daniel 7,—the time during which the papal power was to oppress God's people. This period, as stated in preceding chapters, began with the establishment of the papacy, A. D. 538, and terminated in 1798.” {GC88 439.2}
What event took place in 1798?
This period, as stated in preceding chapters, began with the establishment of the papacy, A. D. 538, and terminated in 1798. At that time, when the papacy was abolished and the pope made captive by the French army, the papal power received its deadly wound, and the prediction was fulfilled, “He that leadeth into captivity shall go into captivity.” {GC88 439.2}

Did anything take place after 1798?
“In the summer of 1844, Adventists discovered the mistake in their former reckoning of the prophetic periods, and settled upon the correct position. The 2300 days of Daniel 8:14, which all believed to extend to the second coming of Christ, had been thought to end in the spring of 1844; but it was now seen that this period extended to the autumn of the same year, [SEE APPENDIX, NOTE 1.] and the minds of Adventists were fixed upon this point as the time for the Lord's appearing.” {4SP 248.2}
Why was there a disappointment in 1844?
“I have been shown that our disappointment in 1844 was not because of failure in the reckoning of prophetic periods, but in the events to take place. The earth was believed to be the sanctuary.

ရက်ပေါင်း ၂၃၀၀

၁။ ဒံယေလ အနာဂတ္တိကျမ်း ၈း၁၄ ၌ ဘယ်ကာအကြောင်းပြောသနည်း။
ရက်ပေါင်း၂၃၀၀ တိုင်တိုင် တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြ
လိမ့်မည်။
၂။ အနာဂတ္တိစကား၌ တစ်ရက်သည်ဘယ်ကာလ၏ပုံပမာဖြစ်သတည်း။
ထိုပြည်ကိုစူးစမ်းရာ နေ့ ရက်ပေါင်းအရက်လေးဆယ်နှင့်အညီ၊တစ်ရက်ကိုတနှစ်ထား၍ အနှစ်လေးဆယ်
ပါတ်လုံး ကိုယ်အပြစ်ကိုဆောင်လျှက် ငါစွန့်ပြစ်ခြင်းကိုသိရကြလိမ့်မည် ။တောလည်ရာကျမ်း ၁၄း၃၄။
ထိုနေ့ရက်စေ့ပြီးမှ ၊တဖန်လက်င်္ကျာ နံစောင်းဖြင့်အိပ်၍ အရက်လေးဆယ်ပါတ်လုံး ယုဒအမျိုး၏အပြစ်ကို
ခံဦးလော့၊နှစ်အစား၌ရက်ကိုငါထားပြီ။ ယေဇကျေလအနာဂတ္တိ ကျမ်း ၄း၆။
မှတ်ချက် ။ ။ဒံယေလအနာဂတ္တိကျမ်းအခန်းကြီးရှစ်တွင် ဖော်ပြပချက်မြင်ခြင်းသည်အနက်အဓိပါယ်ပါသော
ပုံပမာဖြစ်ကြောင်းသိုး၊အမွေးကြမ်းသောဆိတ်၊ချိုကြီးဆိုသောအရာတို့အားဖြင့်ကျွန်ုပ်တို့သိရသည်။ဤပုံပ
မာများတို့သည်နိုင်ငံများဖြစ်ကြသည်။(ငယ် ၂၀-၂၅) ။ထိုနည်းအတိုင်းရက်ပေါင်း၂၃၀၀ သည်ဤပုံပမာဖြစ်၍
တစ်ရက်ကိုတနှစ်ထားပြီးရေတွက်ရသည်။
၃။ဤဖော်ပြချက်ရူပါရုံအကြောက်းကိုကောင်းကင်တမန်ဂါဗြေလအား ဘာအမိန့်တော်ပေးတော်မူသနည်း။
အခြားသောသူတို့ကအိုဂါဗြေလ ၊ထိုသူသည်ယခုမြင်သောရူပါရုံကိုနားလည်စေခြင်းငှါအနက်ကိုပြန်ပြော
လော့ဟု ဥလဲမြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ပြောဆိုသည်ကိုငါကြား၏။ဒံယေလအနာဂတ္တိကျမ်း ၈း၁၆။

၎။ ထိုဗျာဒိတ်ယူပါရုံကိုနားလည်စေခြင်းငှါ ဂါဗြေလသည် ရက်ပေါင်း၂၃၀၀ အကြောင်း ဒံယေလအား
ဘာပြောသနည်း။
ညဦးနှင့်နံနက်ကိုဘော်ပြသောဗျာဒိတ်၊ရူပါရုံစကားမှန်သည်ဖြစ်၍ ထိုစကားကိုတံဆိပ်ခတ်ထားလော့။တာ
ရှည်သောကာတိုင်တိုင်တည်လိမ့်မည်ဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၆။

၅။ ဤအခါဒံယေလသည် ရက်ပေါင်း၂၃၀၀ အကြောင်းနားလည်သလော။
ထိုအခါ ငါဒံယေလသည် မော၍နာလျှက်နေ၏။တဖန်အနာမှထမြောက်၍ ရှင်ဘုရင်၏အမှုတော်ကို ဆောင်
ရွက်ရ၏။မြင်ပြီးသော ဗျာဒိတ်ရူါရုံကို ငါအံ့သြသော်လည်း ထိုအမှုကိုအဘယ်သူမျှမရိပ်မိကြ။
ဒံယေလအနာဂတ္တိကျမ်း ၈း၂၇။
၆။ ဒံယေလသည် ဗျာဒိတ်ယူပါရုံ၏အနက်အဓိပ္ပါယ်ကိုအလွန်သိချင်သောကြောင့် ဘာလုပ်သနည်း။
အစာကိုရှောင်လျှက်၊လျှော်တေအ၀တ်ကိုဝတ်လျှက်၊ပြာနှင့်လူးလျှက်၊အရှင်ဘုရားသခင့်ထံတော်သို့ချဉ်းကပ်
၍ဆုတောင်း၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၃။
၇။ သန့်ရှင်းရာ ဌာနတော်နှင့်မဖော်ပြသောရက်ပေါင်းတို့အပေါ်၌ဒံယေလသည်စိတ်စွဲလမ်းလျှက်နေကြောင်း
ကိုကျွန်ုပ်တို့ အဘယ်သို့သိရသနည်း။
ယခုမူကား၊အကျွန်ုပ်တို့ဘုရားသခင်၊ကိုယ်တော်၏ကျွန်ပြုသောဆုတောင်းသံစကားကိုနားထောင်တော်မူ
ပါ။ဆိတ်ညံလျှက်၇ှိသောသန့်ရှင်းရာနေရာတော်ကိုဘုရားသခင်၏အကျိုးတော်ကြောင့်မျက်နှာတော်ရောင်
ခြည်ကိုထွန်းလင်းစေတော်မူပါ။ ဒံယေလအနာဂတ္တိကျမ်း ၉း၁၇။
ယခင်ပြောသောသူကရာက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကို
တဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်ဟုပြန်၍ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄။
၈။ဒံယေလဆုတောင်းသည့်အတွက်အဘယ်သူလာရောက်သနည်း။
ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင်ယခင်ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသောသူဂါဗေလသည်လျှင်မြန်စွာ
ပျံ၍လာသဖြင့်ညဥ့်ဦးယံပူဇော်ချိန်၌ငါရှိရာသို့ရောက်၍။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၁။
၉။ ဂါဗေလသည် အဘယ်ကြောင့်လာသနည်း။
နှုတ်ဆက်လျှက် အချင်းဒံယေလ၊ငါသည်သင်၌ဥာဏ်ညာတိုးပွားစေမည်အကြောင်းထွက်လာပြီ။
ဒံယေလအနာဂတ္တိကျမ်း ၈း၂၂။
၁၀။ ဘယ်အကြောင်းကိုဆင်ခြင်နားလည်ဖို့ရန် ဒံယေလအားကြားပြောသနည်း။
သင်သည်ဆုတောင်းစပြုသောအခါအမိန့်တော်ရှိသည်ဖြစ်၍သင့်အားကြားပြေပာခြင်းငှာ ငါရောက်လာပြီ။
သင်သည်အလွန်ချစ်ခင်အပ်သောသူဖြစ်၏။ထို့ကြောင့်ဖေါ်ပြချက်အချက်ကိုဆင်ခြင်၍ နားလည်ရသော
အခွင့်ရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၃။
မှတ်ချက် ။ ။မောလျှက်နာနေသောကြောင့်ဒံယေလသည်ယခင်ကနားမလည်သောအကြောင်းအရာကို
နားလည်စေခြင်းငှာဂါဗြေလသည်ရောက်လာ၏။ထိုကြောင့်ဒံယေလအားဖေါ်ပြချက်အချက်ကိုဆင်ခြင်ဖို့ရန်
အခွင့်ပေး၏။ဘယ်ဖေါ်ပြချက်နည်း။သူနားမလည်သောဖေါ်ပြချက်(ဒံ၈း၂၇ ကိုကြည့်) ရက်ပေါင်း၂၃၀၀နှင့်
သန့်ရှင်းရာဌာနကိုဆေးကြောသုတ်သင်ခြင်းနှင့်ဆိုင်သောဖေါ်ပြချက်ဖြစ်သည်။ဂါဗြေလသည်အနက်အဓိပ္ပါယ်
ကိုဖေါ်ပြခြင်းအစ၌ကာလအချိန်ကိုဖေါ်ပြသည်။ဒံယေလနားမလည်သောအရာသည်ဖေါ်ပြချက်တွင်ကာလ
အချိန်ဖြစ်သည်။
၁၁။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၄ ၌ဘယ်ကာလအချိန်အကြောင်းပြောပြသနည်း။
(သီတင်း၇၀ ကိုသင်၏အမျိုးသားချင်းအဖို့နှင့်သင်း၏သန့်ရှင်းသောမြို့အဖို့ဆုံးဖြတ်ခြင်းရှိ၏။)ထို ဆုံးဖြတ်ဆို
သောစကားသည်တစ်စုံတစ်ခုသောအရာမှဆုံးဖြတ်ရသည်။သီတင်း၇၀သည်ဘယ်အရာမှဆုံးဖြတ်သနည်း။
ဖေါ်ပြခက်တွင်ရက်ပေါင်း၂၃၀၀မှတပါးအခြားကာလအချိန်တို့မှဆုံးဖြတ်ဖို့ရန်မရှိ။
(လွန်ကျူးခြင်းအမှုကိုဆီးတားခြင်း)သီတင်း၇၀ တွင်ယုဒလူမျိုးတို့သည်မိမိတို့၏အပြစ်ပယ်ရှားခြင်းကိုဆိုလို
သည်။မေရှိယတည်းဟူသောခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်မှာရိုက်ထားခြင်းနှင့်မိမိတပည့်များဟော
ပြောသောတရားတော်ကိုငြင်းပါယ်ခြင်းအားဖြင့်သူတို့၏အပြစ်သည်ပြည့်စုံခြင်းသို့ရောက်လေသည်။
(၁)အပြစ်ကိုတံဆိပ်ခပ်ခြင်းငှာ။ (၂) အပြစ်ကိုဖြေရှင်းခြင်းငှာ ။(၃) ထာဝရကုသိုလ်ကိုသွင်ူခြင်းငှာ။
ဤအရာတို့ကကျွန်ုပ်တို့အဖို့ခရစ်တော်ပြုတော်မူသောယဇ်ပူဇော်ခြင်းအားဖြင့်မင်္ဂလာအကျိုးကျေးဇူးများကို
ညွန်ပြလေသည်။
ငါသည်ခရစ်တော်၏ဧ၀ံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကားထိုတရားသည်ရှေးဦး
စွာ၌ယုဒလူ၊နောက်၌ဧေသလလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏
တန်ခိုးတော်ဖြစ်၏။အဘယ်သို့ဖြစ်သနည်းဟူမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက်
ရှင်လိမ့်မည်ဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌တည်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား
သည်ယုံကြည်ခြင်းအဖို့အလို့ငှာဧ၀ံဂေလိတရားအားဖြင့်ထင်ရှားလျှက်ရှိ၏ ။ ရောမသြ၀ါဒစာ ၁း၁၆-၁၇။
ထိုသို့ဖြစ်သော်ဘုရားသခင်၏တန်ခိုးတော်အားဖြင့်ငါတို့၏ရန်ကိုငြီမ်းစေ၍ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေ
တော်မူ၏။ထိုမိဿဟာရတရားကိုဟောတော်မူသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏။ထိုတရားဟူ
မူကားဘုရားသခင်သည်ခရစ်တော်အထဲ၌ ရှိနေလျှက်လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူ။ရန်ကို
ငြိမ်းစေ၍ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ၏။ထိုမိဿဟာရတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏။
ထို့ကြောင့်ငါတို့သည်ခရစ်တော်၏သံတမန်ဖြစ်ကြ၏။သင်တို့သည်ရန်ငြိမ်း၍ဘုရားသခင်နှင့်မိဿဟာရဖွဲ့ကြ
လော့ဟု ဘုရားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ငါတို့သည်ခရစ်တော်၏ကိုယ်
စားဖြစ်၍သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏။အဘယ့်ကြောင့်နည်းဟူမူကားဘုရားသခင်သည်အပြစ်
နှင့်ကင်းသောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။အကြောင်းမူကားထိုသူအားဖြင့်
ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ကောရိ န္တုသြ၀ါဒစာဒုတိယစောင်
၅း၁၈-၂၁။
ထိုမျှမကငါ၏သခင်ယေရှုခရစ်ကိုသိသောပညာသည်အဘယ်မျှလောက်မြတ်သည်ကိုထောက်၍။
ဖိလိပ္ပိသြ၀ါဒစာ ၃း၉။
ထိုသို့ပူဇော်ရသည်မှန်လျှင်က မ္ဘဦးအစ၌အဖန်များစွာအသေခံတော်မူရ၏။ယခုမူကားဤကပ်ကာလအဆုံး၌
တခါတည်းကိုယ်ကိုပူဇော်သောအားဖြင့်အပြစ်များကိုသုတ်သင်ဖယ်ရှင်းခြင်းငှာပေါ်ထွန်းတော်မူ၏။
ဟေဗြဲသြ၀ါဒစာ ၉း၂၆။
(ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဖော်ပြချက်တို့ကိုတံဆိပ်ခတ်ခြင်းငှာ)တံဆိပ်သည်တရားအတိုင်းစာချုပ်များကို
မူလအမှန်စင်စစ်ဖြစ်စေဖို့ရန်သုံးတတ်သောအရာဖြစ်သည်။အနာဂတ္တိဖေါ်ပြချက်တို့ကိုယုံမှားခြင်းမရှိဘဲအမှန်
တည်ကြောင်းဤနေရာ၌(တံဆိပ်ခတ်ခြင်း)ဟူ၍ဆိုသည်။ရာက်ပေါင်း၂၃၀၀ ကိုဧကန်အမှန်ပြည့်စုံစေလိမ့်
မည်အကြောင်းကျွန်ုပ်တို့အားသာ၍ယုံကြည်စေသည်။
(အလွန်သန့်ရှင်းသောအရပ်ဌာကိုလိမ်းစေခြင်းငှာ) ဆိုသော်ယဇ်ပရောဟိတ်မင်း၏အလုပ်ဆောင်ရွက်ဖို့ရန်
ခရစ်တော်သည်မ၀င်မီကောင်းကင်နှင့်ဆိုင်သောသန့်ရှင်းရာဌာနကိုဘိသိတ်ခံခြင်းတည်းဟူသောဆီလိမ်း
ခြင်းကိုဆိုလိုသည်။
ယခုမူကားကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသောယဇ်ပရောဟိတ်မင်းအကြီးတည်းဟူသောဘုရားသခင်
၏သားတော်ယေရှုသည်ငါတို့၌ယဇ်ပရောဟိတ်မင်းဖြစ်တော်မူသောကြောင့်ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ
၌တည်ကြည်ကြကုန်အံ့။ငါတို့ယဇ်ပရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခမျာေးကြာင့်မကြင်နာနိုင်
သောသူမဟုတ်။ငါတို့ခံရသည့်နည်းတူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးသောသူဖြစ်တော်မူ၏။
သို့ရာတွင်ဒုစရီုက်အပြစ်နှင့်ကင်းလွှတ်တော်မူ၏ထို့ကြောင့်ငါတို့သည်သနားခြင်းကရာဏာတော်ကို၎င်း၊တော်
လျှော်သောမစသောကျေးဇူးတော်ကို၎င်း၊ခံရမည့်အကြောင်းရဲရင့်သောစိတ်နှင့်ကျေးဇူးပလ္လင်တော်သို့တိုး
ဝင်ချဉ်းကပ်ကြကုန်အံ့။ဟေဗြဲကြ၀ါဒစာ ၄း၁၄-၁၆။
ထို့ကြောင့်ခရစ်တော်သည်လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့
၌ကရုဏာနှင့်၎င်း၊သစ္စာနှင့်၎င်း၊ပြည့်စုံသောယဇ်ပရောဟိတ်အကြီးဆုံးဖြစ်အံ့သောငှာ၊မိမိညီအကိုတို့နှင့်လုံး
လုံးတူရသောအကြောင်းရှိ၏။ ။ဟေဗြဲကြ၀ါဒစာ၂း၁၇။
သီတင်း၇၀ ၊ရက်ပေါင်း (နှစ်ပေါင်း) ၄၉၀ ဖြစ်၏။၎င်းးနှစ်ပေါင်း၄၉၀ သည်ဒံယေလဗျာဒိတ်ရူပါရုံမြင်ရသော
အချိန်ရက်ေါင်းနှစ်ပေါင်း ၂၃၀၀ က(ဆုံးဖြတ်) ရမည်။ထို့ကြောင့်၎င်းနှစ်ပေါင်း ၄၉၀ ၏ အစကိုသိလျှင် နှစ်ပေါင်း၂၃၀၀ ၏ အစကိုသိနိုင်သည်။
၁၂။ ထိုနှစ်ပေါင်း၄၉၀ ၏အစသည် ဘာအမှတ်ရှိသနည်း။
ထို့ကြောင့်ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ခရစ်တော်သခင်
၏လက်ထက်တော်တိုင်အောင်ခုနှစ်သီတင်းနှင့်ခြောက်ဆယ်နှစ်သီတင်း ကြာလိမ့်မည်ဟုသိမှတ်နားလည်
လော့။အနှောင့်ယှက်ခံရသောကာလ၌မြို့လမ်းကိုတဖန်တည်ထောင်ပြုစုရမည်ဟုစီရင်ဆုံးဖြတ်ခြင်းရှိ၏။
ဒံယေလအနာဂတ္တိကျမ်း ၉း၂၅။
မှတ်ချက်။ ။သီတင်း ၇၀ မှ ၆၉ သီတင်းသည်ဘိသိတ်ခံသောခရစ်တော်သခင် လက်ထက်တိုင်အောင်အထိ
ရောက်သည်။ထိုအချိန်မှအစသည်(ယေရုရှလင်မြို့ကိုတဖန်တည်ထောင်ပြုစုစေခြင်းငှာအမိန့်တော်ရှိသည့်
နေ့) အားဖြင့်မှတ်သည်။ဤစကားကိုဒံယေလအားပြောသောအခါယေရုရှလင်မြို့သည်ပြိုပျက်လျှက်ရှိနေပြီ။
သို့သော်လည်းထိုမြို့ကိုတဖန်တည်ထောင်ပြုစုဖို့ရန်ဘုရားသခင်၏ကတိတော်ရှိသည်။

၁၃။တစ်ဖန်တည်ထောင်ပြုစုဖို့ရန်အမိန့်တော်သည်ဘယ်သောအခါထုတ်သနည်း။
ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမောရှေ၏ပညတ္တိကျမ်းစာကိုလေ့ကျက်သော
ဆရာဖြစ်သောသူ ဧဇရသည် ဗာဗုလုန်မြို့မှထွက်သွား၏။ ထိုသူတောင်းသမျှကိုသူ၏ဘုရားသခင်ထာဝရ
ဘုရားသခင်ထာဝရဘုရားတန်ခိုးတောေ်ကြာင့်ရှင်ဘုရင်ပေးသနားတော်မူ၏။အာတဇေရဇ်မင်းကြီးနန်းစံ
ခုနှစ်နှစ်တွင်အချို့သောဣသရေလအမျိုးသားယဖ်ပရောဟိတ်၊လေ၀ိသား၊သီချင်းသည်၊တံခါးစောင့်၊ဘုရား
ကျွန်တို့သည်လည်းယေရုရှလင်မြို့သို့လိုက်သွား၏။ရှင်ဘုရင်နန်းစံခုနှစ်နှစ်၊ပဉ္စမလတွင် ဧဇရသည်ယေရုရှ
လင်မြို့သို့ရောက်လေ၏။ပထမလတစ်ရက်နေ့တွင်ဗာဗုလုန်မြို့မှထွက်၍ပဉ္စမလ တစ်ရက်နေ့တွင် မိမိဘုရား
သခင်တန်ခိုးကျေးဇူးတော်ကြောင့် ယေရုရှလင်မြို့သို့ရောက်လေ၏။ ဧဇရ မှတ်စာ ၇း၆-၉။
ထာဝရဘုရား၏ ပညတ်စကားနှင့်ဣသရေလအမျိုး၌ထုံးဖွဲ့တော်မူချက်တို့ကိုလေ့ကျက်သောဆရာယဇ်
ပရောဟိတ်ဧဇရအား၊ဆာတဇေရဇ်မင်းကြီးပေးတော်မူသောအမိန့်တော်စာချက်ဟူမူကား၊သင်တို့၏ဘုရင်အာ
တဇေရဇ်သည်ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကျမ်းတတ်ဆရာယဇ်ပရောဟိတ်ဧဇရ၌ ခပ်သိမ်း
သောမင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင်မှာလိုက်၏။ငါ့နိုင်ငံ၌ရှိသောဣသရေလအမျိုးသား
ယဇ်ပရောဟိတ်၊လေ၀ိသားတို့တွင်ယေရုရှလင်မြို့သို့ကိုယ်အိလုအလျှောက်သွားချင်သောသူရှိသမျှတို့သည်
သင်နှင့်အတူလိုက်သွားရလိမ့်မည်အကြောင်းငါအမနိ့တော်၇ှိ၏။အကြောင်းမူကား။သင်ဒဘုရားသခင့်တရား
ကိုသင်လေ့ကျက်သည့်အတိုင်း၊ယုဒပြည်ယေရုရှလင်မြို့၌တရားအမှုများကိုမေးမြန်းစစ်ဆေးစေခြင်းငှာ၎င်း၊
ယေရုရှလင်မြို့မှာကျိန်းဝပ်တော်မူသောဣသရေလအမျိုးတို့၏ဘုရားသခင်အား၊ရှင်ဘုရင်နှင့်အတွင်းဝန်တို့
သည်ကြည်ညိုသောစိတ်နှင့်ပူဇော်သောရွှေငွေ နှင့်တကွ ဣသရေလအမျိုးသား၊ယဇ်ပရောဟိတ်တို့သည်
ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ ၊အလိုလိုလျူ၍၊ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသောရွှေငွေကို
ဆောင်သွားစေခြင်းငှါ ၎င်း၊ရှင်ဘုရင်နှင့်အတွင်းဝန်ခုနှစ်ပါး၊စေလွှတ်၏။ထိုငွေကိုယူပြီးလျှင်နွား၊သိုးထီး၊
သိုးသငယ်နှင့်တကွ၊ဘောဖဉ်ပူဇော်သက္ကာ၊သွန်းလောင်းရာပူဇော်သက္ကာတို့ကို၊အလျှင်အမြန်ဝယ်၍၊ယေရု
ရှလင်မြို့၌ ရှိသောသင်တို့၏ဘုရားအိမ်တော်ယဇ်ပုလ္လင်ပေါ်မှာပူဇော်၇မည်။ကျနိကြွင်းသောရွှေငွေကိုသင်
နှင့်သင့်ညီအကိုတို့ကိုပြုချင်သမျအတိုင်း၊သင်တို့၏ဘုရားသခင်အလိုတော်နှင့်အညီပြုလော့။သင်၏ဘုရား
အိမ်တော်ဝတ်ပြုစရာအဘို့သင်၌အပ်ပေးသောတန်ဆာများကိုလည်း၊ယေရုရှလင်မြို့၏ဘုရားသခင်ရှေ့တော်
တွင်သိုထားလော့။သင်၏ဘုရားသခင်အိမ်တော်အဘို့လိုသေးသောအရာ၊၀ယ်သင့်သမျှတို့ကိုဘဏ္ဍာတော်
ထဲကထုတ်၍၀ယ်လော့။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကိုလေ့ကျက်သောဆရာ၊ယဇ်ပရော
ဟိတ်ဧဇရ တောင်းသမျှအတိုင်းငွေအခွက်တထောင်၊ဂျုံဆန်ကောရတရာ၊စဗျစ်ရည်ဗက်တရာ၊ဆီဗက်တရာ၊
နှင့်တကွဆားမည်မျှမဆို၊မြစ်အနောက်ဖက်၌နေသောအခွန်ဝန်အပေါင်းတို့သည်၊အလျှင်အမြန်ပေးရမည်အ
ကြောင်းငါရှင်ဘုရင်အာတဇေရ အမိန့်တော်ရှိ၏။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်မှာထားတော်မူသမျှ
အတိုင်း၊ထိုဘုရားသခင်၏အိမ်တော်အဖို့ကြိုးစား၍လုပ်ဆောင်စေ။ရှင်ဘုရင်နှင့်ဆွေတော်မျီုးတော်အပေါ်သို့
အဘယ်ော့ာင့်အမျက်တော်သက် ရောက်ရမည်နည်း။ထိုမှတပပါးယဇ်ပရောဟိတ် လေ၀ိသား၊သီချင်းသည်
တံခါးစောင့်၊ဘုရားကျွန်၊ဘုရားသခင်၏အိမ်တော်အမှုစောင့်တစုံတယောက်မျှ၊ငွေတော်ကိုမခွဲစေနှင့်။
အခွန်တော်အကောက်တော်ကိုမခံမယူစေနှင့်ဟုငါမှာလိုက်၏။သင်ဧဇရသည်လည်းသင်၏ဘုရားသခင့်
တရားကိုနားလည်သောမြစ်အနောက်ဖက်သားအပေါင်းတို့တွင်၊တရားအမှုကိုစီရင်စေခြင်းငှါ၎င်း၊မသိသော
သူတို့ကိုသွန်သင်စေခြင်းငှာ၎င်း၊မင်းများ၊တရားသူကြီးများကို၊သင်၏ဘုရားသခင်ဥာဏ်နှင့်သင်ပြည့်စုံသည်
အတိုင်းခန့်ထားလော့။သင်၏ဘုရားသခင့်တရားနှင့်ရှင်ဘုရင်အမိန့်တော်ကိုငြင်းဆန်သောသူမည်သည်
ကားအသေသတ်ခြင်းနှင်ထုတ်ခြင်း၊ဥစ္စာသိမ်းယူခြင်း၊ ၊ထောင်ထဲမှာလှောင်ထားခြငး၊တည်းဟူသော
ရာဇ၀တ်တစုံတခုကိုအလျှင်အမြန်ခံစေဟုအမိန့်တော်စာ၌ပါသတည်း။ဧဇရမှတ်စာ ၇း၁၁-၂၆။
မှတ်ချက်။ ။ မေဒိပေရံသိ၇ှင်ဘုရင်အာတေဇရဇ် နန်းစံသတ္တမ နှစ်သည်ရာဇ၀င်အတိုင်း ခရစ်တော်
မပေါ်ထွန်းမီသက္ကရာဇ် ၄၅၇ ခုနှစ်ဖြစ်သည်။
၁၄။ ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ်မှစလျှင် ၆၉ သီတင်း(နှစ်ပေါင်း ၄၈၃ ) သည်ဘယ်သော
အခါ၌ကုန်ဆုံးသနည်း။
အဇြေ။ ။နှစ်ပေါင်း၄၈၃ သည်ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ် ပထမနေ့မှစလျှင် ခရစ်တော်သက္ကရာဇ် ၂၆ ခုနှစ်နောက်ဆုံးနေ့တွင် ပြည့်စုံမည်။သို့သော်လည်း ဧဇရ သည် ယေရုရှလင်မြို့သို့
ရောက်သောအခါ ၎င်း ၄၅၇ ခုမြောက်သောနှစ်၌ငါးလလွန်လေပြီ။ထို့ကြောင့်နှစ်ပေါင်း၄၈၃ သည်ခရစ်
သက္ကရာဇ် ၂၆ ခုနှစ်နောက်ဆုံးနေ့၌ မကုန်မဆုံးသေး။သို့သော် ၂၇ ခုမြောက်သောနှစ်၊ ပဉ္စမလ ကျရောက်
မှသာကုန်ဆုံးမည်။ယုဒလူတို့သည်သူတို့၏နှစ်ကိုစရေတွက်သောအခါမြန်မာလူမျိုးတို့ကဲ့သို့ရေတွက်ကြသည်။
ထို့ကြောင့်၎င်းပဉ္စမ လသည် အင်္ဂလိပ်နှစ်တွင် ၈-၉ လနှင့်ညီမျှသည်။
၁၅။ ။ခရစ်တော်နှင့်မေ၇ှိယဆိုသောစကားတို့၏အဓိပ္ပါယ်အဘယ်သို့နည်း။
အဖြေ။ ။ဟေဗြဲ စကားနှင့် မေရှိယ၊ဟေသလ စကားနှင့် ခရစ်တော်၊မြန်မာစကားနှင့် ဘိသိတ်ခံသော
သူဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင် ၁း၄၁။
၁၆။ ဘယ်သောအခါ၌ ဘိသိတ်ခံတော်မူသနည်း။
လူအပေါင်းတို့သည်နှစ်ခြင်းကိုခံကြသောအခါ ယေရှုသည်လည်းနှစ်ခြင်းကိုခ့တော်မူ၍ဆုတောင်းစဉ်တွင်
ကောင်းကင်ဖွင့်လှစ်သဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျှက် ကိုယ်တော်
အပေါ်၌ဆင်းသက်တော်မူ၍သင်ကားငါနှစ်သက်မြတ်နိုးရာ ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်
ဖြစ်လေ၏။ ရှင်လုကာခရစ်ဝင် ၃း၂၁-၂၂။
ထိုအကြောင်းအရာဟူမူကား၊ဘုရားသခင်သည်သန့်ရှင်းသော ၀ိညာဉ်တော်နှင့်၎င်း။တန်ခိုးတော်နှင့်၎င်း၊
နာဇရက်မြို့သားယေရှုကိုဘိသိတ်ပေးတော်မူသဖြင့်ထိုသူသည်ဘုရားသခင်၏အမှုတော်နှင့်ကျေးဇူးပြုလျှက်
မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား၊ချမ်းသာပေးလျှက်လှည့်လည်တော်မူ၏။တမန်တ်ာဝတ္ထု ၁၀း၃၈။
မှတ်ချက်။ ခရစ်တော်သက္ကရာဇ် ၂၇ ခုနှစ် ပဉ္စမ လလောက်တွင် သခင်ယေရှုခရစ်သည်နှစ်ခြင်းခံတော်မူ
သည်။ဤနှစ်သည်ရောမဘုရင် တိဗေရိ ၊ကဲသာနန်းစံ ၁၅ နှစ်တွင်ဖြစ်သည်။
၁၇။ သီတင်း၇၀ ထဲက ကျန်နေသော တစ်သီတင်းအလယ်၌ ဘာဖြစ်စေသနည်း။
တစ်သီတင်းတွင် လူအများတို့နှင့် ပဋ္ဋိညာဉ်ဖွဲ့ ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့်ဆပ်ကပ်
ခြင်းကို ပပျောက်စေလိမ့်မည်။ရွံရှာဖွယ်သောအရာ၏၊အထွက်အပေါ်သို့ ဖျက်ဆီးသောသူသည်စီရင်ဆုံး
ဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်
ဟုကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၇။
မှတ်ချက်။ ။ ၆၉ သီတင်းအလွန်ခရစ်တော်သည်အသေသတ်ခြင်းခံ၍ (ငယ် ၂၆) ယဇ်ပူဇော်ခြင်းနှင့် ဆပ်
ကပ်ခြင်းကိုပပျောက်စေသည်။(ငယ်၂၇) ဤ အချက်သည် ခရစ်တော်အသေခံခြင်းအကြောင်းအနာဂတ်ဖြင့်
ဖော်ပြ၍သီတင်းတ၀က်ဖြစ်သည်။၆၉ သီတင်းသည်ခရစ်သက္ကရာဇ် ၂၇ အင်္ဂလိပ် ၈-၉ လတွင် ပြည့်၍၊
(သီတင်းဝက် ) သုံးနှစ်ခွဲသည်ထိုသက္ကရာဇ် ၂၇ ခု၊၈-၉ လ နှင့်ပေါင်းလိုက်သော် သက္ကရာဇ် ၃၁ ခု ၊၂-၃
လသို့ရောက်စေသည်။သုံးနှစ်ခွဲပါတ်လုံးအမှုတော်ကိုဆောင်ရွက်ပြီးသည့်နောက် ခရစ်တော်သည် ထိုသက္က
ရာဇ် ၃၁ခု၊၂-၃ လတွင် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းခံတော်မူသည်။
၁၈။ နောက်ဆုံးတစ်သီတင်းတွင် ဘာလုပ်တော်မူသနည်း။
(တစ်သီတင်းတွင် လူအများတို့နှင့်ပဋိညာဉ်ဖွဲ့သည်) ဒံယေလအနာဂတ္တိကျမ်း ၉း၂၇။
မှတ်ချက်။ ။ ယုဒလူတို့ကိုမိမိပိုင်ထိုက်တော်မူသော အမျိုးဖြစ်စေဖို့ ပဋိညာဉ်တော်သည် သီတင်း၇၀ တွင်
နောက်ဆုံးသီတင်းအဆုံး၌ ကုန်ဆုံးသည်။၆၉ သီတင်းသည်ခရစ်သက္ကရာဇ်၂၇ ခုနှစ်တွင်ကုန်ဆုံး၍(တစ်
သီတင်း) ခုနှစ် နှင့်ပေါင်းလိုက်သော် သက္ကရာဇ် ၃၄ ခုနှစ်ဖြစ်လေသည်။ခရစ်တော်သည် ယုဒ လူမျိုးအား
သုံးနှစ်ခွဲပါတ်လုံး၊မိမိအမှုတော်ဆောင်ရွက်ခြင်းအားဖြင့် ပဋိညာဉ်ဖွဲ့သည်။ကျန်သုံးနှစ်ခွဲ မှာ၊( သခင်ဘုရား
ဟောတော်မူ၍ ဒေသနာစကားတော်ကိုကြားရသောသူတို့) (ဟေဗြဲ ၂း၃-၄) သည် ပဋိညာဉ်ဖွဲ့ ကြ၏။
သက္ကရာဇ် ၃၄ ခုနှစ်တွင် ဘုရားသခင်သည် တစ်ပါးအမျိုးသားတို့အားလည်း၊ကယ်တင်ခြင်းရဖို့ရန် အခွင့်
ကိုပေးကြောင်း မျာဒစွာသောအကြောင်းနှင့်ပြသည်မှာ သတေဖန်ကိုသတ်၍ တစ်ပါးအမျိုးသားတို့အဖို့ 
ဖြစ်သောပေါလုသည် သခင်ဘုရားဖက်သို့ပြောင်းလဲသည်။ဘုရားသခင်အမိန့်တော်အတိုင်း ပေတရုသည်
ကောနေလိအိမ်သို့သွား၍အိမ်သူအိမ်သားအပေါင်းတို့အား အသက်လမ်းကိုဟောပြော၏။ဖိလိပ္ပုသည် ရှမာ
ရိလူတို့အား တရားဟောသည်။ဤအချိန်မှစ၍ ယုဒလူတို့သည် သမ္မာတရားကိုငြင်းပါယ်သောအခါ တမန်
တော်တို့သည်ချက်ခြင်းမျက်နှာလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။တမန်တော် ၀တ္ထု၁၃း၄၆။
ယုဒလူမျိုးအဖို့ ဆုံးဖြတ်သောအချိန်သည် ကုန်ဆုံး၍၊ ဒံယေလ ၉ တွင် အနာဂတ္တိစကားတော်သည်ပြည့်
စုံလေ၏။
၁၉။ ရက်ပေါင်း ၂၃၀၀ သည် ဘယ်သက္ကရာဇ်ထိအောင်ရောက်သနည်း။
အဖြေ။ ။အထက်ကပြလာသည်အတိုင်း သီတင်း၇၀ ( နှစ်ပေါင်း ၄၉၀ ) သည် ခရစ်တော်သက္ကရာဇ် ၃၄
နှစ်တွင် ရောက်သည်။နှစ်ပေါင်း၂၃၀၀ မှ နှစ်ပေါင်း ၄၉၀ နှုတ်သော် ၊၁၈၁၀ နှစ်မျှကျန်သည်။၁၈၁၀ နှစ်များ
သည် ခရစ်သက္ကရာဇ် ၃၄ ခုနှစ်ပေါင်းလိုက်သော် ၁၈၄၄ ခုနှစ်သို့ ရောက်၍ ၎င်းးနှစ်၌ သန့်၇ှင်းရာ ဌာနကို
ဆေးကြောသုတ်သင်သည် ။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄။
သန့်ရှင်းရာ ဌာန ဆေးကြေားသုတ်သင်ခြင်းကို နားလည်ဖို့ရန် သန့်ရှင်းရာ ဌာနနှင့် ၀တ်ပြုခြင်းအကြောင်း
ကို ကြည့်ပါ။