Monday, September 16, 2019

ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်





ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၎
၁ ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ။
၂ ဘုရားသခင်၏ ဝိညာဉ်တော်ကိုအဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအား ဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် စပ်ဆိုင်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄
၁၁ အချင်းချင်းမုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄
၂၄ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄
၃၀ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။
၃၁ လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသောသူတို့ကိုအရပ်လေးမျက်နှာ၊ ကောင်းကင် အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတံ့။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၆
၁၃ ထိုအခါ၊ နဂါ၏ခံတွင်းထဲက ၎င်း၊ သားရဲ၏ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။
၁၄ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂
၈-၉ ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ြ့ဖား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇
၁၅ အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။
၁၆ ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြ လိမ့်မည်။ ဆူးလေပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။
၁၇ ကောင်းသောအပင် သည်ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။
၁၈ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသော အပင်သည် ကောင်းသောအသီးကိုမသီးနိုင်။
၁၉ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍မီးထဲသို့ချလိုက်တတ်၏။
၂၀ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကို ထောက်သော် သူတို့၏သဘောကိုသိရကြလိမ့်မည်။
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၁
၁၃ အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
၁၄ ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။
၁၅ သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။
သေလွင်သောသူတို့သည် သမ္မာကျမ်းစာ၌ အဘယ်သို့ ရှိကြသည်ဟုဘော်ပြသနည်း

ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း ဝိညာဉ်သည် အရင်ပေးသော ဘုရားသခင်ထံ သို့င်း ပြန်သွားရလိမ့်မည်။
အနတ္တသက်သက် အလုံးစုံတို့သည် အနတ္တဖြစ်ကြလိမ့်မည် ဟုဓမ္မဒေသနာဆရာ ဟောပြော၏။ဒေသနာကျမ်း ၁၂း၇-၈
ယောဘသည် လင်္ကာစကားကို ဆက်၍ မြွက်ဆိုသည်ကား၊
ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊ယောဘဝတ္တု ၂၇း၁-၃
ဘုရားသခင် သည် လူကိုအလိုတော်မရှိ၍ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
ခပ်သိမ်းသော လူသတ္တဝါတို့ သည် ချက်ခြင်းသေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်၊၊
ယောဘဝတ္တု ၃၄း၁၄-၁၅
လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တပါးတည်းသော အမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူ သည် တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
အလုံးစုံတို့သည် တခုတည်းသော အရပ်သို့ ရောက်တက်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန်ထဲသို့ ပြန် သွားတတ်ကြ၏။
သို့ရာတွင်၊ အထက်သို့ ဘက်တတ်သော လူသား၏ ဝိညာဉ်ကိုင်း၊ အောက်အရပ်မြေသို့ ဆင်းတတ်သောတိရစ္ဆာန်၏ ဝိညာဉ်ကိုင်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။။ဒေသနာကျမ်း ၃း၁၉-၂၀
သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။ကမ္ဘာဦးကျမ်း ၃း၁၉
ရှေ့ဦးစွာသောလူသည် မြေကြီးကဖြစ် သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅-၄၇
ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင် တော်မူပါ။ အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်း မရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း၊၊ဆာလံကျမ်း ၆-၅
အကယ်စင်စစ် မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာ သီချင်းမဆိုရပါ။ တွင်းထဲသို့ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါဟေရှာယအနာဂတ္တိကျမ်း ၃၈း၁၈
သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏၊၊ ထိုနေ့ခြင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏၊ဆာလံကျမ်း ၁၄၆း၎
အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏၊ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုး အပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။
သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက်လော့။ သင်ပြုသော အမှုတို့ကို ဘုရားသခင်ဝန်ခံတော်မူ၏။
သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။
နေအောက်မှာပေးသနား တော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သော မယားနှင့် ရွှင်လန်းစွာ အသက်ကာလ ကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုး စားအား ထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်း မူကား၊ သင်ယခုသွား၍ ရောက်ရလတံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။ဒေသနာကျမ်း၉း၅-၁၀
သူ၏သားတို့သည် မြှောက်ခြင်းသို့ ရောက်သော်လည်း သူသည် မသိရပါ။ နှိမ့်ချခြင်းသို့ ရောက် သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။ယောဘဝတ္တု ၁၄း၂၁
အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင်၊ ယနေ့ အကျွနု်ပ် ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရ ပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။ဟေရှာယအနာဂတ္တိကျမ်း ၃၈း၁၉
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက်လော့။ သင်ပြုသော အမှုတို့ကို ဘုရားသခင်ဝန်ခံတော်မူ၏။
သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။
နေအောက်မှာပေးသနား တော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သော မယားနှင့် ရွှင်လန်းစွာ အသက်ကာလ ကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုး စားအား ထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်း မူကား၊ သင်ယခုသွား၍ ရောက်ရလတံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။ ဒေသနာကျမ်း ၉း၇-၁၀
ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သောဒါဝိဒ်၏ အကြောင်းကိုငါသည်သင်တို့အားအတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။
ထိုသူသည်မိမိအမျိုးအနွှယ် ထဲကလူဇာတိအားဖြင့် ခရစ်တော်ကိုဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဥာဏ်အားဖြင့်သိ၍၊
ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ အသားသည်လည်းပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။
ထိုယေရှုကိုဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည်ဂတိတော် နှင့်ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍သင်တို့သိမြင်ကြားရသော အရာကိုညွန်း လောင်းတော်မူ၏။
ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊တမန်တော်ဝတ္ထု ၂း၂၉-၃၄
ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလ ပြည့်စုံခြင်းနှင့်တကွ၊ အသက် ပေါင်းတရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့် မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ကမ္ဘာဦးကျမ်း ၂၅း၇-၈
ထိုအရပ်၌လူဆိုးတို့သည် နောက်တဖန် မနှောင့်ရှက်ရ၊၊ ပင်ပန်းသောသူတို့ သည် ချမ်းသာရကြ၏၊၊
အချုပ်ခံရသော သူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏စကား သံကို မကြားရကြ၊၊
ထိုအရပ်၌ ကြီးသောသူနှင့်ငယ်သောသူရှိကြ၏၊၊ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏၊၊
ဒုက္ခဆင်းရဲခံရသော သူအားအဘယ်ကြောင့် အလင်းကိုပေးသနည်း၊၊ စိတ်နှလုံးခါးသောသူအား အဘယ် ကြောင့် အသက်ကို ပေးသနည်း၊၊
သူတို့သည် သေခြင်းကိုတောင့်တ၍ မရနိုင်၊၊ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ၊ တူးသည်ထက် သေခြင်းအကြောင်းကို ဘော်ခြင်းငှါသာ၍ တူးကြ၏၊၊ယောဘဝတ္တု ၃း၁၇-၁၉
သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏၊၊ယောဘဝတ္တု
ဘုရားသခင် သည် လူကိုအလိုတော်မရှိ၍ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
ခပ်သိမ်းသော လူသတ္တဝါတို့ သည် ချက်ခြင်းသေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်၊၊ယောဘဝတ္တု ၃၄း၁၄-၁၅
သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့်၏၊၊ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏၊၊
၁၄ ပုပ်စပ်ခြင်းအား၊ သင်သည်ငါ့အဘဖြစ်၏ ဟူ၍င်း၊ တီကောင်အား သင်သည် ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍ ၎င်းငါဆိုရ၏၊၊
၁၅ သို့ဖြစ်၍ အဘယ်သို့ ငါမြော်လင့်ရသနည်း၊၊ ငါမြော်လင့်စရာ အကြောင်းကို အဘယ်သူမြင်ရသနည်း၊၊ထိုအကြောင်းသည် မရဏာနိုင်ငံအထဲသို့ဝင်၍ ငါနှင့်အတူ မြေမှုန့်၌နှိမ့် ချလျက်နေရမည်ဟု မြွက်ဆို၏၊၊
၊ယောဘဝတ္တု ၁၇း၁၃-၁၅
လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည်အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
အိုင် ရေပြတ်သကဲ့သို့င်း၊ မြစ်ရေခန်းခြောက်သကဲ့သို့င်း၊
လူသည်အိပ်ပြီးမှနောက်တဖန်မထရ။ မိုဃ်းကောင်းကင် မကုန်မဆုံးမှီတိုင်အောင် မနိုးရ၊၊ အအိပ်အပျော်မပျက်ရ။
ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချို၎င်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီ တိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။
လူသည် သေလျှင်အသက်ရှင် ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံ လျက်နေပါမည်။၊ယောဘဝတ္တု ၁၄-၁၀-၁၄
ငါ၏လူတို့လာကြ။ အတွင်းအခန်းထဲသို့ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ၊၊ အမျက်ကာလ လွန်သည် တိုင်အောင် ခဏသာပုန်းရှောင်၍ နေကြလော့၊၊ဟေရှာယအနာဂတ္တိကျမ်းး၂၀
မှောက်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊ သေခြင်းအရိပ်ဖြစ်စေသော ညဥ့်ကဲ့သို့တခဲနက်မိုက် သဖြင့် အလင်းပင်မှောက်မိုက် သက်သက် ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်း မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသော ပြည်သို့အကျွန်ုပ် သွား၍ မရောက်မှီ၊ သက်သာခြင်း၊ အနည်းငယ်ရှိပါမည်အကြောင်း နေတော်မူပါ၊၊ အကျွန်ုပ်ကိုတတ်တိုင်းရှိစေတော်မူပါဟု မြွက်ဆို၏၊၊၊ယောဘဝတ္တု ၁၀း၂၀-၂၁
သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော။ အင်္ချိုင်းသားတို့သည် ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ သစ္စာတော်ကို ပျက်စီးရာ အရပ်၌၎င်း ကြားပြောရကြပါမည်လော။
အံ့ဘွယ်သောအမှုတို့ကို မှောင်မိုက်သောအရပ်၌၎င်း၊ ဖြောင့်မတ်တော်မူ ခြင်းတရားကို မေ့လျော့ရာပြည်၌၎င်း သိရကြပါမည်လော။ဆာလံကျမ်း
၈၈း၁၀-၁၂
အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင် တော်မူပါ၊၊ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ၊၊ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းကို ရောက်ရပါမည်၊၊ဆာလံကျမ်း ၁၃း၃
သူတို့သည် ပျော်မွေ့ကြမည်အကြောင်းနှင့် နောက်တဖန်မနှိုးဘဲ အစဉ်မပြတ်အိပ်ပျော်မည့် အကြောင်း၊ သူတို့ သည်ရွှင်လန်းအားကြီးသောအခါ သောက်စရာတို့ငါတိုက်၍ ယစ်မူးစေမည်၊ယေရမိအနာဂတ္တိကျမ်း ၅၁း၃၉
ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက်ရှင်ခြင်းနှင့်င်း၊ အချို့တို့ကား၊ ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်င်း၊ နိုးကြလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၁၂း၂
ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတား နိုင်သနည်း၊၊
ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကိုသိတော်မူ၏၊၊ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏၊၊
သို့သော်လည်းရိုင်းသော မြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ လူမိုက်သည် ပညာ သတိရလိမ့်မည်၊၊
သင်သည်စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကိုဘုရားသခင်ထံတော်သို့ဆန့်လျှင်င်း၊
သင်ပြုသော ဒုစရိုက် ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊ယောဘဝတ္တု ၁၁း၁-၁၄
သသော သူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
ခရစ်တော်သည် ထမြောက်တော်မမူ လျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
ထိုမျှမက၊ ငါတို့သည် ဘုရား သခင်၏ အမှုမှာ မမှန်သောသက်သေခံဖြစ်ကြ၏။
အကြောင်းမူကား၊ သေလွန်သော သူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ။ ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော် လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။
ထိုမှတပါး၊ ခရစ်တော်ကိုယုံကြည်၍ အိပ်ပျော်သော သူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
ငါတို့သည် ခရစ်တော်ကိုအမှီပြု၍ ယခုဘဝ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသောသူ အပေါင်းတို့ထက်သာ၍ ဆင်းရဲသောသူဖြစ်ကြ၏။
ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။
သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။
လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၁၂-၂၃
ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကိုကွပ်မျက်သော အမှုကိုရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။တမန်တော်ဝတ္ထု ၇း၆၀
လူသည် သေလျှင်အသက်ရှင် ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံ လျက်နေပါမည်။
အကျွန်ုပ်ကိုခေါ်တော်မူပါ၊၊ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်းစိတ်ရှိတော်မူပါ။၊ယောဘဝတ္တု ၁၄း၁၄-၁၅
ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်း မည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကိုမသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၄ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။
၁၅ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။
၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။
၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
၁၈ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၃-၁၈
မိုဃ်းကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်း တို့သည် မိမိတို့နေရာ အရပ်မှရွေ့ကြ၏။
လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊
ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။
အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်း ဟုပြောဆိုကြ၏။ဗျာဒိတ်ကျမ်း ၆း၁၄-၁၇
အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။
ဆာလံကျမ်း ၁၇း၁၅
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင် ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကား သံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင် ရောက်လျက်ရှိ၏။
အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။
သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်း အခွင့်ကိုလည်း အပ်ပေးတော်မူ၏။
ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊
ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။
ငါသည် ကို်ယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည်ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်း သည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ် တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၂၄-၃၀
ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်၊၊ ငါ၏အသေကောင်တို့သည်လည်း ထမြောက်ကြ ပါလိမ့်မည်၊၊ မြေမှုန့်၌နေသော သူတို့၊ နိုး၍သီချင်းဆိုကြလော့၊၊ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ ကို ပေါက်စေသောနှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်၊၊ဟေရာယအနာဂတ္တိကမ်း ၂၆း၁၉
နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်။
သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
ယခုမျက်မှောက် ပုတ်တတ်သောအရာသည် ပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။
ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။
အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ် တရားပေတည်း။ကောရိ န္တု သြဝါဒစာပဌမစောင် ၁၅း၅၁-၅၆
သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။
ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၁၅-၁၈

Tuesday, June 18, 2019

ရှင်ပေတရုသြဝါဒစာပဌမစောင်

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၂
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၃
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၎
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၅

ရှင်ပေတရုသြ ဝါဒစာဒုတိယစောင်

ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၁
ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၂
ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၃

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁

၁-၂ ယေရှုခရစ်၏ တမန်တော်ပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏အသွေးတော်နှင့် ဖြန်းခြင်း ကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော်ဘုရား သခင်၏ အနာဂတံသ ဥာဏ်တော်အတိုင်း ရွေးကောက်တော်မူ သောသူတည်းဟူသော ပုန္တုပြည်၊ ဂလာတ် ပြည်၊ ကပ္ပဒေါကိပြည်၊ အာရိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသောဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။
၎-၅ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူ သော သင်တို့အဘို့ ကောင်းကင်ဘုံ၌သိုထားလျက်ရှိသော အမွေတည်း။
၆-၇ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်း သောအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့် ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။
 အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေ တော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။         
 ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
 စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။
၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။
၁၃ သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသော အခါ၊ သင်တို့ဆီသို့ ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။
၁၄ အထက်ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သေ တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင် တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊
၁၅ သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။
၁၆ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြ လော့ဟု ကျမ်းစာလာသတည်း။
၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော် ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့။
၁၈ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ် သောဥစ္စာနှင့် သင်တို့ကိုရွေး တော်မူသည်မဟုတ်။
၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကိုသိမှတ်ကြလော့။
၂၀ ထိုခရစ်တော်ကား ဤကမ္ဘာ မတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကိုယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။
၂၁ သင်တို့သည် ဘရားသခင်ကိုထောက်လျက် ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။
၂၂ သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်။
၂၃ မဖောက်ပြန် မပျက် ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်း အလိုငှါ၊ စိတ်ထဲမှာ သမ္မာတရား ကိုနားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။
၂၄ လူမျိုးရှိသမျှသည် မြက်ပင် ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်းကြွေတတ်၏။
၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၂

၁-၃ ထိုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍ အမျိုးမျိုး သော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သောစိတ် ရှိကြလော့။
 လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက် ကျောက်မြတ်တည်း ဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊
 အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်းဖြစ်ကြ၏။
 ထိုသို့နှင့် အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သောတိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာ ဟုလာသတည်း။
 သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူတို့၌ကား၊ တိုက်ကို တည်လုပ် သော သူများပယ်ထားသောကျောက်သည် နောက်တဖန် တိုက်ထောင်အထွဋ်အဖျားသို့ ရောက်ပြန်၏။
 နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍လဲသောသူတို့သည် ထိမိ၍လဲစရာ ကျောက်၊ မှားယွင်း စရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့်တွေ့စေခြင်းငှါ ထိုသူတို့ကိုခန့်ထား တော်မူသတည်း။
 သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများ ကိုဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
၁၀ အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏အပေါင်းအသင်း ဖြစ်ကြ၏။ ကရုဏာကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင်ခံရကြ၏။
၁၁ ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
၁၂ သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင် ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရ၍ှု ဘုရားသခင်ကို  ချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။
၁၃ ဘုရားသခင်၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ၎င်း၊
၁၄ ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
၁၅ အကြောင်းမူကား၊ သင်တို့သည် ကောင်းသော အကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။
၁၆ လူလွတ်ဖြစ်သော်လည်း လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ကျင့်နေကြလော့။
၁၇ ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။
၁၈ အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြ လော့။ သခင်သည် စိတ်ကောင်း၍ ဖြေးညှင်းသောသဘော ရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘော ရှိသည်ဖြစ်စေ ဝန်ခံကြလော့။
၁၉ အကြောင်းမူကား၊ ဘုရားသခင်၏ မျက်နှာတော်ကိုထောက်၍၊ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။
၂၀ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာ ပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။
၂၁ အကြောင်းမူကား၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။
၂၂ ထိုသခင်သည် ဒုစရိုက်ကိုမပြူ။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။
၂၃ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော် မူ၏။
၂၄ ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ ဒဏ်ချက်တော်များအား ဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။
၂၅ သင်တို့သည် အထက်ကလမ်းလွဲ၍ ပျောက်သောသိုးကဲ့သို့ ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်းဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှု့တော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၃

 အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
 သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော် လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူပါမည်အကြောင်းရှိ၏
 သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်း ဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊
 ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ ကြလော့။
၅-၆ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်း သော မိန်းမတို့သည် ရှေးကထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို  ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။
 ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူ ကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။
 အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။
 သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ ခေါ်တော်မူသောသူဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်း ကိုပြုကြလော့။
၁၀ အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့်ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသာစကားကိုမပြောစေနှင့်။
၁၁ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတပါးနှင့် အသင့်အတင့်နေခြင်း ကိုရှာ၍ မှီအောင်လိုက်စေ။
၁၂ အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော် မူ၏။ ဒုစရိုက်ပြုသောသူတို့ကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။
၁၃ သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။
၁၄ ဖြောင့်မတ်ခြင်းတရာကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာ ရှိကြ၏။ သူတို့၏ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။
၁၅ စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရား သခင်ကို ရိုသေခြင်းရှိကြလော့၊ သင်တို့မြော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သော သဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။
၁၆ ခရစ်တော်၌ သင်တို့ကျင့်သောအကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင်ရှက်ကြောက်ခြင်း ရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက် နေကြလော့။
၁၇ ဘုရားသခင့်အလို တော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက်သာ၍ကောင်း၏။
၁၈ ခရစ်တော်သည် ကိုယ်ခန္ဓွာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော် မူ၏။
၁၉ ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍ ယခု ထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား  တရားဟောတော်မူ၏။
၂၀ ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌၊ နီးသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ်ဖြစ်သတည်း။
၂၁ ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံ သည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကိုကယ်တင် တတ်၏။ ဗတ္တိဇံ ဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။
၂၂ ထိုသခင်သည် ကောင်းကင်ဘုံသို့ကြွတော်မူသည် ဖြစ်၍၊ ကောင်းကင်တမန်အစရှိသော အာဏာစက်တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရှိတော်မူ၏။

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၎

 ထိုသို့ ခရစ်တော်သည် ကိုယ်ခန္ဓွာတော်၌ ငါတို့အတွက်ခံတော်မူသည် မှန်သောကြောင့်၊ သင်တို့ လည်း ထိုသို့သောသဘောကို လက်နက်ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓွာ၌ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊
 နောက်တဖန် သူတို့၏တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓွာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။
 သာသနာပလူတို့၏ အလိုသို့လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ၏။ 
 ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည်အရာကို သူတို့သည် အံ့သြ၍ ကဲ့ရဲ့တတ်ကြ၏။
 သို့ဖြစ်၍၊ အသက်ရှင်သောသူတို့ကို၎င်း၊ သေသောသူတို့ကို၎င်း တရားစီရင်ခြင်းငှါ အသင့်ရှိတော်မူသော သူရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့။
 ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓွာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင် မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။
 ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြ လော့၊ ဆုတောင်းခြင်းအလိုငှါ စောင့်နေကြလော့။
 အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီး သော ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။
 မြည်တမ်း ခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့။
၁၀ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။
၁၁ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှား စေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင် ။
၁၂ ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဘွယ်သော အရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့သြခြင်းမရှိကြနှင့်၊
၁၃ သင်တို့သည် ခရစ်တော်၏ ဆင်းရဲကိုဆက်ဆံကြ သည်ဖြစ်၍ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင်ဝမ်းမြောက် ကြလော့။
၁၄ ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ် တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။
၁၅ လူအသက်ကိုသတ်သောအပြစ်၊ သူ့ဥစ္စာကိုခိုးသောအပြစ်၊ ဒုစရိုက်ကို ပြုသောအပြစ်၊ သူတပါးအမှု၌ ရောနှော သောအပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်။
၁၆ ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား ရှက်ကြောက် ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းစေ။
၁၇ ဘုရားသခင်၏ အိမ်တော်သား တို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသောအချိန်ရှိပြီ။ ငါတို့ကိုရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ဧဝံဂေလိတရား စကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း။
၁၈ ဖြောင့်မတ်သောသူသည် ကယ်တင် ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။
၁၉ ထိုကြောင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသောအသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့အသက်ဝိညာဉ်ကို အပ်နှံကြစေ။