And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God. And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.Revelation 15'1-2
Saturday, February 2, 2019
မြဲမြံသောအနာဂတ္တိစကားတော်
၁။သမ္မာကျမ်းစာရှိသမျှသည် ဘယ်နည်းအားဖြင့်ဖြစ်လာသနည်း။
ကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍ ။တိမောသေသြ၀ါဒစာဒုတိယစောင်
၃း၁၆။
၂။ သမ္မာကျမ်းစာသည် အဘယ်ကျေးဇူးကိုပြုတတ်သနည်း။
ဘုရားသခင်၏လူသည်စုံလင်သောသူ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူဖြစ်
မည်အကြောင်း၊သြ၀ါဒပေးခြင်း၊အပြစ်ကိုဖေါ်ပြခြင်း၊ဖြောင့်မတ်စွာပြုပြင်ခြင်း၊တရားကိုသွန်သင်ခြင်း၊ကျေးဇူး
များကိုပြုတတ်သည်။တိမောသေသြ၀ါဒစာ ဒုတိယစောင် ၃း၁၇။
၃။ ဖေါ်ပြတော်မူသောအရာတို့သည် မည်သူတို့၏ အငန်းအတာဖြစ်သနည်း။
မထင်ရှားသောအရာတို့သည်ငါ့တို့ဘုရားသခင်ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ဖေါ်ပြတော်သော
အရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့်ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍ ဤပညတ်တရား
စကားအလုံးစုံတို့ကို စောင့်ရှောက်ရမည့် အကြောင်းတည်း။ တရားဟောရာကျမ်း ၂၉း၂၉။
၎။ ဘုရားသခင်သည် မိမိ၏နက်နဲသောအရာတို့ကို လူတို့အားဘယ်နည်းအားဖြင့် ဖေါ်ပြသနည်း။
အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ
စီရင်တော်မမူ။ အာမုတ်အနာဂတ္တိကျမ်း ၃း၇။
၅။ ဓမ္မဟောင်းကျမ်း ၏ အနာဂတ္တိစကားသည်ဘယ်နည်းအားဖြင့် ဖြစ်သနည်း။
အကြောင်းမူကား အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ် ၊ဘုရားသခင်၏သန့်
ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ဟောပြောကြ၏။ ရှင်ပေတရု
သြ၀ါဒစာ ဒုတိယစောင် ၁း၂၁။
၆။ ပုရောဖက်များတို့သည် မည်သူ၏၀ိညာဉ်အားဖြင့်ဟောပြောသနည်း။
ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည်စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍သင်တို့ခံရသော
ကျေးဇူးတော်အကြောင်းကိုဟောပြောကြပြီ။ခရစ်တော်ခံတော်မူရသောဆင်းရဲကို၎င်း၊ဆင်းရဲခံပြီးမှဝင်စား
တော်မူရသောဘုန်းစည်းစိမ်ကိုလည်းကောင်း၊သူတို့အထဲ၌ရှိသောခရစ်တော်၏၀ိညာဉ်သည်သက်သေခံ
နှင့်သောအခါအဘယ်မည်သောသူကိုလည်းကောင်း၊အဘယ်သို့သောအချိန်ကာလကိုလည်းကောင်းဆိုလို
တော်မူသည်ဟုမေးမြန်းရှာဖွေကြ၏။ ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၁း၁၀-၁၁။
၇။ အဘယ်အရာကိုသတိပြု၍မှတ်ထားဖို့ရန် ကျွန်ုပ်တို့ကိုဆုံးမထားသနည်း။
သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည်ငါတို့၌ရှိသေး၏။စိတ်နှလုံးထဲ၌ အာရုံတတ်၍ကြယ်နီပေါ်ထွန်း
သည့်ကာလတိုင်အောင်ထိုအနာဂတ္တိစကားတော်ကိုမှောင်မိုက်အရပ်၌ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍
သင်တို့သည်အမှီပြုသင့်ကြ၏။ ရှင်ပေတရုသြ၀ါဒစာ ဒုတိယစောင် ၁း၁၉။
၈။ အနာဂတ္တိစကားတော်တို့ကို ဂရုပြုသောသူတို့သည် ခရစ်တော်ကြွလာတော်မူသောအခါအဘယ်ကဲ့သို့
ရှိကြမည်နည်း။
သို့သော်လည်း ညီအကိုတို့ထိုနေ့ရက်သည်သူခိုးကဲ့သို့သင်တို့အပေါ်သို့ရောက်လာမည်အကြောင်း သင်
တို့သည်မှောင်မိုက်၌ နေကြသည်မဟုတ်။ သက်သာလောနိတ်သြ၀ါဒစာပဌမစောင် ၅း၎။
၉။ ဒံယေလအနာဂတ္တိကျမ်းနှင့်ပါတ်သပ်၍ခရစ်တော်သည်အဘယ်သို့ဖေါ်ပြ ပြောဆိုသနည်း။
ထို့ကြောင့် ပရောဖက်ဒံယေလဟောသည့်အတိုင်းဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည်သန့်ရှင်ေးသာ
အရပ်ဌာန၌စိုက်နေသည်ကိုသင်တို့မြင်ရလျှင်ကျမ်းစာကိုကြည့်သောသူသည်နားလည်ပါစေ။ ရှင်မဿဲ
ခရစ်ဝင် ၂၄း၁၅။
၁၀။ ဒံယေလအနာဂတ္တိကျမ်းကိုဘယ်ကာလအဖို့အထူးစီရင်ရေးထားသနည်း။
သင်ဒံယေလမူကား အမှုကုန်ရသည့်ကာလတိုင်အောင် ဤစကားတော်တို့ကိုပိတ်၍စာစောင်ကိုတံဆိပ်
ခတ်ထားလော့။ အများသောသူတို့သည်ထိုစာကိုကြည့်ရှုသောအားဖြင့်ပညာတိုးပွားလိမ့်မည်။ဒံယေလ
အနာဂတ္တိကျမ်း ၁၂း၎။
၁၁။ အဘယ်သူတို့အဖို့ဒံယေလအနာဂတ္တိကျမ်း ကိုပိတ်ထားသနည်း။
မတရားသောသူတို့သည်မတရားသဖြင့်ပြု၍တစ်ယောက်မျှနားမလည်ရ။ ဒံယေလအနာဂတ္တိကျမ်း ၁၂း၁၀။
၁၂။ ထိုအနာဂတ္တိကျမ်းကိုနားလည်သောသူ၇ှိသလော။
ပညာရှိသောသူတို့မူကား နားလည်ကြလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၁၂း၁၀။
၁၃။ အဘယ်ဥပမာအားဖြင့် ခရစ်တော်သည်ဤလူနှစ်စားတို့ကိုခွဲခြား၍ဖေါ်ပြသနည်း။
ထိုအခါကောင်းကင်နိုင်ငံတော်သည်ကား၊မင်္ဂလာဆောင်လုလင်ကိုခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကိုကိုင်ယူ
၍ထွက်သွားသောသတို့သမီးတကျိတ်နှင့်တူ၏။ထိုသတို့သမီးတို့တွင်ငါးယောက်သည်ပညာသတိရှိကြ၏။
ငါးယောက်မူကားအမိုက်ဖြစ်၏။မိုက်သောသူတို့သည်မီးခွက်တို့ကိုသာယူ၍ဆီကိုမယူကြ။ပညာသတိ၇ှိသော
သူတို့မူကားမီးခွက်နှင့်တကွဘူး၌ပါသောဆီကိုလည်းယူကြ၏။မင်္ဂလာဆောင်လုလင်သည်မလာဘဲနေစဉ်
ထိုသတို့သမီးအပေါင်းတို့သည်ငိုက်၍အိပ်ပျော်ကြ၏။
သန်းခေါင်ယံ၌ကြည့်ပါ။မင်္ဂလာဆောင်လုလင်သည်လာပြီ။ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟုကြွေး
ကြော်လျှင်ထိုသတို့သမီးအပေါင်းတို့သည်ထ၍မီးခွက်များကိုပြင်ဆင်ကြ၏။မိုက်သောသူတို့ကငါတို့ဆီမီးသေ
ပါပြီ။သင်တို့ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အားတောင်းကြ၏။ပညာရှိသောသူတို့ကလည်း
သင်တို့အဘို့နှင့်ငါတို့အဘို့ဆီမလောက်။ထို့ကြော်င့်ဆီရောင်သောသူရှိရာသို့သွား၍ကိုယ်သုံးဖို့ဝယ်လျှင်သာ
၍ကောင်းသည်ဟုပြန်ပြောကြ၏။ထိုသူတို့သည်ဆီသွားဝယ်သည့်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်
လာ၍အသင့်ရှိသောသတို့သမီးတို့သည်လုလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျှင်တံခါးကိုပိတ်ထား၏။ထို့နောက်
ကြွင်းသောသတို့သမီးတို့သည်လာ၍အရှင်၊အရှင် ကျွန်မတို့အားတံခါးကိုဖွင့်ပါဟုတောင်းလျှောက်ကြသော်
အရှင်ကလည်းငါအမှန်ဆိုသည်ကား သင်တို့ကိုငါမသိဟု ပြန်ပြောလေ၏။သို့ဖြစ်၍လူသားသည်ကြွလာအံ့
သောနေ့ရက်၊အချန်နာရီကိုသင်တို့သည်မသိသောကြောင့်စောင့်နေကြလော့။ရှင်မဿဲခရစ်ဝင် ၂၅း၁-၁၃။
၁၄။ အမှုကိုရသည့်ကာလအဖို့အဘယ်ကျမ်းကိုပေးထားသနည်း။
ကာလအချိန်ရောက်လုနီးပြီဖြစ်၍ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဖတ်ရွတ်နားထောင်၍ရေးထားသမျှ
တို့ကိုစောင့်ရှောက်သောသူတို့သည်မင်္ဂလာရှိကြ၏။ဗျာဒိတ်ကျမ်း ၁း၃။
တဖန်တုံငါ့အားမိန့်တော်မူသည်ကားဤစာစောင်၏ အနာဂတ္တိစကားကိုတံဆိပ်မခတ်နှင့်။အကြောင်းမူကား
ကာလအချိန်ရောက်လုနီးပြီ။ဗျာဒိတ်ကျမ်း ၂၂း၁၀။
၁၅။ ဗျာဒိတ်ကျမ်းကိုကြားသိရန်အဘယ်သူကိုသတိပေးနှိုးဆော်သနည်း။
ဝိညာဉ်တော်သည်အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကားကြား
ပါစေဟု မိန့်တော်မူ၏။ ဗျာဒိတ်ကျမ်း ၃း၂၂။
၁၆။ ဗျာဒိတ်ကျမ်းတွင်ပါသောသြ၀ါဒအချက်များကိုလိုက်နာသောသူတို့သည်ဘာအကျိုးရမည်နည်း။
ငါသည်အလျှင်အမြန်လာမည်။ဤစာစောင်၏အနာဂတ္တိစကားကိုစောင့်ရှောက်သောသူသည်မင်္ဂလာရှိ၏။
ဗျာဒိတ်ကျမ်း ၂၂း၇။
